မြန်မာနိုင်ငံကို တစ်ပါတီစနစ် အသက်သွင်းခဲ့သူ မြန်မာ့ ဆိုရှယ်လစ်
လမ်းစဉ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးနေဝင်းရဲ့ မိသားစုဝင်တွေက လာမယ့် ရွေးကောက်ပွဲမှာ
ဝင်ပြိုင်ရေး မပြိုင်ရေးကိစ္စကို ထုတ်ဖော် ပြောဆိုလိုက်ပါပြီ။
ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ မိသားစုတွေ ရွေးကောက်ပွဲ ဝင်ပြိုင်မလား။
ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ မိသားစုဝင်တွေဟာ လာမယ့် ၂၀၁၅ ခုနှစ်မှာ
ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့
ဦးနေဝင်းရဲ့ မြေးဖြစ်သူ ဦးအေးနေဝင်းက ပြောပါတယ်။
ဦးနေဝင်းရဲ့
မိသားစုဝင်တွေ အနေနဲ့ ပါတီတည်ထောင်ခြင်း မပြုတဲ့အပြင် တစ်သီးပုဂ္ဂလ
အဖြစ်လည်း ဝင်ရောက် ရွေးကောက်ခံမှာ မဟုတ်ဘူးလို့ သူက ထုတ်ဖော်ပြောဆိုပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့က ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်ရှိ သူရဲကောင်း ဗိမာန်မှာ
ပြုလုပ်တဲ့ ကိုလိုနီစနစ် အတွင်းနဲ့ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကာလတွေမှာ
နိုင်ငံတော် အချုပ်အခြာ အာဏာအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့
တပ်မတော်သားတွေကို အောက်မေ့ ဂုဏ်ပြုပွဲ အခမ်းအနားမှာ ဦးအေးနေဝင်းက အခုလို
ပြောဆိုလိုက်တာပါ။
ဦးအေးနေဝင်းလိုပဲ အရင်တပ်မတော် ထောက်လှမ်းရေး
အကြီးအကဲဟောင်း ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကလည်း
ပါတီနိုင်ငံရေး လုပ်မှာမဟုတ်ပဲ အမျိုးသားနိုင်ငံရေးပဲ လုပ်မယ်ဆိုပြီး
နေအိမ် အကျယ်ချုပ်ကနေ လွှတ်မြောက်လာပြီး နောက်ပိုင်းမှာ ပြောဆိုထားပါတယ်။
အရင်က တပ်မတော် ထိပ်ပိုင်း အာဏာရှိသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေ
လက်ရှိနိုင်ငံရေးမှာ ပါဝင်ခြင်း မရှိတာနဲ့ ပတ်သက်လို့ ဒီမိုကရေစီအရေး၊
တောင်သူလယ်သမားရေးတွေအရေး ဆောင်ရွက်နေတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ
ဦးဝင်းချိုက “ပါတီမထောင်ဘူး။ ရွေးကောက် မခံဘူးဆိုလို့ ဆိုတယ်။ ဒါက
အာဏာနိုင်ငံရေးမှာ တရားဝင် မပါချင်တဲ့သဘောပေါ့။ ဒါပေမဲ့ သူတို့ပါခြင်း၊
မပါခြင်းထက် အနာဂတ်နိုင်ငံတော်မှာ ဟိုအရင်ကတည်းက မေ့လျော့ခံ ထားရတဲ့
ပြည်သူတွေရဲ့ အခန်းကဏ္ဍ ပိုမိုပါဝင်ခွင့်ရှိဖို့က ပိုအရေးကြီးပါတယ်”လို့
မှတ်ချက်ပေးပါတယ်။
အရင်အစိုးရလက်ထက်မှာ ဖမ်းဆီးထိန်းသိမ်းခြင်း
ခံခဲ့ရပေမယ့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ မစဉ်းစား မဆင်ခြင်ဘဲ
ဖမ်းဆီးခဲ့မှုကြောင့် တပ်မတော်အပေါ် စိတ်ကွက်မှာ မဟုတ်ဘူးလို့ ဦးအေးနေဝင်းက
ပြောပါတယ်။
တပ်မတော်နေ့ ရောက်တိုင်း ကိုယ်အင်္ဂါချို့တဲ့
တပ်မတော်သားတွေကို နှစ်စဉ်နှစ်တိုင်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတယ်လို့
ဒီဇင်ဘာလ ၇ ရက်နေ့က ပြုလုပ်တဲ့ ကျဆုံးစစ်သည်တွေ အောက်မေ့ဂုဏ်ပြုပွဲ
အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
- See more at: http://thevoicemyanmar.com/index.php/news/item/4615-uan#sthash.DOtxJ0Ki.dpuf
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 8, 2014
ရွေးကောက်ပွဲမှာ ဦးနေဝင်း မိသားစု ဝင်ပြိုင်မလား
ရွေးကောက်ပွဲမှာ ဦးနေဝင်း မိသားစု ဝင်ပြိုင်မလား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 08, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 08, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment