Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 22, 2014

ကွမ်းခြံကုန်းမြို့နယ်မှာ ဖခင်ဖြစ်သူမှ ဟန်းဆက်ဝယ်မပေးသဖြင့် အမျိုးသားတစ်ဦး ပိုးသတ်ဆေး သောက်၍သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၂၂

၂၁.၁၂.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် ကွမ်းခြံကုန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ်ဆေးရုံသို့ ကွမ်းခြံကုန်းမြို့နယ်၊ ဆင်တိုးရွာတွင်နေထိုင်သူ အမျိုးသားတစ်ဦး အဆိပ်သောက် သေဆုံးရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ကိုအောင်မြင့်မြတ်၊ (၂၀)နှစ်အား အဆိပ်သောက်သည့် လက္ခဏာဖြင့် သေဆုံးနေသည် ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၀၈၃၀ အချိန်ခန့်က လယ်တဲတွင်ရှိနေ သော မရီးတော်စပ်သူအား “ပိုတက်ဆေးသောက် လျင်သေတတ်သလား” ဟုမေးမြန်း ပြောဆိုခဲ့ကြောင်း၊ ခဏအကြာတွင် လယ်တဲအတွင်း၌ ပါးစပ်နှင့် နှာခေါင်းတို့၌ အမြှုပ်များထွက်နေသည်ကို တွေ့ရှိရ၍ မိသားစုမှ ဒေးဒရဲဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း၊ ၎င်းမှ ဖခင်ဖြစ်သူအား ဖုန်းဟန်းဆက် ၀ယ်ခိုင်းရာ ၀ယ်မပေးသဖြင့် ယင်းသို့ပိုးသတ်ဆေးသောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ကွမ်းခြံကုန်းမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၉/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment