၁၀ စုနှစ်ကျော်သည့်တိုင် ဂီတလောက၌ အောင်မြင်
နေသူ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်၏ အချစ်ရေး၊ အိမ်
ထောင်ရေးနှင့် ပတ်သက်၍ ခိုင်မာသည့် လူမှုရေးကောလာ
ဟလများ ထွက်ရှိရာ ၂၀၁၅ တွင် စိုင်းစိုင်းတစ်ယောက်
မင်္ဂလာဆောင်မည်ဟူသည့် သတင်းများလည်းထွက်ပေါ်
ရာ အဆိုပါသတင်း ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ စိုင်း
စိုင်းခမ်းလှိုင်က ““၂၀၁၅ ထဲမှာ အိမ်ထောင်ပြုမယ်ဆိုတာ
လုံးဝမဖြစ်နိုင်သေးပါဘူး။ ဒီကိစ္စကတော့ သေချာ ပါ
တယ်။ ကျွန်တော်ရဲ့ လူမှုရေး၊ အချစ်ရေးကိစ္စတွေနဲ့ပတ်
သက်ပြီး မဖြေချင်ပါဘူး ။ ဒါပေမဲ့ သတင်းမှန်တစ်ခုကတော့
ကျွန်တော့် အနေနဲ့ ကျွန်တော် လုပ်ဖော်ကိုင်ဖက် အဆို
တော် မင်းသမီးတစ်ယောက်ယောက်နဲ့တော့ လူမှုရေး
ပတ်သက်ဖို့လောလောဆယ် မရှိသေးပါဘူး””ဟူ၍ ဖြေ
ကြားသည်။
သို့သော်လည်း အနုပညာအသိုင်းအ၀ိုင်းမှ ၎င်းင်းနှင့်
ဆက်ဆံလုပ်ကိုင်နေသူအ ချို့ကဓာတ်ပုံသက်သေခံများ
ရှိသည်ဟူ၍ ပင်စနောက်ပြောဆိုမှုများရှိလာသည်ဟု
ဆိုသည်။ ယင်းအပြင် ၂၀၁၄ အကယ်ဒမီပေးပွဲကို တက်
ရောက်ရန်မသေချာကြောင်း၊ ၎င်းင်း၏ ဒိတ်ဒိတ်ကြဲ MTV
၂၈ ရက်တွင် ထွက်ရှိမည်ဖြစ်၍ လုံးပမ်းနေကြောင်း အ
မျိုး သမီး သရုပ်ဆောင်အနေဖြင့် ၀တ်မှုံရွှေရည်ကိုအကယ်
ဒမီရရှိမည်ဟုထင်ကြောင်း စိုင်းစိုင်းကဖြေကြားသည်။
နေနွယ် (သတင်း၊ ဓာတ်ပုံ)
(၁၈-၁၂-၂၀၁၄ ရက်ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာမှ)
Pyimyanmar

No comments:
Post a Comment