နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)၏ အစီအရင်ခံစာအရ ယခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ အနည်းဆုံးဂျာနယ် လစ် ၆၆ ဦး သတ်ဖြတ်ခံခဲ့ရပြီး သတင်းမီဒီယာအလုပ်သမား အ နည်းဆုံး ၁၇၈ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
ဂျာနယ်လစ်များ သတ်ဖြတ်ခံရမှုနှုန်းသည် ၂ဝ၁၃ ခုနှစ် စစ် တမ်းနှင့်
နိုင်းယှဉ်ပါက အရေအတွက် အနည်းငယ်လျော့ကျလာခဲ့ သော်လည်း အနောက်ဥရောပနှင့်
အာရပ်နိုင်ငံများတွင် ဂျာနယ်လစ် များ သတ်ဖြတ်ခံရမှုနှုန်းမှာ သိသိသာသာ
မြင့်တက်လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
RSF အဖွဲ့၏ နှစ်စဉ်အစီရင်ခံစာတွင် ဂျာနယ်လစ်များ ခေါင်း ဖြတ်သတ်ခံရခြင်းကဲ့သို့သော ဆိုးရွားသည့်ဖြစ်ရပ်မှာ ဖြစ်ခေါင့် ဖြစ်ခဲ ကြုံတွေ့ရသော ဖြစ်ရပ်များဖြစ်သည်ဟု ဖော်ပြခဲ့ပြီး ယင်း ဖြစ်ရပ်ကြောင့် တစ်ကမ္ဘာလုံးသို့ ထိတ်လန့်ချောက်ချားမှု ဖြစ်ပေါ် စေခဲ့သည်။
RSF အဖွဲ့သည် ၄င်းတို့၏ အစီရင်ခံစာတွင် ၂ဝ၁၄ ခုနှစ်အတွင်း ဂျာနယ်လစ်များ ပြန်ပေးဆွဲခံရမှု ဖြစ်ရပ်များ မြင့် တက်လာမှုကိုလည်း ရေးသားဖော်ပြထားခဲ့ပြီး အစီရင်ခံစာဖော် ပြချက်အရ ၂ဝ၁၄ ခုနှစ်တွင် ဂျာနယ်လစ်များ ပြန်ပေးဆွဲခံရသော ပမာဏသည် လွန်ခဲ့သောနှစ်ထက် ၃၇ ရာခိုင်နှုန်းအထိ မြင့်တက် လာကြောင်း သိရသည်။
Ref : TIMES
Yangon Media Group

No comments:
Post a Comment