ကန်ဒေါ်လာလဲလှယ်နှုန်း ကွာဟမှုရှိနေခြင်းကြောင့် ပုဂ္ဂလိက ဘဏ်များရှိ ငွေလဲကောင်တာများတွင် ဒေါ်လာအရောင်း ပိတ်ထားကြောင်း သတင်းရရှိသည်။
‘‘ဗဟိုဘဏ်ကနေ သတ်မှတ်တဲ့ နှုန်းနဲ့ပဲ ရောင်းရမယ် သတ်မှတ်ထား တယ်။
အပြင်ဈေးနဲ့ ဘဏ်ဈေးက ၁၀ ကျပ်လောက်ကွာနေတော့ ဘဏ်တွေက ချရောင်းလို့ မရလို့
မရောင်းတော့တာ’’ဟု ပြင်ပငွေလဲကောင်တာတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဗဟိုဘဏ်က ၀ယ်ဈေး ၁,၀၂၆ ကျပ်နှင့် ရောင်းဈေး ၁,၀၃၄ ကျပ် အဖြစ်
သတ်မှတ်ထားသော်လည်း ပြင်ပ ဈေးနှုန်းများမှာ ၀ယ်ဈေး ၁,၀၃၆ ကျပ်နှင့်
ရောင်းဈေး ၁,၀၄၀ ကျပ် ကျော်ရှိနေသည်။
‘‘ရှိရင်တော့ ရောင်းပေး
တယ်။ ၀ယ်လို့ရတာကို ဗဟိုဘဏ်ကို အပ်ရတယ်။ ပြီးရင် MFTB တို့ MICB တို့ကို
စာရင်းပြန်လွှဲတယ်။ ဒါကြောင့် လက်ကျန်မရှိရင်တော့ ရောင်းမပေးဘူး’’ ဟု
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD) ဘဏ်ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ
ဦးသက်လွင်ဆွေက ပြောသည်။
ငွေလဲ ကောင်တာများနှင့်
ဘဏ်လုပ်ငန်းရှင်များကို ဗဟို ဘဏ်က ၎င်းတို့သတ်မှတ်ထား သည့် အနိမ့်ဆုံးဈေးထက် ၈
ရာ ခိုင်နှုန်းအတွင်းသာ ရောင်းချရန် သတ်မှတ်ထားပြီး ယင်းထက်ပို၍
ဈေးမကစားရန်လည်း ငွေလဲ ကောင်တာအားလုံးကို ခေါ်ယူ
လက်မှတ်ထိုးခိုင်းထားကြောင်း သိရသည်။
‘‘ကမ္ဘောဇမှာရော၊ စီဘီဘဏ်
မှာရော သွားဝယ်တာ၊ မရောင်း ဘူး။ ဘဏ်က မရောင်းတော့ အ
ပြင်မှောင်ခိုပဲသွားရတော့တယ်’’ ဟု လုပ်ငန်းသုံးစွဲရန်
ငွေလဲရာတွင်အဆင်မပြေဖြစ်ခဲ့သည့် ရန်ကုန် မြို့ခံ အမျိုးသမီးတစ်ဦးက ပြော
ကြားသည်။
ဗဟိုဘဏ်က သတ်မှတ်ချက် ပြုလုပ်ထားသော်လည်း ပြင်ပငွေ
ဈေးကွက်တွင် ၀ယ်လိုအားပေါ်မူ တည်ကာ အရောင်းအ၀ယ် ပြု လုပ်နေ၍
ဘဏ်ဖွင့်ဈေးများနှင့် ကွာခြားမှုဖြစ်ပေါ်နေကြောင်း သိရသည်။
Credit: 7 Day Daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, December 4, 2014
ပုဂ္ဂလိက ဘဏ်ငွေလဲကောင်တာများ ကန်ဒေါ်လာ အရောင်းပိတ်
ပုဂ္ဂလိက ဘဏ်ငွေလဲကောင်တာများ ကန်ဒေါ်လာ အရောင်းပိတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 04, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 04, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment