Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 29, 2014

ဝမ်ပေါင်ခတ်သည့်ခြံစည်းရိုးအားဖျက်သဖြင့် ရဲက သေနတ်ဖြင့်ပြန်လည်ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉
ရဲကိုကို
ယနေ့နေ့လည် ၂ နာရီ ခန့်က လက်ပတောင်းတောင်ကြေးနီစီမံကိန်း အနီးရှိ ဒေသခံများက ၄င်းတို့၏ မြေယာများအားသိမ်းဆည်း၍ ခြံစည်းရိုးခတ်သွားသော ၀မ်ပေါင်ကုမ္ဗဏီ၏ သံဆူးကြိုးခြံစည်းရိုးများအား ပြန်လည်ဆွဲခွာနေသည်ကို တားဆီးသည့်အနေဖြင့် ရဲတပ်ဖွဲ.က သေနတ် နှစ်ချက်ပစ်ဖောက်ခဲ့သည်။
ရွာသားများက စီမံကိန်းလုပ်ဆောင်နေသော တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ဗဏီ မြန်မာနိုင်ငံမှထွက်ခွာရေး၊ ကြေးနီစီမံကိန်းဖျက်သိမ်းရေးတို့ကို ဆန္ဒပြတောင်းဆိုနေပြီး ဆည်တဲရွာမြောက်ပိုင်းရှိ ကုမ္ဗဏီမှလွန်ခဲ့သည့်အပတ်က စီမံကိန်းတိုးချဲ.ရန်ခတ်သွားသည့် ခြံစည်းရိုးအချို.အား ဖျက်ပစ်ရန်ကြိုးစားခဲ့ကြောင်း အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသည့် ဆရာတော်ဦးအာလောက ကပြောကြားသည်။
လောက်လေးခွများ၊ ဆန္ဒပြပိုစတာများ ကိုင်ဆောင်ထားသော ဆန္ဒပြသမားများ က ခြံစည်းရိုးများအနားမှ ပြန်လည်ဆုတ်ခွာခဲ့သောလည်း ဆက်လက်ဆန္ဒပြနေကြောင်း၊ သေနတ်ပစ်ခတ်မှုကြောင့် တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ၄င်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းမုံရွာမြို.၏ အနောက်ဖက် ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိသော လက်ပတောင်းတောင် ကြေးနီစီမံကိန်းကို် လုပ်ကိုင်နေသည့် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ဗဏီနှင့် ၀မ်ပေါင်ကုမ္မဏီအား ကန့်ကွက်ဆန္ဒပြမှုများဆက်လက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ယနေ.မှစ၍ ဒေသခံများက စီမံကိန်းအနီးရှိ လွန်ခဲ့သည့်အပတ်က ရဲတပ်ဖွဲ.များ၏ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သော မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်း သေဆုံးခဲ့သည်နေရာ၊ တုံရွာ အနောက်ဘက်နှင့် ဆည်တဲရွာမြောက်ဘက်တွင် ဆန္ဒပြတောင်းဆို နေကြခြင်းဖြစ်သည်။
"ကိုမြေပေါ်မှာမတရားခြံလာခတ်တာလက်မခံဘူး အဲဒီအတွက် ခြံစည်းရိုးတွေကို့ ကျနော်တို.ရွာသားတွေက နုတ်ပစ် တာကို ရဲတွေက လူအုပ်ကြားထဲကိုသေနတ်နဲပစ်ပြီး တားတယ် ကျနော်တို့ကဆက်လက် တောင်းဆိုမှာပဲ" ဟုဆန္ဒပြသူတစ်ဦးဖြစ်သည့် ကိုထက်က ပြောကြားသည်။
ဆည်တဲရွာမြောက်ဘက်ပိုင်းတွင် ၀မ်ပေါင်ကုမ္မဏီမှ ကာရံထားသော ခြံစည်းရိုးများကို ဖြိုဖျက်ပြီး ဒေသခံ တောင်သူများအနေဖြင့် အထိုင်သပိတ်စခန်းစတစ်ခုဖွင်လှစ်ပြီး၊ မိမိမြေ ပြန်လည်မပေးမခြင်း ဆန္ဒပြတောင်း ဆိုသွားမည်ဖြစ်ပြီး လက်ရှိအခြေနေတွင် တုံရွာမှဒေသခံတောင်သူများနှင့် ဆည်တဲရွာဒေသခံတောင်းသူများ စုပေါင်းပြီး အင်အား၄၀၀ ၀န်းကျင်ဖြင့် တောင်းဆိုနေကြသည်။
“အခုဒီနေရာမှာကျွန်တော်တိုရွာသားတွေ ကိုမြေကိုပြန်မရမချင်း စခန်းဖွင်ပြီးတောင်းဆိုဖိုလုပ်နေပါတယ် သူတိုသေနတ်နဲ့ပစ်ချင်လည်းအသေခံမယ်။် မြေပြန်မရရင်ဒီနေရာကမထတော့ဘူး” ဟု၎င်းကပြောကြားသည်။
လွန်ခဲ့သည့်ရက်သတ္တပတ်က လက်ပတောင်းကြေးနီစီမံကိန်းအားတို.ချဲ.ရာ မြေ ၁ ဧက ၁၈ သိန်းဆိုသည့် လျော်ကြေးနှုန်းကိုလက်မခံနိုင်သော ရွာသားများ၊ မြေလျော်ကြေးကိုလုံးဝလက်မခံဘဲ မိရိုးဖလာတောင်သူအလုပ်ကို ဆက်လက်လုပ်ကိုင်လိုသော ဒေသခံများနှင့် ပဋိပက္ခဖြစ်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးကာ လူပေါင်း ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ပဋိပက္ခအားဖြေရှင်းရာတွင် အာဏာပိုင်များက တွေ့ဆုံညှိနှိုင်းမှုများမရှိကြောင်း၊ စီမံကိန်းလုပ်ကိုင်နေသည့် ၀မ်ပေါင်ကုမ္မဏီသည်လည်း လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် ဒေသခံတောင်သူတွေကို အလေးမထားတာတွေရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီမှ ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
“တကယ်ခံစား နေရတဲ့တောင်သူတွေဘ၀ကိုနာလည်မပေးဘူး သူတိုဖြစ်ချင်တဲ့အတိုင်းပြုလုပ်တော့ ဒီပြသနာတွေက မကြီးထွားသင်ဘဲကြီးထွားလာတာ။ ဒီကိစ္စမှာတာဝန်ရှိတာ အစိုးရနဲ့ကုမ္မဏီကတာဝန်ရှိဆုံးဘဲ။ညှိုနှိုင်းမှုမလုပ် ဘဲနဲ့ဒီတိုင်းဆက်သွားမယ်ဆိုရင်တော့ အရင်ဖြစ်ခဲ့တဲ့ပြသနာထက်ပိုကြီးဖိုဘဲရှိတယ်” လို့ ၄င်းကဆိုသည်။
The Yangon Globe 
https://www.facebook.com/TheYangonGlobe/posts/746816435394167




No comments:

Post a Comment