CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 7, 2014
၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတ နောက်မကျဘဲ ကျင်းပနိုင်ဖို့ဆိုလျှင် – ဖေအောင်
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ သစ်လက်ထက်တွင် ဦးတင်အေး ဥက္ကဋ္ဌအဖြစ် တာဝန် ယူထား သည့် ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ကို အယုံအကြည်မရှိ . . .၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် အနာဂတ် မြန်မာနိုင်ငံကို ပုံဖော် ပေးနိုင်သည် ဖြစ်ရာ ဒိုင်လူကြီး ဆိုးကြောင့် ရလဒ်ဆိုး များ ပေါ်ပေါက်ကာ မြန်မာနိုင်ငံ၏ အနာဂတ်ပုံရိပ်များ ဖွပ်သည်ထက် ညစ်သွားမှာကို စိုးရိမ် ကဲနေကြ . . .
~~~~~~~~~~~~~~~~~~~~~~~~
အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း မြန်မာ့နိုင်ငံေ ရးနှင့် ပတ်သက်ပြီး အချက်၎ချက်ကို အဓိက ထားဆောင်ရွက် ရန် မြန်မာ့ တာဝန်ရှိပုဂ်္ဂိုလ်များအား တိုက်တွန်းခဲ့သည်။
၁။ မြန်မာအစိုးရအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတစွာ သတ်မှတ်ထားချိန် ထက် နောက်မကျစေဘဲ အချိန်မှန်ကျင်း ပရန်။
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်။
၃။ ငြိမ်းချမ်းရေးနှင့် လူနည်းစု အခွင့်အရေးများကို ဆောင်ရွက်ရန်။
၎။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပိုမိုအရှိန်မြှင့်ပြီး ဆောင်ရွက်ရန် စသည်တို့ဖြစ်သည်။…
မြန်မာအစိုးရအနေဖြင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတစွာ သတ်မှတ်ထားချိန် ထက် နောက် မကျစေဘဲ အချိန်မှန်ကျင်းပရန်ဆိုသည့် အချက် ကို ဆွေးနွေးပါမည်
နိုင်ငံတကာအတွေ့အကြုံများအရ ရွေး ကောက်ပွဲကို အကြောင်းအမျိုး မျိုးကြောင့် စောပြီးကျင်း ပကြသကဲ့ သို့ နောက်ကျပြီးမှလည်း ကျင်းပကြသည်။ ပြည်သူလူထုအပါ အ၀င် ပြည်တွင်းပြည်ပအင်အားရှိသော အဖွဲ့အစည်း များ၏ ဖိအားပေါ်မူတည်ပြီး ပြည်သူ့အကြိုက်ဆောင်ကာ ရွေးကောက်ပွဲ ကို ပြည်သူအလိုကျ ကျင်းပပေးလေ့ ရှိကြသည်။ ဒီမိုကရေစီနိုင်ငံများမှ ဒီမိုကရေစီအစိုးရများသည် များသောအားဖြင့် ရွေး ကောက်ပွဲကို သတ်မှတ် ချိန်အတိုင်းသော်လည်းကောင်း၊ သတ်မှတ်ချိန်ထက် စော၍သော်လည်းကောင်း ကျင်းပလေ့ရှိကြ သည်။ အာ ဏာရှင်အစိုးရများသည် ရွေးကောက်ပွဲကို အခြေအနေအကြောင်းအမျိုး မျိုးတို့ကို အကြောင်းရှာလျက် အကြောင်းပြပြီး သကာလ ရွေးကောက်ပွဲကို ““ရွှေ့””လေ့ရှိသည်။
အနီးဆုံးသာဓကကို ပြရမည် ဆိုလျှင်တော့ ထိုင်းနိုင်ငံပါပဲ။ ထိုင်းစစ် ခေါင်းဆောင် ပရာယွတ်ချူဟာချွန်သည် အာဏာစသိမ်းစဉ်အခါက ရွေးကောက်ပွဲ ကို ၆ လအတွင်းကျင်းပပေးမည်ဟု ကတိက၀တ်တွေပေးထားပေမယ့် မနေ့တစ်နေ့က လူသိရှင်ကြား ကြေညာ လိုက်သည့် ထိုင်းအထွေထွေရွေးကောက်ပွဲသည် ၂၀၁၆ ခုနှစ်ထက် မစောနိုင်ဟုဆိုသည်။ ထိုင်းစစ် အာဏာ သိမ်းခေါင်းဆောင်ဝန်ကြီးချုပ်ဆို သူက ရွေးကောက်ပွဲကို ရွှေ့လာခြင်းဖြစ် သည်။ ၂၀၁၆ခုနှစ်တွင် ရွေးကောက်ပွဲကို ထပ်ရွှေ့ဦးမှာမို့ ၂၀၁၆ကို date fixed လုပ်မထားခြင်းဖြစ် သည်ဟု နိုင်ငံရေးသမား တွေက သုံးသပ်နေကြသည်။ အမှန်တော့ date fixed လုပ်ထားစေဦးတော့၊ လက်နက်နှင့် အာဏာကို လက်ရှိစွဲကိုင်ထားသည့် လက် နက်ကိုင်ဝန်ကြီးချုပ် ဖြစ်သည့်အတွက် ၂၀၁၆ခုနှစ်မှာလည်း ထိုင်းရွေးကောက်ပွဲကို ၆ လတန်သည်၊ ၁နှစ်တန် သည် ထပ်မရွှေ့ပါဘူးလို့ မည်သူအာမခံနိုင်ပါသလဲ။ ဒီလို ရွှေ့ ရွှေ့ပြီး လိုရာခရီးရောက်အောင် နိုင်ငံ နှင့်ပြည်သူ ကို ဒယဥ့်တိုက်ဆွဲခေါ်နိုင်သည့် သာဓကတွေကိုလည်း ထိုင်းလက်နက်ကိုင် ၀န်ကြီးချုပ်က သိရှိပြီးဖြစ်ပါလိမ့် မည်။
Committment လို့ခေါ်သည့် ကတိပေးပြီးသားအလုပ်၊ ပြန်ပြင်၍ မရအောင် ကတိက၀တ်လွန်ပြီးသော အလုပ် မျိုးဖြစ်သည်။ ယင်းကတိသည် အစိုးရက ပြည်သူလူထုအပေါ် နှုတ်လွန် နှုတ်ကျွံပြီးသား ကတိက၀တ်မျိုးဖြစ် သည်။ သို့ရာတွင်အစိုးရက တစ်စုံတစ်ရာ တစ်စုံတစ်ရာဆိုသည်မှာ ပြည်သူအများစုဆန္ဒရှိရာ Focal Point နှင့် အတော်ပင် အလှမ်းကွာနေပါသေးသည်။ မြန်မာအစိုးရကား Committment များ ပျက်ကွက်နေဆဲဖြစ်သည်။
စစ်အစိုးရဆိုင်းဘုတ်ကို ဖြုတ်ထားပြီး အရပ်သားအစိုးရပါလို့ လူသိရှင်ကြားအော် မြည်နေပေမယ်လို့ ယူနီဖောင်း အထက်တွင် တိုက်ပုံဝတ်ထားသည့်အတွက် ဘောင်းဘီ ချွတ်အစိုးရအဖြစ်ပဲ ပြည်သူတွေကသိရှိနေ ကြသည်။ သမ္မတက ဗိုလ်ချုပ်ကြီးဟောင်း၊ လွှတ်တော်ဥက္ကဋ္ဌကိုယ်စီကလည်း ဗိုလ်ချုပ်ကြီးဟောင်း ဗိုလ်ချုပ်ေ ဟာင်း၊ ပြည် ထောင်စုဝန်ကြီး အများစုကလည်း ဗိုလ်ချုပ်တွေ၊ အာဏာရပါတီ ခေါင်းဆောင်တွေကလည်း ဗိုလ် ချုပ်တွေ၊ ဆွဲ ခန့်ပြည်ထောင်စုဝန်ကြီးတွေကလည်း လွှတ်တော်ကိုယ်စားလှယ် မဟုတ်သည့် ဗိုလ် ချုပ်တွေ၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကလည်း ဗိုလ်ချုပ်ကြီးဟောင်း၊ အမတ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတနှင့် တစ်ပတ်စဉ် တည်းဆင်းလာသူ သူငယ်ချင်းဆိုတော့ ကာစစ်ဗိုလ်ချုပ်တွေနှင့် ပါဝင်ဖွဲ့စည်းထားသည့် ““စစ်အစိုးရ””ပဲ ဖြစ်ပါ တော့သည်။
နိုင်ငံတကာမှ စစ်အစိုးရအချို့ရော စစ်အစိုးရတစ်ဖြစ်လဲ အာဏာရှင်အစိုးရရော စစ်တပ်က ကျောေ ထာက် နောက်ခံပြုထားတဲ့ အစိုးရရော၊ ဘယ်မည်သော အစိုးရဖြစ်စေ ““ရွှေ့””တဲ့နေရာ၊ ““ပြောင်း””တဲ့နေရာမှာ တစ် ဖက်ကမ်းခတ်သည့် ဧတဒဂ်ရသည်။ နိုင်ငံတော်နှင့် ပြည်သူ့မျက်နှာကို တစ်စက်ကလေးမှ မကြည့်။ သူတို့ရဲ့ Political Survival အတွက်ပဲ ဖြစ်သည်။ စကားကြုံတုန်း ပြောရလျှင် တပ်မတော် သားများအပါအ၀င် ကာ/ချုပ် က ပုဒ်မ ၄၃၆ ကိုမပြင်လိုခြင်းဟာလည်း ခုနကပြောသည့် Political Survival ကြောင့်ပဲဖြစ်မည်။ တစ်ဆက် တည်းမှာပဲ PR ကို ကျင့်သုံးစေချင်တာကလည်း Political Survival ကြောင့်ပဲ ဖြစ်ပါလိမ့်မည်။
လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးရာသီဥတုက မိမိတို့ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအကျပ်အတည်း၊ အပစ်အခတ်ရပ်စဲရေး ကတိက၀တ်တွေ မတည် နိုင်ဘဲ ပစ်ခတ်နေဆဲ အကျပ်အတည်း၊ အမျိုးသားပြန်လည် သင့်မြတ်နိုင်ရေး ရင်ကြားစေ့ဖို့ မျက်နှာချင်း မဆိုင်နေသေးသည့် အကျပ်အတည်းနှင့်အတူ ယင်းအကျပ် အတည်းတွေမတိုင်ခင် ရှေးဦးမဆွကာလ ကတည်းက (ဆရာကျော်ဝင်း ထောက်ပြ ထားသလို) တိုင်းရင်းသား လူမျိုးတွေနှင့် ဗမာလွှမ်းမိုးသည့် အစိုးရအဆက်ဆက်က ပဋိပက္ခ၊ ယင်းပဋိပက္ခသည် နှစ်ပေါင်း၆၀ သက်တမ်းရှိ ခဲ့ပြီး ၁၉၆၂ ခုနှစ် နောက်ပိုင်း မှာဖြစ်သည့် တပ်မတော်လွှမ်းမိုးသည့် အစိုးရအဆက်ဆက်နှင့် တိုင်းရင်းသားအား လုံးပါဝင်သည့် တိုင်းရင်းသားကြားထဲတွင် ရှိသည့် ပဋိပက္ခသက်တမ်းဟာလည်း နှစ်ပေါင်း ၅၀ ကျော်ပြီလို့ ဆိုသည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို အချိန်မှန်ကျင်းပနိုင်ဖို့ဆိုရာတွင် ဖော်ပြပါ အကြောင်းအရာများ အပါအ၀င် နိစ္စဓူဝ ပေါ်ပေါက်နေသည့် issues များကို အကြောင်းပြုပြီး ရွေးကောက်ပွဲ ရက် ရွှေ့သွားနို င်ကြောင်း၊ နောက် ဆုတ်သွား နိုင်ကြောင်း ပြောဆိုမှုတွေရှိနေသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဓိကအကျဆုံးဖြစ်သည့် ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုကြောင်း တပ်မတော်သား ကိုယ်စားလှယ်တွေက တင်ပြကြသည်။ ပြည်ထောင်စုလွှတ် တော် နာယကကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အချိန်ဇယားကို ““ရွှေ့”“ထားပါသည်။ ကျွဲကူးရေပါဆို သကဲ့သို့ ရွေးကောက်ပွဲကော်မရှင်၏ ပုဒ်မ ၃၉၈သည်လည်း နေမြဲခေါင်းထောင်နေဦး မည်ဖြစ်သည်။
ရွေးကောက်ပွဲ အချိန်နှင့်တစ်ပြေးညီ ကျင်းပနိုင်ရေးသည် ရွေးကောက်ပွဲ ကော်မရှင်ပေါ်တွင် အများကြီးတည် မှီ နေသည်။ နိုင်ငံတကာမှာဆိုလျှင် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးလေ့ ရှိသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်များတွင်-
(က) လွှတ်တော်ရွေးကောက်ပွဲ ကျင်းပပေးခြင်း၊
(ခ) လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့် ဆင့်ကို ဖွဲ့စည်းခြင်းနှင့် ကြီးကြပ် စေခြင်း၊
(ဂ) မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊
(ဃ) မဲစာရင်းများ ပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊
(င) သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအ ခြေအနေအရသော် လည်း ကောင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲ များကို ရွှေ့ဆိုင်းခြင်းစသည့် အချက်များပါဝင်သည်။
**** စာဆက်ကို အောက်ပါ post တွင်ဆက်လက်ဖတ်ရှု နိုင်ပါသည်
၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတ နောက်မကျဘဲ ကျင်းပနိုင်ဖို့ဆိုလျှင် – စာဆက်
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ပေါ်ဖို့ ဒိုင်လူကြီးဟု အများက တင်စားသည့် ရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသည် အခရာကျသည်။ ပုဒ်မ ၃၉၈(ခ) ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အရည်အချင်းများထဲတွင် -
(၃) (ကက) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး အဖြစ်ဖြစ်စေ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးအဖြစ်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးအဖြစ် ဖြစ်စေ၊ အလားတူ ရာထူးတာဝန်တစ်ခုခုတွင် ဖြစ် စေ အနည်းဆုံး (၅)နှစ်ဆောင်ရွက်ခဲ့သူဖြစ် ရမည်၊ သို့မဟုတ်
(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ရမည်၊ သို့မဟုတ်
(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါဆောင် ရွက်ခဲ့သူဖြစ်ရမည်။
(ဃဃ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ်္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူဖြစ်ရမည်။
(၄) သိက္ခာသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူဖြစ်ရမည်။
(၅) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း မရှိသူဖြစ်ရမည်။
(၆) နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ် သစ္စာရှိသူဖြစ်ရမည်။
(၇) နိုင်ငံရေး ပါတီဝင်မဟုတ်သူဖြစ်ရမည်။
(၈) လွှတ်တော်ကိုယ်စားလှယ်မဟုတ် သူဖြစ်ရမည် စသည့်အချက်များပါဝင်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ပုဒ်မ ၃၉၈ နှင့် ၃၉၉ တွင် ပြဋ္ဌာန်း ထားသည့် ပြဋ္ဌာန်း ချက်များအရ ပြည် ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု လွှတ်တော်ချုပ်တရားသူကြီး အဖြစ် ဖြစ်စေ၊ တရားလွှတ် တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူဖြစ်ရမည်ဆိုသည့် အရပ် ဘက်ဆိုင်ရာ အရည်အချင်း ပြဋ္ဌာန်းချက်များ ““မည်သို့ပင်ဆိုစေကာမူ”” ဆိုသည့် ယင်းတို့၏ လက်သုံးစကား အတိုင်းပင်၊ ဦးတင်အေး DSA အပတ်စဉ် (၉)တွင် ကြည်း/၁၁၂၃၆ (ဦးသိန်းစိန်က ကြည်း/ ၁၁၂၅၂)ကိုယ် ပိုင်အမှတ်ဖြင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်၊ ယင်းမှတစ်ဆင့် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်ဥက္ကဋ္ဌအဖြစ် အဆင့်ဆင့်ရာထူး လက် ခံလာ သူဖြစ်သည်။
အရပ်ဘက်ဆိုင်ရာ တာဝန်ဆိုလို့ ၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ပြီး ကျောက်ဆည်မဲဆန္ဒနယ်မြေတွင် အမတ်ဝင်ရွေးခဲ့သူဖြစ်သည်။ သို့ရာတွင် ထိုအချိန်က ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သူ သမ္မတဦးသိန်းစိန်၏ လမ်းညွှန်မှုဖြင့် ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်စေ ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်ထားခြင်းဖြစ်သည်။ ““မည်သို့ပင်ဆိုစေကာမူ”” မူနှင့် ဦးသိန်းစိန်က ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ပုဒ်မ ၃၉၈ (ဃဃ)တွင်လည်း အရည်အချင်းနှင့် ပတ်သက်ပြီး ပြဋ္ဌာန်း ချက်တစ် ရပ်မှာ ““ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ်္ဂိုလ်အဖြစ် နိုင်ငံတော် သမ္မတက ယူဆတဲ့သူဖြစ်ရမည်””ဆိုသည့် အချက်ပါဝင်ရာ နိုင်ငံတော်သမ္မတသည DSA (9) ကြည်း/၁၁၂၅၂ဖြစ်ပြီး ဦးတင်အေးသည် DSA (9) ကြည်း/၁၁၂၃၆ဖြစ် ပါသည်။ှ Seniority အရ ဦးတင်အေးက ပိုစောနေပါသည် ဆိုတော့ကာ ““ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ်္ဂိုလ်””ဖြစ်သွားပြီပေါ့။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရာထူးတာဝန်မှ နုတ်ထွက်ပေးရန် မီဒီယာများတွင် ဆောင်းပါးရှင် အချို့က တောင်းဆိုနေကြသကဲ့သို့ မြို့နယ်နေရာ အတော်များများတွင်လည်း ကော်မရှင် ဥက္ကဋ္ဌရာထူးမှ နုတ် ထွက်ပေးရေး ဆန္ဒဖော် ထုတ်လျက်ရှိကြသည်။ ““ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ကို အယုံအကြည် မရှိကြောင်းနှင့် ဖြုတ်ချပေးရန်””ခေါင်းစဉ်ပါ သတင်းတစ်ပုဒ်တွင် သမ္မတ ဦးသိန်းစိန်ဦးဆောင် သည့် အစိုးရသစ် လက်ထက်တွင် ဦးတင်အေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ရွေးကောက်ပွဲကော်မ ရှင် အဖွဲ့ကို အယုံအကြည်မရှိသောကြောင့် ဖြုတ်ချပေးရန် မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးအကြိမ်အဖြစ် စစ်ကိုင်းမြို့ တွင် နိုဝင် ဘာလ ၁၈ ရက်နေ့က ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြခြင်းသည် အနီးဆုံး ဆန္ဒ ဖော်ထုတ်ပွဲဖြစ် သည်။ နေရာဒေသအသီးသီးမှ ဆန္ဒဖော်ထုတ်သူတွေအားလုံး၏ တူညီသည့်ဆန္ဒများကား -
၁။ ၂၀၁၄ ခုနှစ်အတွင်းပြုလုပ်မည်ဟု ကတိပြုခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကို သူ့သဘောဆန္ဒနှင့်သူ ဘတ် ဂျက်ကို ငဲ့ကွက်သဖြင့်ဆိုသည့် အကြောင်းပြချက်ဖြင့် ပွဲဖျက်ခဲ့သည်။
၂။ စစ်ဗိုလ်လူထွက်အချင်းချင်း သမ္မတနှင့် သူငယ်ချင်းဖြစ်သူ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဥက္ကဋ္ဌလုပ်သည့် ရွေးကောက်ပွဲကော်မရှင်သည် သန့်ရှင်းပြီးဘက်လိုက်မှုကင်းသည့် တရားမျှတသည့် ရွေးကောက်ပွဲ လုပ်ပေးမည်ဆိုသည့် ကတိစကားအပေါ် ယုံကြည်မှုမရှိခြင်း။
၃။ ဦးတင်အေးအပေါ်တွင် ပုဂ်္ဂိုလ်ရေးအရ မုန်းတီးခြင်း၊ ရန်ငြိုးရန်စမရှိခြင်း။
၎။ ပြည်သူလေးစားယုံကြည်ပြီး ပါတီစွဲကင်းရှင်းသည့် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် အသစ် ပြန် လည် ပြင် ဆင်ဖွဲ့စည်းပေးစေလိုခြင်း။
၅။ ၂၀၁၅ရွေးကောက်ပွဲ အချိန်မှန် မှန်ကျင်းပပေးစေလိုခြင်း။
၆။ ရွေးကောက်ပွဲကော်မရှင် ဥပဒေများပြင်ဆင်လိုခြင်း စသည်တို့ဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် အနာဂတ်မြန်မာနိုင်ငံကို ပုံဖော်ပေးနိုင် သည်ဖြစ်ရာ ဒိုင်လူကြီးဆိုးကြောင့် ရလဒ် ဆိုးများ ပေါ်ပေါက်ကာ မြန်မာနိုင်ငံ၏ အနာဂတ်ပုံရိပ်များ ဖွပ်သည်ထက် ညစ် သွားမှာကို ပြည်သူအများ စိုးရိမ်ကဲနေကြ သည်။ ။
ဖေအောင်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတ နောက်မကျဘဲ ကျင်းပနိုင်ဖို့ဆိုလျှင် – ဖေအောင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 07, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 07, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment