ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီ တော်ကြီး၏ ငှက်မြတ်နား
အစွန်တွင် ဒီဇင်ဘာ ၁ရက် ညနေ ၆နာရီခန့်က နှုတ်သီးရွှေရောင်အဆင်းရှိ ငှက်တစ်
ကောင်နားခိုခဲ့ကြောင်း သိရသည်။
မီးဆလိုက်များအရောင်အောက် တွင်
ရွှေရောင်အတိလင်းနေသော စေတီတော်ကြီး ၏ စိန်ဖူးတော်အနီး ငှက်မြတ်နားပေါ်တွင်
နှုတ်သီးရွှေ ရောင်အဆင်းရှိ ငှက်ကြီးမှာ အ နောက်တောင်ဘက်သို့ မျက်နှာမူ လျက်
အနေအထားနှင့် နားနေခဲ့ သည်ကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။
”ရာသီအကူးအပြောင်းမှာ ဆောင်းခိုငှက်ကြီးတွေ ကိုယ်နဲ့အကျွမ်း တဝင်မရှိတဲ့
အရပ်ဒေသမျိုးစုံကို ရောက်လေ့ရှိကြတယ်၊ အယူတော် မင်္ဂလာနဲ့ယှဉ်ရင်
ကောင်းတဲ့နိမိတ် ဆောင်ပါတယ်” ဟု ရွှေမုဋ္ဌောစေတီ တော် ဂေါပကအဖွဲ့ဝင်
ဦးခင်မောင် (ဘဏ္ဍာရေးမှူး) က ဒီမိုကရေစီတူ ဒေးသို့ပြောသည်။
ယမန်နှစ်ကလည်း ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဆောင်းခို
ငှက်ကြီး များ ရောက်ရှိခဲ့ သည့်အခါက အယူတော်မင်္ဂလာအ နေဖြင့် ဖော်ပြချက်
အချို့တွင်”ရွှေတိ ဂုံဘုရား လင်းတနားက တိုင်းခြား ပြည့်ရှင် ခံ့ညားလျှင်
ဖိုလ်ဝင်ဇော်ဂျီ တပသီနှင့် ပြည်တန်ပတ္တမြား ပေါ် ထွက်ငြားအံ့” ဟု
ဖော်ပြပါရှိကြောင်း ဂေါပကအဖွဲ့ဝင် ဦးခင်မောင်က ဆက် လက်ပြောကြား သည်။
”ဒေဝဒိဗ္ဗအတိတ်အရကြည့်ရင် ရွှေရောင်နှုတ်သီးအဆင်းရှိတဲ့ ငှက် ဖြစ်လို့
ကြိုးကြာငှက်လို့ယူဆလို့ရ တယ်၊ ငှက်မြတ်နားမှာ လာနားတာ ဖြစ်လို့
အန္တရာယ်ကင်းပြီး ကောင်းမွန် တဲ့နိမိတ်မြတ်လို့ ယူဆရမှာပါ” ဟု ရွှေမုဋ္ဌော
စေတီတော်မှ ဗေဒင်ပညာ ရှင် ဦးဟန်မင်းအောင်က သုံးသပ် ပြောဆိုသည်။
စေတီတော်ကြီး၏ ငှက်မြတ် နားတွင် ရောက်ရှိနားခိုခဲ့သည့် ငှက် ကြီးမှာ
နောက်နေ့နံနက်မိုးမလင်းမီ မည်သည့်အရပ်သို့ ပြန်လည်ထွက်ခွာ သွားသည်ကို
မသိရသော်လည်း ဒေ သခံပြည်သူများအကြားတွင် နှုတ်သီး ရွှေရောင်အဆင်း ရှိသော
ငှက်လာ ရောက်ခိုနားခြင်းနှင့် ပတ်သက်ပြီး ကောင်းမြတ်သော အခြေအနေများ
ကြုံတွေ့ရမည်ဟုသာ ပြောဆိုနေ လျက်ရှိကြောင်း သိရသည်။
SM
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, December 4, 2014
ပုသိမ်ရွှေမုဋ္ဌောစေတီတွင် ရွှေရောင်နှုတ်သီးနှင့် ငှက်တစ်ကောင်နားခဲ့
ပုသိမ်ရွှေမုဋ္ဌောစေတီတွင် ရွှေရောင်နှုတ်သီးနှင့် ငှက်တစ်ကောင်နားခဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 04, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 04, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment