၂၀၀၈ ခုနှစ် မွမ်ဘိုင်း တိုက်ခိုက်မှုကို စီစဉ်သူ အဖြစ် စွပ်စွဲခံခဲ့ရ
သူအား ပါကစ္စတန် တရားရုံး တစ်ရုံးက ကြာသပတေးနေ့တွင် အာမခံပေး လိုက်ပြီ
ဖြစ်ကြောင်း ရှေ့နေ များက ပြောဆိုခဲ့သည်။ ပါကစ္စတန် တရားရုံး၏
ဆုံးဖြတ်ချက်ကြောင့် အိနိ္ဒယနှင့် ပါကစ္စတန်တို့ ကြား တင်းမာမှု ပိုမို
ပြင်းထန် သွားမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် အိနိ္ဒယရှိ စီးပွားရေး
မြို့တော် မွမ်ဘိုင်းတွင် အကြမ်းဖက် သမား တစ်စုက နာရီ(၆၀) ကြာ တိုက်ခိုက်မှု
ပြုလုပ်ခဲ့ သောကြောင့် လူ (၁၆၆) ဦး သေဆုံးခဲ့သည်။ ပါကစ္စတန်ရှိ အကြမ်းဖက်
အဖွဲ့တစ်ခု ဖြစ်သော လက်ရှ်ကာ-အီ-တိုင်ဘာ(LeT) မှ အဖွဲ့ဝင် များက အကြမ်း
ဖက်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။ သေနတ်သမား (၁၀) ဦးက
ဇိမ်ခံ ဟိုတယ် တစ်ခု၊ ကော်ဖီဆိုင် တစ်ခု၊ ရထား ဘူတာရုံ တစ်ခုနှင့် ဂျူး
လူမျိုး ဆိုင်ရာ ဌာန တစ်ခု တို့အား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း
ဖြစ်သည်။ တိုက်ခိုက်မှု ပြီးနောက်တွင် နျူ လက်နက် ပိုင်ဆိုင်သော နှစ်
နိုင်ငံကြား ဆက်ဆံရေး ပိုမို ဆိုးရွားသွား ခဲ့သည်။
မွမ်ဘိုင်း တိုက်ခိုက်မှုကို နောက်ကွယ်က စီစဉ်ခဲ့သူ အဖြစ် စွပ်စွဲခံခဲ့
ရသည့် ဇာကီ အူရာမန် လက်ဗီအား အစ္စလာမာဘတ်ရှိ တရားသူကြီး တစ်ဦးက အာမခံ
ပေးရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။ ၎င်း၏ အမှုသည်အား အာမခံဖြင့် လွှတ်ပေးရန်
ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးသို့
လျှောက်ထား ခဲ့ရာ ယနေ့တွင် တရားသူကြီးသည် နှစ်ဘက် ရှေ့နေများ၏ လျှောက်ထား
မှုကို ကြားနာ ပြီးနောက် အာမခံပေး လိုက်ပြီ ဖြစ်ကြောင်း လက်ဗီ၏ ရှေ့နေ
ရစ်ဇ်ဝန် အက်ဘာစီက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။ တရားရုံးက
အာမခံပေး လိုက်သည့် သတင်း မှန်ကန်ကြောင်း ဥပဒေ အရာရှိ မိုဟမ်္မဒ်
ချောင်ဒရီအက်ဇ်ဟာ က ပြောဆိုခဲ့သည်။
ပါကစ္စတန်ရှိ
အကြမ်းဖက် အဖွဲ့အစည်း များအား နှိမ်နင်းမည် ဖြစ်ကြောင်း ပါကစ္စတန်
ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်က ထုတ်ပြန် ပြောဆို ခဲ့ပြီး တစ်ရက် အကြာတွင်
တရားရုံးက အထက်ပါ အတိုင်း ဆုံးဖြတ်ချက် ချမှတ် လိုက်ခြင်း ဖြစ်သည်။
အကြမ်းဖက်မှု ကျူးလွန်သူ များအား သေဒဏ် ချမှတ် နေခြင်းကို ရပ်ဆိုင်း
ထားခြင်းအား ရုတ်သိမ်းပြီး သေဒဏ် ပြန်လည် ချမှတ် တော့မည် ဖြစ်ကြောင်း
ရှာရစ်ဖ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်မှ
အကြမ်းဖက်သမား များသည် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် အိနိ္ဒယသို့ ရေကြောင်း
ခရီးမှ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်း တို့အား အိနိ္ဒယ အထူး တပ်ဖွဲ့ဝင် များက
တိုက်ခိုက်မှုများ ပြုလုပ် နေပုံကို ရုပ်သံမှ တစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်
ပြသခဲ့ရာ တစ်ကမ္ဘာလုံးက စိုးရိမ် တကြီးနှင့် စောင့်ကြည့်ခဲ့ ရသည်။ အိနိ္ဒယ
အာဏာပိုင် များသည် မြို့ကို ပြန်လည် ထိန်းချုပ် နိုင်ရန် (၃) ရက်ခန့်
အချိန်ယူခဲ့ ရသည်။ ယင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် ပါကစ္စတန်ရှိ တရားဝင်
အဖွဲ့အစည်းများ ပါဝင်ခဲ့ကြောင်း အိနိ္ဒယ အစိုးရက ပြောဆိုခဲ့သည်။
ပါကစ္စတန်က စွပ်စွဲချက် များကို ငြင်းပယ်ခဲ့ သော်လည်း LeT ၏
လက်နက်ကိုင် အဖွဲ့ခွဲ ဂျာမား-အူလ်- ဒါဝါ(ဲကီ) မှာမူ နိုင်ငံတွင်း
လွတ်လပ်စွာ လှုပ်ရှားမှု ရှိနေခဲ့သည်။ အမေရိကန် ပြည်ထောင်စုက ဒေါ်လာ (၁၀) သန်း
ဆုကြေး ငွေထုတ်ထား သော်လည်း LeT ကို တည်ထောင်သူ ဟာဖစ်ဇ် ဆာယိသည် ပါကစ္စတန်
နိုင်ငံတွင်း လူမြင်သူမြင် သွားလာ နေဆဲ ဖြစ်သည်။
LeT သည်
မွမ်ဘိုင်းတွင် တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ရုံ သာမက ကက်ရှ်မီးရားရှိ
အကြမ်းဖက်မှု များတွင်လည်း ပါဝင် ပတ်သက်နေ ခဲ့သည်။ ပါကစ္စတန် နိုင်ငံသား(၇)
ဦး တို့အား မွမ်ဘိုင်း တိုက်ခိုက်မှုတွင် နောက်ကွယ်က စီစဉ်မှုဖြင့် ရုံးတင်
စစ်ဆေးခဲ့ သော်လည်း ၎င်းတို့အား ကြားနာ စစ်ဆေးမှု များကို ဆက်လက် ပြုလုပ်ခြင်း
မရှိသောကြောင့် အိနိ္ဒယနှင့် ပါကစ္စတန်တို့ကြား ဆက်ဆံရေး ပုံမှန် ဖြစ်ရန်
အလှမ်းဝေးခဲ့ရသည်။
အိနိ္ဒယက ပါကစ္စတန်သည် အမှန်တရားကို
ဖုံးကွယ် ထားကြောင်း စွပ်စွဲခဲ့ပြီး ပါကစ္စတန် ကလည်း အိနိ္ဒယသည် အရေးပါသော
အထောက်အထား များကို လွှဲပြောင်း ပေးရန် ပျက်ကွက်ခဲ့ကြောင်း တန်ပြန်
ပြောဆိုခဲ့သည်။ မွမ်ဘိုင်း တိုက်ခိုက်မှု ကျူးလွန်သူများအနက် အသက်ရှင်
ကျန်ရစ်သူ ပါကစ္စတန် နွယ်ဖွား မိုဟမ်္မဒ် အက်ဂ်ျမယ် ကာဆက်ဘ်အား အိနိ္ဒယ၌ ၂၀၁၂
ခုနှစ်တွင် ကြိုးပေးခဲ့ပြီး ဖြစ်သည်။ ပါကစ္စတန်သည် စစ်သွေးကြွ များနှင့်
မျက်နှာ နှစ်ဘက် ပါသော ကစားပွဲကို ကျင်းပနေကြောင်း စွပ်စွဲခံထား ရသည်။
ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့သည် စစ်သွေးကြွ များအား ၎င်းတို့၏ ရည်မှန်းချက်
များအတွက် တစ်ခါတရံတွင် အသုံးချလေ့ ရှိကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။
Source:AFP
http://www.messengernewsjournal.com/news/HeadNews/?id=28309
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 19, 2014
၂၀၀၈ ခုနှစ် မွမ်ဘိုင်း တိုက်ခိုက်မှုကို နောက်ကွယ်က စီစဉ်ခဲ့သူ အာမခံရရှိ
၂၀၀၈ ခုနှစ် မွမ်ဘိုင်း တိုက်ခိုက်မှုကို နောက်ကွယ်က စီစဉ်ခဲ့သူ အာမခံရရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 19, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 19, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment