Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 22, 2014

ဘုန်းကြီးကျောင်းဝင်းအတွင်း သံဃာတော်အား တိုက်မိပြီးမောင်းနှင် ထွက်ပြေး



ဘုန်းကြီးကျောင်းဝင်းအတွင်း သံဃာတော်အား တိုက်မိပြီးမောင်းနှင် ထွက်ပြေးသွားသူ ယာဉ်မောင်းအား အရေးယူ စုံစမ်းလျက်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

၂၁.၁၂.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ (၃)၀ိုင်း ဘုန်းကြီးကျောင်းဝင်းပတ်လမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာသော မော်တော်ယာဉ် (ယာဉ်မောင်း/ယာဉ်အမျိုးစား/ ယာဉ်အမှတ်-စုံစမ်းဆဲ)သည် သာသနာ့ဝံသ ကျောင်းရှေ့အရောက် ယာဘက်လမ်းစပ်တွင်ရှိနေသော မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ်မှ ခေတ္တရောက်ရှိ သီတင်း သုံးနေသည့် သံဃာ ဦးသုမန၊ သက်တော်(၃၆)နှစ်အား တိုက်မိခဲ့ပြီး မောင်းနှင်ထွက်ပြေး သွားခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ဦးသုမနမှာ ခန္ဓာကိုယ်၌ ပေါက်ပြဲ သွေးထွက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် ပျံလွန်တော် မူသွားခဲ့ပါသည်။

ယင်းသို့ မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင်ထွက်ပြေး သွားသူ ယာဉ်မောင်းအား တောင်ဥက္ကလာပမြို့မရဲစခန်း ယာဉ်(ပ)၅၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment