မိမိနေအိမ်မီးလောင်နေရာမှ မီးတောက်လောင်တဲ့ မီးတောက်၊ မီး
ပွားတွေပေါက်ကွဲနေတာက ကြည့်လို့ကောင်းလို့ဆိုကာ မီးသတ် ကားမခေါ်ပဲ
တစ်အိမ်လုံးပြာကျသွားသည်အထိ ထိုင်ကြည့်နေခဲ့ရာမှ မိခင်ဖြစ်သူမီးထဲတွင်
သေဆုံးခဲ့မှုဖြင့် ဂျပန်နိုင်ငံ၊ ကာဂိုရှိမ မြို့တော် ကအသက် ၃၆
နှစ်အရွယ်ကလေးမိခင်တစ်ဦးကို ဖမ်းဆီးလိုက်ပါ တယ်။
အခင်းဖြစ်ပွားပုံမှာ နှစ်ထပ်နေအိမ်အောက်ထပ်မှ အသေးစားမီး
လောင်ကျွမ်းမှုအချက်ပြခြင်းကို ယင်းအမည်မသိ အမျိုးသမီးက ကြားကြားချင်း
တစ်ဦးတည်းခြံထဲဆင်းထွက်ပြေးခဲ့ပါတယ်။ ယင်း နောက် အိမ်ကို တဖြည်းဖြည်း
မီးလောင်စွဲလာတာက ကြည့်လို့ ကောင်းတဲ့အတွက် နေအိမ် ပထမထပ်မှာ
အိပ်ပျော်နေတဲ့သမီးဖြစ် သူနဲ့ မိခင်ဖြစ်သူတို့ ကိုမနှိုးပဲ သူမတစ်ယောက်တည်း
ထိုင်ကြည့် နေခဲ့တာပဲဖြစ်ပါတယ်။
ထိုသို့ အိမ်ရဲ့
နေရာတော်တော်များများလောင်ကျွမ်းလာခဲ့သည့် အ ချိန်မှ သမီးဖြစ်သူနိုးလာပြီး
မိခင်ကိုအသိစိတ်ဝင်အောင်ပြောဆိုခဲ့ပြီး အိမ်ထဲတွင် ကျန်ရှိခဲ့သည့် အသက် ၇၀
နှစ်အရွယ် ဖွားအေဖြစ်သူ ကို သွားရောက်လှုပ်နှိုးသော်လည်း
မည်သို့မျှနှိုးမရတဲ့အတွက်ချန် ထားခဲ့ကြရာ မီးလောင်ကြားထဲမှ
သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။
Phothutaw
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 22, 2014
နေအိမ်မီးလောင်တာကြည့်ကောင်းလို့ ထိုင်ကြည့်နေတဲ့ ဂျပန်အမျိုး သမီး မိခင်သေဆုံးမှုနဲ့အဖမ်းခံရ
နေအိမ်မီးလောင်တာကြည့်ကောင်းလို့ ထိုင်ကြည့်နေတဲ့ ဂျပန်အမျိုး သမီး မိခင်သေဆုံးမှုနဲ့အဖမ်းခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 22, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 22, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment