အမေရိကန်ပြည်ထောင်စုမှ စားသောက်ဆိုင်ဝိတ်တာလုပ်သားအမျိုးသမီးတစ်ဦးသည်
၎င်း၏ဆိုင်တွင် ပုံမှန်လာရောက်စားသောက်နေသည့် လင်မယားနှစ်ဦးထံမှ
ဘောက်ဆူးအဖြစ် ကားတစ်စီး လက်ဆောင်ရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက
ဒီဇင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။ မစ်ဆူရီပြည်နယ်၊ ဘရန်ဆန်မြို့ရှိ Cracker
Barrel စားသောက်ဆိုင်တွင် လုပ်ကိုင်နေသော စင်ဒီဂရက်ဒီဆိုသူ အမျိုးသမီးသည်
စားသုံးသူများအား ၀န်ဆောင်မှုပေးရာတွင် စေတနာရှိသောကြောင့် ၎င်းအား
ဖောက်သည်များက ချစ်ခင်နှစ်သက်ကြသည်။
ထိုအထဲတွင် ဆိုင်သို့ ပုံမှန်
လာရောက်စားသုံးသည့် ဂယ်ရီတက်ကက်နှင့် ရိုစန်တက်ကက်ဆိုသော
လင်မယားနှစ်ဦးလည်း ပါဝင်သည်။ မစ္စစင်ဒီသည် ဆိုင်သို့ အလုပ်လာဆင်းတိုင်း
ယာဉ်တိုက်မှုကြောင့် ပျက်စီးကာ ကားဘောနတ်ကို ကြိုးဖြင့်သိုင်းထားရသလို
ယာဉ်မောင်းဘက်ခြမ်းမှ မှန်မရှိ၍ ပလတ်စတစ်စအဖြူကို မှန်သဖွယ်
ဖုံးအုပ်ထားသည့် သူမ၏ ၂၀၀၂ မိုဒယ် Hyundai Accent ကားဖြင့်
လာရောက်လေ့ရှိသည်ကို မစ္စတာ ဂယ်ရီတက်ကက်တို့ လင်မယားက မြင်တွေ့ကာ
ကရုဏာသက်မိ၍ ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်က ၎င်းတို့၏ ၂၀၀၈ မိုဒယ် Ford Fusion
ကားကို ပေးအပ်ခဲ့ ခြင်းဖြစ်သည်။ မသန်စွမ်းသားတစ်ဦးရှိသူ မစ္စစင်ဒီမှာ
ခရစ္စမတ်လက် ဆောင်အဖြစ် ကားတစ်စီးရရှိခဲ့ခြင်းအပေါ် မယုံကြည်နိုင်လောက်အောင်
အံ့အားသင့်မိခဲ့ပြီးသူမအား မစ္စတာဂယ်ရီကိုယ်တိုင် ကားသော့ပေးကာ
မောင်းနှင်ခိုင်းခဲ့သလို ထိုဗီဒီယိုဖိုင်ကို မစ္စတာဂယ်ရီ၏သမီးက
အင်တာနက်ပေါ်တင်ခဲ့ရာ Like လုပ်သူ သိန်းနှင့်ချီ ရှိခဲ့သည်။
Ref: Today.com
Auto Mobile Journal
http://www.myanmarlatestnews.com/archives/93421
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 19, 2014
ဝိတ်တာတစ်ဦး ဘောက်ဆူးအဖြစ် ကားတစ်စီး လက်ဆောင်ရ
ဝိတ်တာတစ်ဦး ဘောက်ဆူးအဖြစ် ကားတစ်စီး လက်ဆောင်ရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 19, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 19, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment