Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 19, 2014

ကလေးမမွေးသော မိန်းမများကြောင့် ဂျပန်တွင် အကျပ်အတည်း ရှိနေရဟု ဝေဖန်


ရဲလွင်အောင်
တိုကျို ၊ ဒီဇင်ဘာ ၁၂
                 ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုများအား မြန်မြန်သေရန် ပြောဆိုခဲ့သည့် ဒုတိယ ၀န်ကြီးချုပ်လည်း ဖြစ်သလို ဘဏ္ဍာရေး ၀န်ကြီး တာဝန်ကိုလည်း ယူထားသည့် တာရို အဆိုက ဂျပန်၏ အဓိကပြဿနာ တစ်ရပ်မှာ ကလေး မမွေးသော မိန်းမများကြောင့် ဂျပန်တွင် အကျပ်အတည်း ရှိနေရခြင်း ဖြစ်ကြောင်း ဝေဖန်ပြောလိုက်ပြီ ဖြစ်သည်။
                   စကားကို လက်လွတ်စပယ် ပြောဆိုတတ်သည့် ဒုတိယ၀န်ကြီးချုပ် အဆိုက သက်ကြီး ရွယ်အိုများကြောင့် ဂျပန်၏ လူမှုဖူလုံရေး အသုံးစရိတ် မြင့်တက်နေသည် မဟုတ်ဘဲ ကလေးမမွေးသည့် မိန်းမများကြောင့်လည်း ဂျပန်၏ စီးပွားရေး ထိခိုက် နေရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဂျပန်ရှိ အမျိုးသမီး တစ်ဦးလျှင် ကလေး (၁ ဒသမ ၄) ဦး မွေးဖွားနေသောကြောင့် လူဦးရေ တိုးပွားမှုနှုန်း ကျဆင်း နေခဲ့သည်။
                     ယင်းကြောင့် သက်ကြီးရွယ်အို ဦးရေ တိုးပွားနေပြီး အခွန်ရရှိမှုနှုန်း ကျဆင်းလာခဲ့သည်။ ကလေးပြုစု စောင့်ရှောက် စရိတ် ကြီးမြင့်ခြင်း၊ ကလေး ရယူသော အမျိုးသမီးများသည် အလုပ်မှ ထွက်ရပြီး ကလေးမွေးဖွားပြီး နောက်တွင်လည်း အလုပ်ပြန် ရနိုင်ခြေ နည်းနေခြင်း တို့ကြောင့် ဂျပန် အမျိုးသမီးများသည် ကလေးရယူရန် တွန့်ဆုတ်နေကြခြင်း ဖြစ်သည်။
                လုပ်အား ဈေးကွက်တွင် အမျိုးသမီး ပိုမို ပါဝင်လာစေရေး အတွက် အမျိုးသမီးများ အလုပ်အကိုင် နှင့် မိသားစု ဘ၀ကြား ရွေးရခက်အောင် လုပ်မည့် ပြဿနာများ လျော့ကျသွားအောင် လုပ်ဆောင် ပေးမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအဘေးက ကတိပြု ပြောဆိုခဲ့ပြီး ဖြစ်သည်။
                ဒုတိယ ၀န်ကြီးချုပ်က စီးပွားရေး လုပ်ငန်းများသည် ကံမကောင်းသောကြောင့် သို့မဟုတ် ညံ့ဖျင်းသောကြောင့်သာ ထုတ်လုပ်နိုင်စွမ်းနည်း နေရခြင်း ဖြစ်ကြောင်း လွန်ခဲ့သော ရုံးပိတ်ရက်များတွင် ပြောဆိုခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်လျှင် ဂျပန်သည် နာဇီ ဂျာမနီထံမှ လေ့လာ သင်ယူရမည် ဖြစ်ကြောင်း ၄င်းက ယမန်နှစ် ဇူလိုင်တွင် ပြောဆိုခဲ့သည်။ ယင်းမတိုင်မီတွင်လည်း ၄င်းက အစိုးရ၏ ဆေးကုသစရိတ်များ သက်သာစေရေး အတွက် သက်ကြီး ရွယ်အိုများကို သေဆုံး ခွင့်ပြုသင့်ကြောင်း ပြောဆိုခဲ့သည်။
Source:AFP
http://www.messengernewsjournal.com/news/Inter/detail.php?id=28328

No comments:

Post a Comment