Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 27, 2014

လက်ပံတောင်းအရေး မန္တလေးမှာ ဆန္ဒပြ


ပြီးခဲ့တဲ့ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် အရေးအခင်းမှာ ရဲတပ်ဖွဲ့ ရဲ့ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်းသေဆုံးပြီး လယ်သမား ၄ဝ လောက် ဒဏ်ရာ ရခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့  မန္တလေးမြို့မှာ ဒီနေ့မနက်က ဆန္ဒပြ ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ၇၃ လမ်းမကြီးဘေးမှာ ရှိတဲ့ မင်္ဂလာဈေးကနေပြီး တရုတ်ကောင် စစ်ဝန်ရုံးကို ချီတက်ဆန္ဒပြ ခဲ့ကြတာပါ။

တရုတ်ကောင်စစ်ဝန်ရုံးရှေ့ကိုဆန္ဒပြဖို့ မူလကအစီအစဉ်ရှိခဲ့ပေမဲ့ ကောင်စစ်ဝန်ရုံး အဝင်လမ်းထိပ်မှာ လုံခြုံရေးအင်အား တစ်ရာကျော်လောက်က သံဆူးကြိုးတွေနဲ့ ကာရန်ပိတ်ဆို့ခဲ့တဲ့အတွက် ရုံးဝင်းထဲကို ဝင်ခွင့်မရခဲ့ပါဘူး။ ဆန္ဒပြသူတွေဟာ ကောင်စစ်ဝန်ရုံးကနေ လူစည်ကားတဲ ၆၆ လမ်းမကြီးနဲ့လမ်း ၃၀ ဘူတာကြီး စတဲ့နေရာတွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ဆန္ဒပြပွဲကို မန္တလေးသံဃာတော်တွေ၊ နိုင်ငံရေးတက်ရှားလှုပ်ရှားသူများအဖွဲ့ ၊ ဗကသနဲ့ မြို့ခံလူထုတစ်ထောင်ကျော် ပါဝင်ဆန္ဒပြခဲ့ကြတာပါ။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

No comments:

Post a Comment