Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 27, 2014

အသတ်ခံရသူအမျိုးသမီးနှင့် မင်းအုပ်စိုးသည် ဆရာတပည့်သာဖြစ်ဟုဆို


သရုပ်ဆောင်မင်းအုပ်စိုး ထိုးကြိတ်ရာမှ သေဆုံးသွားသော သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုယဉ်(ခ) မတေး နုယဉ်သည် မင်းအုပ်စိုးနှင့် မောင်နှမဝမ်းကွဲတော်စပ် ခြင်းမရှိဘဲ ဆရာတပည့်များသာ ဖြစ်ကြောင်း ဗဟန်းမြို့နယ် မြို့မ ရဲစခန်းမှ ဒုရဲမှူးသိန်းဝင်းက 7 Day Daily အား အတည်ပြုပြော ကြားသည်။
ဒီဇင်ဘာ ၂၅ ရက်  နံနက်၂နာရီခွဲတွင် မင်းအုပ်စိုးသည်  တစ်အိမ်တည်းအတူနေတပည့်ဖြစ်သူ အသက် (၃၃)နှစ် အရွယ် မတေးနုယဉ်ကို ထိုးကြိတ်ရာ လက်လွန်၍သေဆုံးသွားသည်။ သေဆုံးသူသည် မင်းအုပ်စိုးနှင့် မောင်နှမဝမ်းကွဲတော်စပ်ခြင်းမရှိကြောင်း အခင်းဖြစ်ပွားရာနယ်မြေမှ ဒုရဲမှူးသိန်းဝင်းကပြောသည်။
‘‘သူတို့က မောင်နှမဝမ်းကွဲ မတော်စပ်ပါဘူး။ ဆရာတပည့် တွေပါ။ သူတို့တစ်အိမ်တည်းမှာ အတူတူနေကြတာကြာပြီလို့ သိရ ပါတယ်’’ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သော Yangon Police တွင် ‘ရုပ်ရှင် သရုပ်ဆောင်တစ်ဦးက ညီမဖြစ် သူအား ထိုးကြိတ်ရိုက်နှက်ခဲ့၍ သေဆုံးသွားခဲ့သဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိ’ဟု ဒီဇင်ဘာ ၂၅ ရက်ကဖော်ပြခဲ့သည်။
မနုနုယဉ်အား လူမှုရေးကိစ္စ တစ်ခုနှင့်ပတ်သက်၍ မေးမြန်းစဉ် အမှန်အတိုင်း ပြောဆိုခြင်းမရှိ သောကြောင့် စိတ်ဆိုးဒေါသဖြစ် ပြီး ထိုးကြိတ်ရာမှ သေဆုံးသွား ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထပ်မံဖော်ပြခဲ့သည်။
မင်းအုပ်စိုးနေထိုင်သည့် ခြံ ၀င်းအတွင်း အဆောက်အအုံ သုံး လုံးရှိပြီး လူသတ်မှုဖြစ်ပွားသည့် အဆောက်အအုံ၏ ရှေ့ဘက်ရှိ အဆောက်အအုံတွင် မင်းအုပ်စိုး၏ မိသားစုများ နေထိုင်နေကြောင်း ဒုရဲမှူးသိန်းဝင်းက ပြောသည်။
မင်းအုပ်စိုးကို ဒီဇင်ဘာ ၂၆ ရက်က ရုံးထုတ်ရမန်ယူရာ၌ ဗဟန်းမြို့နယ်တရားရုံးသို့ လင့်ခ် ခရူဇာကားဖြင့် လာရောက်ခဲ့သည်။ ရုံးထုတ်ရာတွင်လည်း ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်ယူထားခဲ့သည်။ ၂၀၁၅ ဇန်နဝါရီ ၈ ရက်တွင် ရဲစစ် ချက်များပြီးပါက ထိုနေ့တွင် ရုံး ထုတ်၍ တရားစွဲဆိုသွားမည်ဟု ဗဟန်းမြို့နယ်တရားသူကြီးက ပြောသည်။
မင်းအုပ်စိုး ထိုးကြိတ်မှု ကြောင့် သေဆုံးသူသည် နံရိုးများနှင့် လက်ရိုးများပါကျိုးသွားသည် ဟု ဒီဇင်ဘာ ၂၆ ရက်ကသတင်း များထွက်ပေါ်လာခဲ့သော်လည်းဒုရဲမှူးသိန်းဝင်းက ဆေးစစ်ချက်သည်အနည်းဆုံး တစ်ပတ်ကြာမှအဖြေထွက်မည်ဟုဆိုသည်။
‘‘သတင်းအမှားတွေထွက် နေတာပါ။ ဆေးစစ်ချက်က တစ် ခါတည်းမထွက်ပါဘူး။ အနည်း ဆုံးတစ်ပတ်လောက်ကြာမယ်။ သေတဲ့အချိန်မှာ ဘေးမှာဘယ်သူ တွေရှိတယ်ဆိုတာတော့ ပြောဖို့ စောပါသေးတယ်။ စစ်ဆေးဆဲပါ ပဲ’’ဟု ဒုရဲမှူးသိန်းဝင်းကပြောသည်။မင်းအုပ်စိုးကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားခြင်းဖြစ်သည်။
မင်းအုပ်စိုးသည်‘ကားပေါ် မှာလိုက်လာတယ်’ဗီဒီယိုဇာတ် ကားဖြင့် လူသိများလာသူဖြစ်ပြီး ‘ရင်ကွဲနာ’ရုပ်ရှင်ဇာတ်ကားကို ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက် ကူးခဲ့သူဖြစ်သည်။
သရုပ်ဆောင် မင်းအုပ်စိုး သည် ယခင်ကလည်း အမှုအခင်း အချို့ ဖြစ်ခဲ့ဖူးသည်။
၂၀၁၃ ဖေဖော်ဝါရီ ၁၅ ရက် တွင် ၎င်းနေထိုင်သော ဖိုးစိန်လမ်း ရှိ အမှိုက်ပုံကိုမီးရှို့ခဲ့ပြီး လမ်းမ တွင်ရမ်းကားကာ ယာဉ်ကြော ပိတ်ဆို့အောင် ၁၅ မိနစ်ခန့်ပြုလုပ် ခဲ့သည်။ အမှိုက်ပုံမီးရှို့သော ကြောင့် လာရောက်မီးငြှိမ်းသတ် သောမီးသတ်တပ်ဖွဲ့ဝင်များကို ဆဲဆိုခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ကားတစ် စီးကို ဖျက်ဆီးခဲ့သောကြောင့် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က ပုဒ်မ ၆/၁၊ ပုဒ်မ ၄၃၅ တို့ဖြင့် အရေးယူ ခဲ့ပြီး ဇူလိုင် ၃ ရက်တွင် ထောင် ဒဏ်သုံးလနှင့် ဒဏ်ငွေကျပ် ခြောက်သိန်းအမိန့်ချမှတ်ခဲ့သည်။
 http://7daydaily.com/story/27935#.VJ7BUP8BjA

No comments:

Post a Comment