မြန်မာနိုင်ငံတွင် ရေရှည်နေထိုင်ရမည့် နိုင်ငံခြား သားများအတွက် ရည်ရွယ်ကာ ၀န်
ဆောင်မှု ပါဝင်သည့် အိမ်များနှင့် အခန်းများကို ငှားရမ်း ပေးမည့် ဗီလာတစ်ခု ကို ZAO
Propertyက သာကေတမြို့နယ်၊ ရွှေသပြေအိမ်ရာတွင် ဖွင့်လှစ်လိုက်သည်။
ဗီလာမိတ်ဆက်ပွဲကို ပြီးခဲ့သည့်လ ၁၅ ရက်က အဆိုပါအိမ်ရာတွင် ကျင်းပခဲ့ပြီး ပြည်တွင်း
၌ အလုပ်လုပ်ကိုင်ကာ နေထိုင်လျက် ရှိသည့် နိုင်ငံခြားသား အများအပြားရှိသောကြောင့်
သက်သောင့်သက်သာနှင့် လိုက်လျော ညီထွေရှိသော ဗီလာတစ်ခုကို ဖန်တီးဖြစ်ခဲ့ ကြောင်း
အရောင်းဌာန ဒါရိုက်တာ မစ္စတာ ခရစ္စအိုရမ်က မြန်မာတိုင်း(မ်)ကို ပြော သည်။
"ကျွန်တော် မြန်မာနိုင်ငံကို ၁၉၉၈ ခုနှစ်ကတည်းက ရောက်ပါတယ်။ ၁၆ နှစ်လောက် အိမ်
အမျိုးမျိုး ရွှေ့ပြောင်းနေထိုင်ခဲ့ရင်းနဲ့ အဆင်မပြေတာတွေ အများကြီး ကြုံခဲ့တယ်။ အိမ်ရှင်
ပြဿနာ၊ လျှပ်စစ်မီးပြဿနာ၊ ရေ ပြဿနာနဲ့ အိမ်ပြဿနာ စတဲ့ပြဿနာ အမျိုး မျိုးပါပဲ။ ဒါကြောင့်မို့ ကျွန်တော်
တို့ကြုံခဲ့ရတဲ့ ပြဿနာ တစ်ခုချင်းစီကို မှတ်သားထားပြီး ကျွန်တော်တို့ရဲ့အိမ်ငှားတွေကိုတော့
ဒါမျိုး လုံးဝမကြုံရအောင် လုပ်ပေးသွားမှာပါ" ဟု ၎င်းက ပြောသည်။
ZAO Property က ဖန်တီးထားသော ဗီလာ တွင် ကျယ်ဝန်းသော ခြံနှင့် အိမ်တွဲလျက်
လုံးချင်းအိမ် ၃၄ လုံးပါဝင်ပြီး အိမ်ငှားအားလုံး အသုံးပြုနိုင်မည့် ရေကူးကန်၊ ဘားနှင့်
အားကစားခန်းမ စသည်တို့ပါဝင်သည့် ခူကဘ့ သကျန တစ်ခုပါ ၀င်မည်ဖြစ်သည်။
"အကုန် နိုင်ငံတကာအဆင့်မီ လုပ်ထား ပါတယ်။ ငှားရမ်းမယ့်ပုံစံက နှစ်မျိုးပါ။ အိမ် လိုက်
ငှားလို့ရသလို ချွေတာရေးသမားတွေအတွက် တစ်ခန်းချင်းစီလည်း ငှားလို့ရအောင် စီစဉ်
ပေးထားတယ်။ အိမ်ကိုငှားပြီး စုပေါင်း နေမယ်ဆိုလည်း ကျွန်တော်တို့ဘက်က ပြဿနာ မရှိ
ပါဘူး" ဟု မစ္စတာခရစ္စအိုရမ်က ပြော သည်။
ပရိဘောဂနှင့် ၀န်ဆောင်မှု အပြည့်အစုံပါဝင်သော အိမ်များအတွက် ငှားရမ်းခမှာ တစ်လ
လျှင် အမေရိကန်ဒေါ်လာ ၅,၀၀၀၊ ပရိဘောဂပါ ၀န်ဆောင်မှုမပါသော အိမ်များ အတွက်
တစ်လလျှင် အမေရိကန်ဒေါ်လာ ၄,၅၀၀၊ ပရိဘောဂမပါ၊ ၀န်ဆောင်မှုမပါသော အိမ်များ
အတွက် တစ်လလျှင် အမေရိကန် ဒေါ်လာ ၄,၀၀၀ ကျသင့် မည်ဖြစ်ပြီး ပရိဘောဂ ပါ
အခန်းများအတွက် တစ်လလျှင် အမေရိကန် ဒေါ်လာ ၉၅၀ မှ ၁,၁၅၀ အထိ၊ ပရိဘောဂ
မပါသော အခန်းများအတွက် ငှားရမ်းခ တစ်လလျှင် ဒေါ်လာ ၇၅၀ မှ ၉၅၀ အစ ရှိသဖြင့်
ရွေးချယ်နိုင်သည်။
"၀န်ဆောင်မှုဆိုတာက အိမ်သန့်ရှင်းရေးလုပ်ပေးမယ်။ ရေချိုးခန်းထဲမှာဆိုလည်း မျက်နှာ
သုတ်ပ၀ါစသဖြင့်ပေါ့။ အသေးစိတ် ကအစ ၀န်ဆောင်မှုပေးတာကို ဆိုလိုတာ ပါ။ နောက်
တစ်ခုက နေမယ့်လူက ဒီကိုရောက် ပြီး သူ့ရဲ့ အိမ်ထောင်ပရိဘောဂပစ္စည်းတွေက ပါမလာ
သေးဘူးဆိုရင် သူ့ပစ္စည်းတွေ မရောက် ခင်အချိန်အထိ ကျွန်တော်တို့ဘက်က ပရိ ဘောဂ
တွေကို ငှားရမ်းပေးထားပါမယ်။ ဈေး ကိုတော့ ဒေါ်လာ ၁,၀၀၀ လောက်ပိုယူမယ်။ သူ့
ပစ္စည်းတွေရောက်လာပြီဆိုရင် ကျွန်တော်တို့ငှားပေးထားတာတွေ ပြန်ဖယ်ပေးမယ်။
ဈေးကိုလည်း ပြန်လျှော့ချပေးမယ်" ဟု ၎င်းက ပြောသည်။
Club house တွင် ရုံးခန်းထားရှိသည့် အတွက် အိမ်ငှားများ လိုအပ်သမျှကို ဆောင်ရွက်
ပေးနိုင်ခြင်း၊ ZAO Property ကို တည်ထောင်သူများကိုယ်တိုင် အဆိုပါ ဗီလာ တွင်ပင်
နေထိုင်ခြင်းကြောင့် အခက်အခဲ ရှိပါက တိုက်ရိုက်ပြောနိုင်ခြင်း စသည့်အား သာချက်
များရှိကြောင်း ၎င်းကပြောသည်။ အဖွဲ့မှ စီမံခန့်ခွဲမှုဒါရိုက်တာ မဖြိုးဇာသွင် က သာကေ
တမြို့နယ်သည် မြို့ထဲသို့ သွားရ လွယ်ကူသည့်အပြင် ရွှေသပြေအိမ်ရာသည် သီးသန့်
ဆန်ခြင်း၊ လုံခြုံရေး စိတ်ချရခြင်း၊ လမ်းမကျယ်များရှိခြင်း စသည့်အားသာချက် များ ရှိ
သည်ဟု ပြောသည်။
"အရင်တုန်းကဆိုရင် တည်ဆောက်သူ တွေဟာ မြန်မာလူမျိုးနေထိုင်သူတွေအတွက် အဓိ
ကရည်ရွယ်ပြီးဆောက်ကြတယ်။ မြန်မာ လူမျိုးတွေက အိမ်တို့ ခြံတို့ ဆိုလည်း ကျယ်ကျယ်၊
ကွန်ဒိုဆိုလည်း ကြီးကြီး အဲဒီလိုမျိုးတွေကြိုက်တယ်။ နောက်ပြီး ပံ့ပိုးမှုအင်္ဂါရပ် တွေက
လည်း အနည်းအကျဉ်းပဲရှိတယ်။ နိုင်ငံ ခြားသား တချို့ဆို ကြားရက်တွေမှာ ဒီမှာ အလုပ်
လာလုပ်တယ်။ တည်းခိုခန်း၊ ဟိုတယ် စတာမျိုးမှာနေပြီး ပိတ်ရက်ဆို ဘန်ကောက် ကို ပြန်
နေကြတာမျိုးတွေရှိတယ်။ သူတို့အတွက် အကုန်အကျလည်းများတယ်။ ပေးရတဲ့ ဈေး ချင်း
တူရင်တောင် ဟိုမှာကျ နိုင်ငံခြားသား တွေအတွက် ပံ့ပိုးမှုအင်္ဂါရပ်တွေက ရှိပြီးသား လေ။
အခုတော့ မြန်မာနိုင်ငံလည်း ပြောင်းလဲ လာပါပြီ။ နိုင်ငံခြားသား ၀င်ရောက်မှုများလာတာ
နဲ့အမျှ ဒီလိုနေရာထိုင်ခင်းတွေ ပိုလိုအပ်လာမယ်လို့ထင်တယ်" ဟု အိမ်ငှားတစ်ဦး ဖြစ်သူ
မစ္စတာတိုနီက ပြောသည်။
မြန်မာတိုင်းမ်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 7, 2014
သာကေတမြို့နယ်တွင် နိုင်ငံခြားသားများကိုအဓိကထားသည့် ၀န်ဆောင်မှုပါဝင်သော အိမ်နှင့် အခန်းငှားလုပ်ငန်း စတင်
သာကေတမြို့နယ်တွင် နိုင်ငံခြားသားများကိုအဓိကထားသည့် ၀န်ဆောင်မှုပါဝင်သော အိမ်နှင့် အခန်းငှားလုပ်ငန်း စတင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 07, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 07, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment