Byနေလင်းထွန်း၊ ခန့်ထက်
နာမည်ကျော် မာလာဆောင်ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
တစ်ချိန်က နာမည်ကြီး အမျိုးသမီး အဆောင်များ ဖြစ်ခဲ့သော မာလာဆောင်နှင့် သီရိဆောင်တို့ကို စီးပွားရေး တက္ကသိုလ် (အောက်မြန်မာပြည်)၏ ပထမနှစ်ကျောင်းသူများအတွက် ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ်လိုက်သည်။
စစ်အစိုးရ လက်ထက်က အင်္ဂလိပ်ဘာသာစကား အမျိုး သား ဗဟိုဌာနအဖြစ် အသုံးပြုခဲ့ သော မာလာဆောင်ကို ယခုနှစ် တွင် အမျိုးသမီးအဆောင်အဖြစ် ပြန်လည်အသုံးပြုရန် ပညာရေး ၀န်ကြီးဌာနက ကြေညာခဲ့ပြီး ယခု အခါတရားဝင်ဖွင့်လှစ်လိုက် ခြင်း ဖြစ်သည်။
‘‘ဒီနှစ် မာလာဆောင်မှာ ကျောင်းသူ ၂၀၀ ထားဖို့စီစဉ်ထား ပါတယ်။ ကျောင်းသူထားနိုင်တဲ့ အရေအတွက်က ၂၅၀ ပါ။ ဒါပေ မဲ့ ဒီနှစ်မှ ဖွင့်တဲ့အတွက် ချက် ချင်း အကုန်မထားနိုင်သေးပါဘူး။ မာလာဆောင်ရတဲ့အတွက် ကျောင်းသူတွေအတွက် အဆင် ပြေသွားပါတယ်’’ဟု ရန်ကုန်စီး ပွားရေးတက္ကသိုလ်မှ တာဝန်ရှိသူ ကပြောသည်။
မာလာဆောင်တွင် နေထိုင် မည့် ကျောင်းသူများအတွက် အဆောင်ကြေး တစ်လလျှင် ကျပ် ၅,၀၀၀ နှင့် ထမင်းဖိုး တစ်နေ့လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် စုစု ပေါင်း တစ်လလျှင် ကျပ်သုံး သောင်းခွဲသတ်မှတ်ထားကြောင်း သိရသည်။ အဆောင်ဖွင့်ချိန် နံနက် ၆ နာရီဖြစ်ပြီး ပိတ်ချိန်မှာ ညနေ ၆ နာရီဟု သတ်မှတ်ထားသည်။
အဆောင်နေ ကျောင်းသူ များအတွက် စာကြည့်တိုက်၊ အား ကစားကွင်းများစီစဉ်ပေးမည်ဖြစ် ပြီး နောက်ပိုင်းတွင် အင်တာ နက်လိုင်း ချိတ်ဆက်ပေးမည်ဟုဆိုသည်။ အဆောင်ပြင်ဆင် စရိတ်များကို နိုင်ငံတော်မှ အကုန် အကျခံပြင်ဆင်ခြင်းဖြစ်ပြီး ခုတင်များ၊ ခုံများကို အလှူငွေများဖြင့် ပြင်ဆင်ခဲ့ကြောင်းသိရသည်။
ရန်ကုန် စီးပွားရေးတက္က သိုလ်ပင်မဆောင်တွင် ဘွဲ့လွန် ကျောင်းသားများ ပညာသင်ယူ လျက်ရှိပြီး ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရွာသာ ကြီးရှိ ရန်ကုန် စီးပွားရေးတက္က သိုလ်တွင် သွားရောက်ပညာသင် ယူရမည်ဖြစ်သည်။
ရန်ကုန် စီးပွားရေးတက္က သိုလ်ရှိ ဘွဲ့ကြိုတန်းများတွင် တက်ရောက် ပညာသင်ယူနေ သော ကျောင်းသား၊ ကျောင်းသူ ငါးထောင်ခန့်ရှိနေပြီး ကျောင်း သား၊ ကျောင်းသူများအတွက် အဆောင်လက်ခံနိုင်ရန် လိုအပ် ချက်ရှိနေဆဲဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ ရှိ တက္ကသိုလ်များတွင် ကျောင်း သား၊ ကျောင်းသူအဆောင်သစ် များ တည်ဆောက်နေပြီး ယခင် အဆောင်များကိုလည်း ပြန်လည် ဖွင့်လှစ်လက်ခံနေခြင်းဖြစ်သည်။
7DayDaily
http://7daydaily.com/story/26628#.VIZlWMkS24w
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 8, 2014
မာလာဆောင်နှင့် သီရိဆောင် ပြန်လည်ဖွင့်လှစ်
မာလာဆောင်နှင့် သီရိဆောင် ပြန်လည်ဖွင့်လှစ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 08, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 08, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment