Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 12, 2014

ပိုလန်နိုင်ငံမှာပြုလုပ်မယ့် Miss Supranational ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ ဟန်သီ

 
  Miss Supranational Myanmar 2014   ဆုရှင် ဟန်သီက ကိုရီးယားနိုင်ငံModel Association KMA အဖွဲ့အစည်း ကနေ ကျင်းပတဲ့ ဖက်ရှင်ရှိုးပွဲကိုတက် ရောက်ပေး ရမှာဖြစ်တဲ့အတွက် နိုဝင်ဘာလ ၅ရက်နေ့က ကိုရီးယား နိုင်ငံကို သွားရောက် ခဲ့ပြီး ၉ရက်နေ့ထိ ဖက်ရှင်ရှိုးလျှောက် ပေးရမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အဆိုပါ ပွဲနဲ့ ပတ်သက်ပြီး ဟန်သီက ..
“ဟန်သီ က ကိုရီးယားမှာ ၆ရက် နေ့ကနေ ၉ ရက်နေ့အထိ ဖက်ရှင်ရှိုးပွဲမှာ ရှိုး လျှောက်ပေးရမှာ။ ၁ဝရက်နေ့မှပြန် လာမယ်။ ဟန်သီတို့ကိုModel Asso-ciation KMA အဖွဲ့အစည်းကနေ မော် ဒယ်တစ်ယောက်အဖြစ် အသိအမှတ်ပြု ကတ်ပြားတွေပေးထားတယ်လေ။ သူတို့ အဖွဲ့ကနေ ဦးစီးပြီး လုပ်တဲ့ပွဲတွေတိုင်း တက်ပေးရတာပါ။ ခုလို ကိုရီးယားနိုင်ငံမှာ လုပ်မယ့်ပွဲအထိ တက်ခွင့်ရတယ်ဆိုတော့ ပျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်သီ ကိုယ်တိုင်ကလည်း Korea Crazy လည်း ဖြစ်တယ်။
ကိုရီးယား သွားရတာလည်း ကြိုက်တယ်။ တအားနာမည်ကြီးတဲ့ K Pop Idol တွေလည်း ထွက် တယ်။အဲဒီလိုနာမည်ကြီးတဲ့ နိုင်ငံတစ်ခုက Model Association KMA က ဖိတ်ခေါ် တဲ့အတွက်တအားပျော် တယ်။ ပြီးတော့ ဂုဏ်ယူမိတယ်။ ဒါက ညီမမက်ခဲ့တဲ့ အိပ်မက် တစ်ခုကို အကောင်အထည် ဖော်ခွင့်ရတယ်လို့လည်း ပြော လို့ရပါ တယ်။ ဒီလို အခွင့်အရေး မျိုးဆိုတာ တော်ရုံတန်ရုံ အခွင့် အရေးမဟုတ်ဘူးလေ။ အဲဒီ အတွက်ပိုပြီး ဂုဏ်ယူမိတယ်” လို့ ပြောပြခဲ့ပါတယ်။ဟန်သီက ကိုရီး ယား ကနေ နို ဝင်ဘာလ ၁ဝရက် နေ့ မြန်မာနိုင်ငံကို ပြန်လာ မှာဖြစ်ပြီး ပိုလန်နိုင်ငံမှာ ပြုလုပ် မယ့် Miss Supranational  ပြိုင်ပွဲသွား ရောက်ယှဉ်ပြိုင်ဖို့အ တွက် ပြင် ဆင်ဖြစ်ေ နကြောင်းပြော ပြခဲ့ပါတယ်။
သိမ့်သိမ့်
Popular Journal

No comments:

Post a Comment