ကရင်ပြည်နယ်၊
ကော့ကရိတ်ခရိုင်တွင် ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၁၈ရက် ညနေ ၅း၃၀အချိန်တွင် မြ၀တီ-
ကော့ကရိတ်သွား ကားလမ်းမိုင်တိုင်အမှတ် ၇၈/၀နှင့် ၇၈/၁ကြား
ဝါးစခန်းအနီးတွင် ယာဉ်တစ်စီး ချောက်ထဲသို့ပြုတ်ကျပြီး ယာဉ်ပေါ်ပါခရီးသည်များ
ဒဏ်ရာရရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ မြ၀တီမှကော့ကရိတ်သို့ ယာဉ်
မောင်း အောင်ဌေး(၃၇)နှစ်(ဘ)ဦးအောင်ရွှေသောင်း (ပအိုဝ်/ဗုဒ္ဓ)
၃/လဘန(နိုင်)၁၃၃၈၉၂ မောင်းလိုင်စင် ၁၂/၃၈၇/၁၁ ရွှေကုက္ကိုကျေးရွာ၊
မြ၀တီမြို့နယ်နေသူ မောင်းနှင်လာသော ခရီးသည်(၁၀)ဦးပါ ၂ခ/၄၁၃၁Mithy x
ခဲရောင် (လိုင်စင်မရှိ)ယာဉ်သည် မိုင်တိုင်အမှတ် ၇၉တွင်
ဘောဂွိုင်းကြွေသွားသဖြင့် ယာဉ်အားရပ်တန့်စေခဲ့ပြီး ယာဉ်မောင်း ဖြစ်သူ
အောင်ဌေးမှ ကော့ကရိတ်မြို့သို့ ယာဉ်ပစ္စည်း သွားရောက်ဝယ်ယူစဉ်
ယာဉ်နောက်လိုက်ဖြစ်သူ မျိုးဇော်(၂၈)နှစ် (ဘ)ဦးဥာဏ် မှတ်ပုံတင် မမှတ်မိ
ယာဉ်နောက်လိုက် (ယာဉ်နောက်လိုက်လိုင်စင်မရှိ)မှ တက်ရောက် မောင်းနှင်သဖြင့်
ယာဉ်မှာချောက်ထဲသို့ ပြုတ်ကျပြီး ယာဉ်ပေါ်ပါ ခရီးသည်(၁၀)ဦးအနက်
မောင်စန်း(၄၅)နှစ် မိုးမခကျေးရွာ၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးတိုင်းနေသူမှာ
ဝဲဒူးခေါင်းနာကျင်ဒဏ်ရာ(မစိုးရိမ်ရ)၊ မရီညွှန့်(၄၃)နှစ် မိုးခမကျေးရွာ၊
ညောင်လေးပင်မြို့နယ်၊ ပဲခူး တိုင်းနေသူမှာ ယာနဖူးပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊
အောင်ဆန်းဦး(၁၈)နှစ် ယာခြေခုံပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ မချိုမာ
(၂၀)နှစ် မိုးမခရွာ၊ ညောင်လေးပင်မြို့နယ်နေသူမှာ ကျောပြင်အောင့်၊
တင်လှိုင်ရွှေ(၅၀)နှစ် ခြောက်တိုင်ကျေးရွာ၊ တိုက်ကြီးမြို့နယ်၊
အိရွှေစင်(၁၂)နှစ်၊ ခြောက်တိုင်ကျေးရွာ၊ တိုက်ကြီးမြို့နယ် နေသူမှာ
ဝဲဘက်ပေါင်နှင့်ဆီးခုံ/ခါးပေါက်ပြဲဒဏ် ရာ (စိုးရိမ်ရ)၊ မရီမြင့်(၄၆)နှစ်
မိုးမခကျေးရွာ၊ ညောင်လေးပင်မြို့နယ် နေသူတို့မှ ဒဏ်ရာအသီးသီး ရရှိခဲ့သည်။
သို့ဖြစ်ပါ၍ ယာဉ်မောင်းမရှိခိုက်
ယာဉ်အားကျွမ်းကျင်စွာမောင်းနှင်နိုင်မှုမရှိဘဲ ပေါ့လျော့စွာ
မဆင်မခြင်မောင်းနှင် ခဲ့မှုကြောင့် ခရီးသည်များအား နာကျင်ဒဏ်ရာရရှိစေသူ
ယာဉ်နောက်လိုက်မျိုးဇော်အား ကော့ကရိတ်မြို့မရဲစခန်းမှ
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
MOI web portal myanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 22, 2014
ပျက်နေသောယာဉ်ကို စပါယ်ယာက တက်ရောက်မောင်းနှင်မှုကြောင့် ကားချောက်ထဲသို့ကျ
ပျက်နေသောယာဉ်ကို စပါယ်ယာက တက်ရောက်မောင်းနှင်မှုကြောင့် ကားချောက်ထဲသို့ကျ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 22, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 22, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment