အကယ်ဒမီရွှေကြိုစာ ရင်းဝင် အောင်ထွဋ်စံသည် နောက်ဆုံးရွေးချယ် ခံရသူ အယောက်၂ဝထဲမှ နုတ်ထွက်လိုက် ကြောင်း ကာယကံရှင်ထံမှ သိရသည်။
အဆိုပါ နုတ်ထွက်ရခြင်းအကြောင်း နှင့်ပတ်သက်၍ ကာယကံရှင်ကိုအောင်ထွဋ်စံ က
ပြောပြရာမှာ ”ကျွန်တော်ရွှေကြိုအဖြစ်က နုတ်ထွက်လိုက်ရတဲ့ အကြောင်းကတော့
ရွှေကြို ရွေးချယ်ရေးအဖွဲ့ကို ‘ပစ်စာ’ရောက်တဲ့ အ ကြောင်းပါ။
ပစ်စာရဲ့အကြောင်းအရာကို အန် တီဆွေဇင် ထိုက်နဲ့တွေ့တော့မှ သိရပါတယ်။
ပစ်စာထဲမှာ ကျွန်တော်က မချိုချို(တောင်ဒဂုံ) ဆီက သိန်း ၄ဝချေးထားပါတယ်။
သက်သေ လက်မှတ်နေရာမှာ ကျွန်တော့်မိန်းမ မဂျူးဂျူး ဆိုသူက
လက်မှတ်ထိုးထားတယ်။ အဲဒီငွေချေး စာရွက်ထဲက လက်မှတ်ကလဲ ကျွန်တော့်လက်
မှတ်မဟုတ်ပါဘူး။ ကျွန်တော့်ကို ရွှေကြိုအဖွဲ့ က ဒီကိစ္စကို
လာရှင်းလို့ခေါ်တော့ ကျွန်တော် ရှင်းပြပါတယ်။ ကျွန်တော့်မှာ မိန်းမမရှိဘူး။
မချိုချိုကိုလဲ မသိဘူးလို့ရှင်းပြတယ်။ ဒါက ပစ် စာအတု၊ စာချုပ်အတုပါလို့
ကျွန်တော်ရှင်းပြပါ တယ်။ အဲဒီမှာ အကဲဖြတ်တစ်ဦးက အဲဒါမင်းကိစ္စ
ငါတို့နဲ့မဆိုင်ဘူး။ မင်းထွက်မလား၊ ငါတို့ကပဲ လူသိရှင်ကြား ကြေညာရ
မလားဆိုပြီး ပြောပါ တယ်။ အကဲဖြတ်တွေ အကုန်လုံး ကျွန်တော့် ကိုထွက်ဖို့
သိမ်းသွင်းကြပါတယ်။ နောင်ကျမှ ကျွန်တော်သိလိုက်ရတာက ကျွန်တော့်နေရာ မှာ
လူစားသွင်းပြီး အင်္ကျီအဝတ်အစားတွေပါ တိုင်းပြီးပြီဆိုတာ သိလိုက်ပါတယ်။
ကျွန်တော် လဲ သိက္ခာမကျချင်တာကြောင့် ကျွန်တော့်ဆန္ဒ မပါဘဲ ထွက်ခဲ့ပါတယ်။
အခြေအမြစ်မရှိတဲ့ စာ ရွက်တစ်စောင်ကိုကိုင်ပြီး စစ်ဆေးခြင်းလဲ မလုပ် ဘဲ
ကျွန်တော့်ကို ထွက်ဖို့ကိုပဲဖိအားပေးကြ ပါတယ်။
ပြီးတော့
ဦးမြတ်ခိုင်၊ ဦးဝင်းငြိမ်း၊ ကိုမျိုး(မြန်မာစာ)တို့က ကျန်းမာရေးတစ်ခုခု
အကြောင်းပြပြီးထွက်ရင် မင်းသိက္ခာကျသက် သာမယ်။ ဒါကိုအသုံးချပြီး
မင်းသိက္ခာမင်းဆယ် ပါလို့လဲ ပြောပါတယ်။
ကိုမျိုး(မြန်မာစာ)က
အခန်းဝမှာ ခေါ်ထားတဲ့ သူ့သတင်းသမားတွေ ကိုခေါ်ပြီး ကျွန်တော့်ကို
ကျန်းမာရေးကြောင့် ထွက်ရကြောင်းပြောပါဆိုလို့ ပြောခဲ့ရပါတယ်” ဟု
ထုတ်ပယ်ခံရသူကိုအောင်ထွဋ်စံက ပြော သည်။
Yangon Media Group
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 22, 2014
အကယ်ဒမီရွှေကြိုက နုတ်ထွက်ခဲ့ရပုံကို အောင်ထွဋ်စံရင်ဖွင့်
အကယ်ဒမီရွှေကြိုက နုတ်ထွက်ခဲ့ရပုံကို အောင်ထွဋ်စံရင်ဖွင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 22, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 22, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment