မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသူ နေထိုင်မှု အများဆုံး မြို့တခုဖြစ်သည့်
အင်ဒီယာနာပြည်နယ်၊ အင်ဒီယာနာပိုလစ်စ်မြို့တွင် ပညာရေးရန်ပုံငွေ ဂီတပွဲကို
ဇန်နဝါရီ ၃ ရက်၊ စနေနေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။Musical Concert & Performance တွင် L.A.I တီးဝိုင်းအဖွဲ့သည်
ဝါရင့်အနုပညာရှင်များ၊ မြို့ခံဝါသနာရှင်များနှင့်အတူ အနောက်တိုင်းဂီတနှင့်
မြန်မာ၊ ချင်း တေးသီချင်းများ၊ အဆိုအကများဖြင့် ညနေ ၆ နာရီမှ စတင်
ဖျော်ဖြေမည် ဖြစ်သည်။
လက်မှတ်တစောင်လျှင် ၁၀ ဒေါ်လာ သတ်မှတ်ထား၍ ရရှိငွေများကို Burmese American Community Institute (BACI)သည်
တက္ကသိုလ်၊ ကောလိပ် ပညာရေးဆက်လက် သင်ကြားမည့် ကျောင်းသူကျောင်းသားများ၏
ပညာရေးရန်ပုံငွေအတွက် အသုံးပြုမည် ဖြစ်ကြောင်း ကောလိပ်ဆက်လက်ပညာသင်အစီအစဉ်
မန်နေဂျာ လျန်စူးက ပြောကြားသည်။
ပွဲတော်ကျင်းပမည့် အင်ဒီယာနာပိုလစ်စ်မြို့သည် ပြည်နယ်မြို့တော်ဖြစ်၍
မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသူ ၁၂,၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ၈၃ % မှာ
ချင်းတိုင်းရင်းသားများ ဖြစ်ကြောင်း BACI ၏ သုတေသနစစ်တမ်းအရ သိရှိရသည်။
နမူနာစစ်တမ်း ကောက်ယူသော အင်ဒီယာနာအလယ်ပိုင်းမှ မြန်မာ
ကျောင်းသူကျောင်းသားများကို လေ့လာချက်တွင် တက္ကသိုလ်၊ ကောလိပ်
ပညာဆက်လက်သင်ယူသူ မှန်မှန် တိုးပွားလာကြောင်း တွေ့ရသည်။ အဆင့်မြင့်ပညာ
ဆက်လက်သင်ယူသော မြန်မာကျောင်းသားများသည် ၂၀၁၂ ခုနှစ်တွင် ၄၃ %၊ ၂၀၁၃
ခုနှစ်တွင် ၅၇ % နှင့် ၂၀၁၄ ခုနှစ်တွင် ၇၂ % သို့ တိုးတက်
များပြားလာခဲ့သည်။မြန်မာ အမေရိကန် လူမှုအသိုင်းအဝိုင်းဌာန (BACI) သည်
အင်ဒီယာနာအလယ်ပိုင်းတွင် နေထိုင်သော မြန်မာအသိုင်းအဝိုင်းကို
ဆွေးနွေးအကြံပေးခြင်း၊ ပညာရေးတွင် အရင်းအနှီးပြုခြင်း
စသည့်နည်းလမ်းများဖြင့် စွမ်းအားရှိလာအောင် လုပ်ဆောင်ရေးအတွက် ၂၀၁၁
ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်၏။
အမေရိကန် ပြည်ထောင်စုတွင် အခြေချမည့် မြန်မာမိသားစုများအတွက် မိမိတို့
မျိုးဆက်များကို ပညာရေးတွင် ရင်းနှီးမြှုပ်နှံကာ တက္ကသိုလ်ကောလိပ် ပညာရေး
ဆက်လက်သင်ကြားစေရန် BACI က အားပေး လှုံ့ဆော်လျက်ရှိသည်။
အင်ဒီယာနာပိုလစ်စ်နေ အထက်တန်းကျောင်းသားများ တက္ကသိုလ်ကောလိပ်
ဆက်လက်တက်ရောက်နိုင်ရန် အင်္ဂလိပ်စာ၊ သင်္ချာနှင့် သိပ္ပံဘာသာရပ်များကိုလည်း
ထောက်ကူပြု သင်ကြားပေးနေသည်။ ကောလိပ်ပညာရေး သင်ထောက်ကူသင်တန်းလျှောက်လွှာပုံစံအတွက် ကလစ်ခ်လုပ်ပါ။
အဆင့်မြင့် ပညာရေးကို ဆက်လက်သင်ယူမည့် ကျောင်းသူကျောင်းသားများအတွက်
ပညာရေးရန်ပုံငွေအဖြစ် ယခု ဂီတပွဲတော်ကို စီစဉ်တင်ဆက်ခြင်း ဖြစ်ကြောင်း
သိရှိရပါသည်။
ဂီတပွဲကျင်းပမည့်နေရာ
Perry Meridian High School
401 W. Meridian School
Indianapolis, IN, 46217
http://kabarthit.com/index.php?option=com_content&view=article&id=556:2014-12-25-20-19-54&catid=8:2013-10-13-17-09-02&Itemid=214
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, December 27, 2014
တက္ကသိုလ်ကောလိပ် ပညာရေးရန်ပုံငွေ ဂီတပွဲ ဆင်နွှဲမည်
တက္ကသိုလ်ကောလိပ် ပညာရေးရန်ပုံငွေ ဂီတပွဲ ဆင်နွှဲမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 27, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 27, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment