Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 29, 2014

တိရစ္ဆာန်များကို သတ်ဖြတ် အစိမ်းစားသည့် မြန်မာနိုင်ငံသား တစ်ဦးကို ထိုင်းနိုင်ငံ တက်ဒေသ မှ ရွာသားများ ထိတ်လန့်လျက်ရှိ


ထိုင်းနိုင်ငံ တက်ဒေသ မဲရာမတ်ခရိုင်ရှိ ဘန်ကွက်ပါဟာရွာတွင် တိရစ္ဆာန်များ အား သတ်ဖြတ်ကာ အစိမ်း စားတတ်သည့် မြန်မာနိုင်ငံသား တစ်ဦးအား နယ်နှင် ဒဏ်ပေးထားရာမှ ပြန်လည် ရောက်ရှိ လာမည်ကို ဒေသခံများ က စိုးရိမ်နေ သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ချထား စောင့်ကြည့်လျက် ရှိသည်။

မြန်မာနိုင်ငံသား ကရင်လူမျိုး၊ မိုခလိုင်းဆိုသူပြန်လာမည်ကို စိုးရိမ် ထိတ်လန့်နေကြောင်း ဒေသခံရွာသားများနှင့် ဘုန်းတော်ကြီးများက ပြောခဲ့ သဖြင့် တပ်ဒေသအုပ်ချုပ်ရေးမှူးက စစ်သားများနှင့် လုံခြုံရေးလုပ်သားများ အား စေလွှတ်ထား သည်။ မိုခလိုင်းသည် ကြက်နှင့်ခွေးများအားသတ်ဖြတ်ကာ အပိုင်းပိုင်းခုတ်ဖြတ်ပြီး ၀တ်ပမိုင် ၅ ဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ အိမ်သာ တစ်ခုအတွင်း အသားများအစိမ်းလိုက်စားနေသဖြင့် ဖမ်းဆီးခံခဲ့ရသည်။ အာဏာပိုင်များက ၄င်းအား သောင်ရင်းမြစ် တဖက်ကမ်း မြန်မာနိုင်ငံ ဘက်သို့ ပြန်လွှတ်ပေးခဲ့သည်။

စစ်သားများနှင့်လုံခြုံရေး လုပ်အားပေးများသည် ဘုန်းကြီးကျောင်း မှ ကျောင်း ထိုင်ဆရာတော်နှင့် တနင်္ဂနွေနေ့တွင် တွေ့ဆုံခဲ့သည်။ မိုခလိုင်း ပြန်လာမည်ကို ရွာသားများနှင့်ဘုန်းကြီးများက စိုးရိမ်နေသဖြင့် ညအချိန်တွင် အပြင် မထွက်ရဲကြဟု ဆိုသည်။ ဒေသခံများ၏ ကြက်အကောင် ၃၀ အား သတ်ဖြတ် ခဲ့သော်လည်း ၄င်းအားစိတ်မမှန်သူ အဖြစ်အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခြင်း မရှိသည့်အတွက် ထိတ်လန့်လျက် ရှိသည်ဟု ရွာသား တစ်ဦးဖြစ်သူ မိုင်သွန်းက ပြောကြားခဲ့သည်။

မဲရာမတ်ခရိုင် လက်ထောက် အုပ်ချုပ်ရေးမှူး ပန်တစ်ချန်သင်ဒေါက်က မိုခလိုင်း သည် ရှင်သန်နေထိုင်နိုင်ရေး အတွက် မည်သည့် အရာကို မဆိုစားသုံးနိုင် ရန် လေ့ကျင့်ထားသည့် စစ်သားဟောင်းတစ်ဦးဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။

စစ်သားများနှင့် လုံခြုံရေးလုပ်အားပေး များက ကျေးရွာလုံခြုံရေးနှင့် ရွာသား များ၏ စိတ်ဓာတ်မြှင့်တင်ရေးအတွက် နေ့စဉ်ကင်းလှည့် လျက်ရှိသည်ဟု ပန်တစ်ကပြောကြားခဲ့သည်။

KHtun

The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment