Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 20, 2014

လူဖြူ တွေလေးစားရတဲ့ ရက်အင်ဒီးယန်းခေါင်းဆောင် " ခရေဇီဟော့စ်" ရဲ့ ရုပ်ထုကြီး အကြောင်း



အမေရိကန်သမ္မတ (၄) ယောက် ရဲ့ ရုပ်ထုကြီးတွေ တည်ရှိရာ၊ ရပ်ရှ်မိုးတောင်တန်းကြီးဆီကို လူသိများပေမယ့်၊ တောင်ဒေကိုးတားပြည်နယ်၊ အနက်ရောင်တောင်ကုန်းပေါ်က " ခရေဇီဟော့စ်" ရဲ့ ရုပ်ထုကြီး အကြောင်း သိကြမလား မသိဘူး။ လူဖြူ တွေလေးစားရတဲ့ ရက်အင်ဒီးယန်းခေါင်းဆောင် ရဲ့ ရုပ်ထုကြီးပါ။ နောက်ဆုံး အချိန်ထိ အသေခံတိုက်ပွဲဝင်သွားတဲ့ ခရေဇီဟော့စ် ( Crazy Horse ) ရဲ့ မြင်းခွာသံတွေကို ဒီကနေ့အထိ ကြောက်ရွှုံဖွယ်အမှတ်ရနေကြလို့ ဖြစ်ပါတယ်။
ခရေဇီဟော့စ် ရဲ့ ရုပ်ထုကြီးကို ရပ်ရှ်မိုးတောင်တန်း မှာ တည်ရှိတဲ့ ဂျော့ဝါရှင်တန် နဲ့ လင်ကွန်း ရုပ်ထုကြီးနားမှာ ထုဆစ်ဖို့ တချို့က ကမ်းလှမ်းပေမယ့်၊
ရက်အင်ဒီးယန်းခေါင်းဆောင်တွေကတော့ " မင်းတို့ရဲ့ လူဖြူ တွေကိုလည်း သိထားစေချင်ပါတယ်။ ငါတို့မှာလည်း သူရဲကောင်းတွေ ရှိတယ် ဆိုတဲ့အကြောင်း " တဲ့။
အမေရိကန်သမ္မတ (၄) ယောက်တည်ရှိရာ တောင်ကုန်းနဲ့ မျက်နှာချင်းဆိုင်မှာ သူတို့ရဲ့ သူရဲကောင်းကြီးကို ထုဆစ်လိုက်ကြတယ်။
ခရေဇီဟော့စ် ရုပ်ထုကြီးကို ၁၉၄၈ ကတည်းက ဆောက်လုပ်ခဲ့ပေမယ့်၊ အခုထက်ထိ မပြီးဆုံးသေးဘူး။ ပြီးစီးခဲ့မယ် ဆိုရင်တော့၊ ကမ္ဘာ့အကြီး ဆုံး ရုပ်ထုကြီး ဖြစ်လာမယ် လို့ ခန့်မှန်းကြတယ်။
တကယ်တော့ -- ရက်အင်ဒီးယန်းတွေ နဲ့ အမေရိကန်တွေ ကြားမှာ တရားဝင် ငြင်းခုန်နေရတဲ့ စာချုပ်စာတန်းပေါင်းများစွာရှိတယ်။ ကုလသမဂ္ဂ မှာ ဆက်လက်ဖြေရှင်းနေကြရတယ်။
အခုတွေ့နေရတဲ့
ကြီးမားလှတဲ့ မျက်နှာပြင်ရုပ်ထုကြီးဘေးမှာ ရပ်ရှ်မိုးတောင်တန်းပေါ်က အမေရိကန်သမ္မတ (၄) ယောက်ကို လက်ညှိုးထိုးနေတဲ့ ခရေဇီဟော့စ် ကတော့ မြင်းရိုင်းကြီးပေါ်မှာ ခန့်ညားထယ်ဝါစွာ --

No comments:

Post a Comment