ဖုန်းငွေဖြည့် ကတ်များ ဖြည့်သွင်းသုံးစွဲသည့် အပေါ်တွင် အခွန်နှုန်းကောက်ခံ ရန်စီစဉ်နေကြောင်း တယ်လီနော (မြန်မာ)မှ သိရသည်။
ယင်းကဲ့သို့ အခွန်ကောက်ခံ ခြင်းကို လတ်တလောတွင် စတင် ကောက်ခံဦးမည်
မဟုတ်ဘဲ အခြား သော အော်ပရေတာများ ကောက်ခံ ပါက စတင် ကောက်ခံသွားမည်ဖြစ်
ကြောင်း အချိန်ကာလအတိအကျကို မပြောနိုင်သေးကြောင်း တယ်လီနော (မြန်မာ) ၏
အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောကြား ခဲ့သည်။
Mr.Petter Furberg က”စက် တင်ဘာလမှ ဒီ Tax ကို စကောက် ဖို့ အစိုးရက
ပြောခဲ့ပါတယ်၊ ဒါပေမဲ့ တယ်လီနောသုံးစွဲနေတဲ့ Customer တွေကို
စိတ်မညစ်စေချင်လို့ Tax ကိုတော့ လုပ်ခဲ့တယ်၊ ဒါပေမဲ့ Bonus အနေနဲ့
တယ်လီနောက ပြန်ပေးထား တာဖြစ်ပါတယ်၊ အခုကတော့ပေး စရာမလိုပါဘူး၊ ဒါပေမဲ့
အနာဂတ် မှာ ကုမ္ပဏီအကုန်လုံးက စည်းမျဉ်း တစ်ခုချပြီးလုပ်ရင် တယ်လီနောက
လဲကောက်ခံမှာပါ”ဟု ပြောကြား ခဲ့သည်။
အဆိုပါ ဖုန်းငွေဖြည့်ကတ်အ ပေါ်
အခွန်ကောက်ခံခြင်းနှုန်းကို ၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး အစိုးရ အနေဖြင့်
Commercial Tax (ရောင်း ဝယ် ဖောက်ကားခြင်းနှင့်ဆိုင်သော အခွန်)ဟု
သတ်မှတ်ထားကြောင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသော အများစုမှာ ယင်း Tax
တွင် အကျုံး ဝင်ကြောင်း အစိုးရအခွန်နှုန်းတစ် ခုလည်း ဖြစ်သည်ဟု သိရသည်။
ယခုနှစ် ဧပြီလ ၁ ရက်တွင်အ စိုးရမှ တယ်လီကွန်းကုမ္ပဏီများလည်း
အဆိုပါကော်မာရှယ် Tax တွင် ပါဝင် အကျုံးဝင်သည်ဟု ပြောဆိုထားခြင်း
မျိုးရှိသည်ဟု တယ်လီနော(မြန်မာ) ၏ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က
ပြောသည်။
တယ်လီနော (မြန်မာ)မှထုတ် လုပ်ထားသည့် ဖုန်းငွေဖြည့်ကတ်
အမျိုးအစားများမှာ ကျပ်တစ် ထောင်၊ သုံးထောင်၊ ငါးထောင်၊ တစ်
သောင်းတန်တို့ဖြစ်သည်။
လက်ရှိတွင် တယ်လီနော(မြန် မာ)မှ မန္တလေး၊
နေပြည်တော်၊ ရန်ကုန်တို့တွင် ကွန်ရက်ဖြန့်ကြက်ထား ပြီး ဆင်းမ်ကတ်အရေအတွက်
နှစ် သန်းကျော် သုံးစွဲလျက်ရှိကြောင်းသိ ရသည်။
PPT
Ref:Democracytoday
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 2, 2014
ဖုန်းငွေဖြည့်ကတ်များ ဖြည့်သွင်းသုံးစွဲသည့်အပေါ်တွင် အခွန်နှုန်းကောက်ခံရန် စီစဉ်နေ
ဖုန်းငွေဖြည့်ကတ်များ ဖြည့်သွင်းသုံးစွဲသည့်အပေါ်တွင် အခွန်နှုန်းကောက်ခံရန် စီစဉ်နေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 02, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 02, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment