Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 8, 2014

မန္တလေးအဓိကရုဏ်းတွင် ကိုထွန်းထွန်းကို သတ်မှုဖြင့် အမှုရင်ဆိုင်နေရသူများထဲမှ နှစ်ဦး အစ္စလာမ်လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန် ဆောင်ရွက်ခဲ့ဟုဆို

မန္တလေးအဓိကရုဏ်း ဖြစ်စဉ်အတွင်း ကိုထွန်းထွန်း(ခေါ်) ရောင်ပြန်သေဆုံးမှုအတွက် လူ သတ်မှုဖြင့် အမှုရင်ဆိုင်နေရသူ ၁၁ ဦးအနက် နှစ်ဦးသည် အစ္စလာမ်လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ခဲ့၍ မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ထပ်မံအမှု ဖွင့် အရေးယူခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။

မန္တလေးမြို့တွင် ဇူလိုင်လ ဆန်းက ဖြစ်ပွားခဲ့သည့် ဘာသာ ရေး၊ လူမျိုးရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုဖြစ်စဉ် များအတွင်း အမျိုးသားနှစ်ဦးသေ ဆုံးခဲ့ပြီး ကိုထွန်းထွန်း(ခ) ရောင် ပြန်သေဆုံးမှုအတွက် အမျိုးသား ၁၁ ဦးအား ပြစ်မှုပုဒ်မ ၃၀၂၊ ၃၉၆၊ ၃၉၇၊ ၁၀၉၊ ၁၁၄ တို့ဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့သည်။ ၎င်း ၁၁ ဦးအနက် နှစ်ဦးမှာ နယ်စပ်ဒေသများရှိ လက်နက် ကိုင်အဖွဲ့များနှင့် ဆက်သွယ်မှုရှိ ပြီး တရားမဝင်အစ္စလာမ်လက် နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်၍ ၎င်းအမျိုးသားနှစ်ဦး အား ဒီဇင်ဘာ ၅ ရက်တွင် ချမ်း အေးသာစံမြို့နယ် ရဲစခန်း၌ မတရားအသင်းပုဒ်မ ၁၇(၁)ဖြင့် ထပ်မံအမှုဖွင့်ထားခြင်းဖြစ်သည်။

၎င်းအမျိုးသားနှစ်ဦးမှာ ပျဉ်း မနားမြို့နှင့် တာချီလိတ်မြို့တို့ တွင် နေထိုင်သူများဖြစ်ကြပြီး ကိုထွန်းထွန်းသတ်မှုတွင်လည်း အဓိကစီမံကွပ်ကဲသူများအဖြစ် သံသယရှိထားသည်။ ထို့အပြင် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်ဝပ်ပိ ပြားရေးကို ထိခိုက်ပျက်ပြားစေ ရန် တရားမဝင်အစ္စလာမ်လက် နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းခဲ့ ကြောင်း၊ ထိုသို့ လက်နက်ကိုင် အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် RCSS/SSA, KNU, DKBA, AMBU စသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ထံ ဆက် သွယ်အကူအညီတောင်းခံခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်သည် ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘လတ်တလောတော့ မတရားအသင်းဥပဒေနဲ့ ထပ်ပြီး အမှုဖွင့်တာပေါ့။ သူတို့နှစ် ယောက်က နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက် စပ်ဆောင်ရွက်မှုတွေရှိတယ်လို့ ပူးပေါင်းအဖွဲ့ရဲ့ စစ်ဆေးပေါ် ပေါက်ချက်တွေအရ သိရပါ တယ်’’ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်း ပိုင်းက မန္တလေးမြို့တွင် ဘာသာ ရေး၊ လူမျိုးရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများဖြစ် ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးကာ လူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။ ယင်းပဋိပက္ခဖြစ်စဉ်တွင် ဇူလိုင် ၃ ရက် နံနက်က ကိုစိုးမင်း ထွေးအသတ်ခံရမှုအတွက် အမျိုး သားလေးဦးအား အောက်တိုဘာ အတွင်း မန္တလေးခရိုင်တရားရုံး က ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် များ ချမှတ်ခဲ့ပြီးဖြစ်သည်။ မန္တလေးပဋိပက္ခဖြစ်စဉ်တွင် ပြစ်မှု ကျူးလွန်ပြီး ထွက်ပြေးလွတ် မြောက်နေသူများကိုလည်း တရား ခံပြေးအဖြစ် သတ်မှတ်ကာ ဖမ်း ဆီးရမိရေးဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

No comments:

Post a Comment