Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 20, 2014

Mobile Home လို့ခေါ်တဲ့ အလွယ်တကူ ရွေ့ပြောင်းလို့ ရတဲ့ အိမ်





အမေရိကန်လူ့အဖွဲ့အစည်းဟာ စီးပွားရေးပုံသဏ္ဍန်ပြောင်းလဲမှုနဲ့အတူ တဖြည်းဖြည်းပြောင်းလဲနေတယ်။ Mobile Home လို့ခေါ်တဲ့ အလွယ်တကူ ရွေ့ပြောင်းလို့ ရတဲ့ အိမ်တွေ ကို ကြားဘူးမိကြလိမ့်မယ်။ အရင်တုံးကတော့ ဒီိလိုအိမ်တွေဟာ မြို့ပြင် နဲ့ ဝေးတဲ့ ပန်းခြံတွေအနီးမှာ ဈေးနှုန်းချိုသာစွာ နဲ့ ဆောက်လုပ်ခွင့်ပေးလေ့ရှိတယ်။ ဖလော်ရီဒါ ဘက်က Mobile Home အိမ်တွေ ဆိုရင် ဒေါ်လာ (တသောင်း) အောက်မှာရှိတယ်။

ဒါပေမယ့် လူတွေရဲ့ အမြင်မှာက အဲ့သလို နေရာတွေဟာ ဒုစရိုက်မှုတွေများတယ်။
ဝင်ငွေနိမ့်တဲ့သူတွေ၊ ဆေးခြောက်ချ ဘာချ ၊ တခုခု လုပ်ပြီးရင် အတည်တကျ မနေပဲ ပြောင်းရွေ့သွားလာနေကြတဲ့သူတွေလို့ ထင်ကြတာ များတယ်။ သူတို့ထင်တာလည်း မှားတော့ မမှားပါဘူး။ ဖလော်ရီဒါ ဘက်မှာ ဆိုရင် တချို့နေရာတွေက အဲ့သလို မျိုးဖြစ်နေတာကိုး။

ဒါပေမယ့် တချို့မြို့တွေမှာကျတော့ မြို့ ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပုံဖေါ်ချင်တဲ့ လူတွေက စိတ်ကူးတမျိုး နဲ့ စီမံပေးကြတယ်။ မြို့က စီးပွားရေးပျက်နေတယ်။ အိမ်ဈေးတွေက ထိုးကျနေတယ်။ ဒါပေမယ့် အဲ့သလို ဈေးပေါပေါ အိမ်တွေကို ဝယ်ပြီးနေမယ် ဆိုလည်း ပတ်ဝန်းကျင် က ဆေးအရောင်းအဝယ်လုပ်၊ လုယက်ခိုးဝှက်သူတွေများတာကြောင့်၊ အေးအေးဆေးဆေးနေချင်တဲ့သူတွေက ဘယ်သူမှ မနေချင်ကြဘူး။

ဒီနေ့တော့ အိမ်အရောင်းအဝယ် လုပ်ငန်းတခု ပေါ်လာတာနဲ့ ကမ်းခြေနား က မြို့သစ်လေးတခုဆီကို ရောက်သွားမိတယ်။
သူက လမ်းမှာပြောတယ်။
" အကိုရေ- Mobile Home တွေ ဆိုလို့ အထင်မသေးနဲ့နော်။ ဟိုရောက်ရင် တွေ့မယ်" တဲ့။

သူပြောတဲ့အတိုင်းပါပဲ။
ရောက်သွားတဲ့အခါ ဓါတ်ပုံမရိုက်ပဲ မနေနိုင်ဘူး။
Mobile Home တွေက အသစ်ဆောက်ထားတဲ့ဟာတွေ။
ပတ်ဝန်းကျင်တခုလုံးမှာလဲ အားကစားကွင်းရှိတယ်။
ဆောင်းရာသီ ဆိုတော့ ပန်းဂေါ်ဖီပင်တွေ၊ ဂေါ်ဖီထုတ် စိုက်ခင်းကြီးတွေက တမျှော်တခေါ် တွေ့ရတယ်။ မလှမ်းမကမ်းမှာ ပန်းသီးခြံတွေက အများအပြား။

လမ်းတဘက်ကမ်းမှာလည်း၊ သိန်းချီတန်တဲ့ လူနေရပ်ကွက်။
မြို့ထဲကို အလုပ်လုပ်ဖို့ ကားမောင်းသွားမယ် ဆိုရင် (၁၅) မိနစ်လောက်ပဲ ဝေးတယ်။
ထူးခြားတာက အဲ့ဒီရပ်ကွက်မှာ နေတဲ့သူတွေ စီးတဲ့ ကားတွေက လူလတ်တန်းစားတွေ စီးတဲ့ အသစ်ချတ်ချွတ်တွေ၊ နေတဲ့ သူတွေကလည်း လူဖြူအမေရိကန်တွေ၊

တကယ်တော့ မိုဘိုင်း အိမ်တွေက လူနေရပ်ကွက်နားဆီ တဖြည်းဖြည်းကပ်ပြီး ဆောက်လာတယ်။
ဒုစရိုက်မှုတွေ နည်းနည်း နဲ့ ပတ်ဝန်းကျင်သစ်တခုကို ဖန်ဆင်းပေးလိုက်တယ်။

ကဲ-- ဒီအိမ်လေး က ဒေါ်လာ (၄) သောင်းခွဲ တဲ့။
စစ်တတ်ရင် (၄) သောင်းလောက်ပဲ ပေးရမယ်။
ညနေဆိုရင် ဝရံတာလေးမှာ ထိုင်ပြီး
ဘဝကို အေးအေးဆေးဆေး အပမ်းဖြေလို့ရတယ်။
နောက်ဘက်မှာ စိုက်ခင်းလေးတွေ စိုက်စားလို့ရတယ်။
ဖေ့ဘွတ်တက်လိုက်၊
ကြယ်တွေကြည့်လိုက်၊ လရောင်အောက်မှာ နစ်မျော လိုက် လုပ်ချင်တဲ့ ဘော်ဒါများအတွက်---

No comments:

Post a Comment