မန္တလေး (မဇ္ဈိမ) ။ ။ ဂေါဝိန်ဆိပ်ကမ်းမှ ကျူးကျော်များကို နော်ဝေဘုရင်၊
မိဖုရား ယင်းနေရာသို့ လာရောက်စဉ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးေ
က်ာမတီက ဖယ်ခိုင်းခဲ့ပြီး နော်ဝေ အစိုးရ အပါအဝင် အများက ဝေဖန်ပြီးနောက်
ကျုးကျော် များကို မူလ နေရာတွင် ပြန်လည် နေထိုင်ခွင့် ပြုလိုက်၍ ဒီဇင်ဘာ
၇ရက်မှ စတင်ကာ ပြန်လည်နေထိုင်ရန် လုပ်ဆောင်နေပြီဟု ငန်းမြှာရွာဇာတိ
ဆမစန်းမာဦး ဂေါဝိန်ဆိပ်ကမ်းကျူး နေထိုင်သူ တစ်ဦးကပြောသည်။
နေအိမ် ပြန်လည်တည်ဆောက်နေကြသည့် ဂေါဝိန်ဆိပ်တွင်နေထိုင်သော ကျူးများကို ဒီဇင်ဘာ ၇ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-မျိုးသန့်၊မဇ္ဈိမ)
“ပြေလည်စွာ လာရောက် ညှိနှိုင်းမှုပြု လုပ်တယ်၊ အဲဒါကြောင့်ဖယ်ပေးခဲ့တယ်၊
ငါးရက် လောက်တော့ ရှိတဲ့နေ ရာမှာပဲ ဖြစ်သလို နေခဲ့ရတယ်၊အခုတော့မူလနေ ရာမှာ
ပြန်လည်နေ ထိုင်မှာဖြစ်တယ်၊ တားမြစ်ခြင်း လည်းမ ရှိသလို၊ တားရင်လည်း
ရအောင်နေမှာပဲ” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၏ ဆင်းရဲမွဲ
တေမှုများကို မပြသလို၍ ဆိပ်ကမ်းဘေး နေထိုင်သူများ ဖယ်ရှားရှင်း
လင်းခဲ့ခြင်းကို မလုပ်သင့် သည့်လုပ်ရပ်ဟု နော်ဝေ အစိုးရက နော်ဝေ အခြေစိုက်
NRK သတင်းဌာနမှ တစ်ဆင့် ဝေဖန်ခဲ့သည်။
ဆိပ်ကမ်း ၀န်းကျင်တွင်
နေထိုင်သူများ မဖယ်ပေး ခဲ့ခြင်းကို စည်ပင် အနေဖြင့် ဘူဒိုဇာဖြင့်
ဖယ်ရှားရှင်း လင်းမှုများ ပြုလုပ် ခဲ့ကြောင်း စသည့် သတင်းများ စုံ လင်စွာ
ထွက်ပေါ်ခဲ့သည်။
မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ တာဝန်ရှိ
သူတစ်ဦးနှင့် စိန်ပန်း ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးသို့ မဇ္ဈိမက
သွားရောက် မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေ ကြားပေး ခဲ့ခြင်းမရှိပေ။
အဆိုပါနေရာများတွင် ၁၉၈၈ န်းကျင်ကတည်းမှ စတင်နေထိုင်ကြခြင်းဖြစ်ပြီး ကျူးကျော်တဲ ၁၀၀ ၀န်းကျင်နှင့် လူဦးရေ ၄၀၀ခန့်ရှိသည်ဟုဆိုသည်။
“ကျွန်မက ဆိပ်ကမ်းဘေး မှာနေလိုက်၊ သင်္ဘောပေါ်မှာ နေလိုက်နဲ့ နေတဲ့အတွက်
မြေနေရာ မရရှိခဲ့ပါဘူး။ အိမ်ဆောက် ထားတဲ့သူ တွေကိုလည်း မြေနေရာ အရင်ကပေး
ခဲ့ဖူးပါတယ် ” ဟု ကျုးကျော်နေ ထိုင်းသူ တစ်ဦးက ပြောသည်။
ကျူးမြေများ ပေါ်နေထိုင် သူများတွင် အိမ်ထောင် စုဇယား မရှိခြင်း၊ မှတ်ပုံတင်
မရှိခြင်း စသည့် အခက် အခဲများနှင့် အလုပ်ရှား ပါးမှုပြဿနာ များကို ရင်ဆိုင်
နေရသည် ဟုဆိုသည်။
နော်ဝေ ဘုရင်နှင့် မိဖုရား တို့သည်
မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ရက်က ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၅ရက်တွင်
မန္တလေးမြို့သို့ သွားရောက်ကာ ဧရာဝတီမြစ်ကို သင်္ဘောဖြင့်
လည်ပတ်ကြည့်ရှုခဲ့သည်။ ဘုရင်နှင့် မိဖုရား စီးနင်းမည့် သင်္ဘောကပ်ရာ
ဂေါဝန်ဆိပ်အနီး ကျူးကျော်များကို တိုင်းအစိုးရက ဖယ်ရှားစေ ခဲ့ခြင်းဖြစ်
သည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 7, 2014
ဂေါဝိန်ဆိပ်ကမ်း ကျူးကျော်နေ ထိုင်မှုများ မူလနေရာတွင် ပြန်နေပြီ
ဂေါဝိန်ဆိပ်ကမ်း ကျူးကျော်နေ ထိုင်မှုများ မူလနေရာတွင် ပြန်နေပြီ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 07, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 07, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment