Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 12, 2014

ဖေ့စ်ဘွတ်ခ်တွင် အလုပ်ကို ဝေဖန်ခဲ့သော CID ရဲအရာရှိနှင့် ထမင်းစားနေပုံကို ဖြန့်ဝေခဲ့သော ရဲတပ်သားတို့ ဖမ်းဆီး စစ်ဆေးခံနေရ


Wednesday, November 12, 2014

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် အလုပ်အပေါ် ဝေဖန်ခဲ့ကြသော ရဲ အရာရှိနှင့် ရဲတပ်သားတို့ကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းနှင့် ခုံရုံးဖွဲ့ စစ်ဆေးမှုတို့ ပြုလုပ်နေ သည်ဟု စုံစမ်း သိရှိရသည်။
ရဲတပ်ဖွဲ့၏ ထိုသို့ပြုလုပ်ခြင်းခံနေ ရသူတို့မှာ ရန်ကုန်တွင် ကျင်းပသည့် U-19 ဘောလုံးပွဲအတွင်း ကျွတ်ကျွတ် အိတ်များနှင့် ရဲများ ထမင်းစားနေပုံကို ဖြန့်ဝေ ခဲ့သော ရဲတပ်သားတို့နှင့် နေစရာ မရှိသည့်ကိစ္စ၊ လိုင်းခန်း မပေးသည့် ကိစ္စရပ်တို့နှင့် ပတ်သက်ကာ တပ်ဖွဲ့ အပေါ်ဝေဖန်ခဲ့သော CID ၏ DNA ဌာနတွင် တာဝန်ထမ်းဆောင်နေ သူ ဒုတိယရဲအုပ်အဆင့်ရှိသူ ပိုင်ရှားအောင် တို့ဖြစ်သည်။

ရဲတပ်ဖွဲ့အပေါ် အကြည်ညိုပျက် စေမှုတို့အပါအဝင် ၁၉၉၅ ခုနှစ် ရဲစည်း ကမ်း ဥပဒေအရ ရဲတပ်ဖွဲ့က ၄င်းတို့ကို အရေးယူခြင်းဖြစ်သည်ဟု သိရသည်။
ယင်းကဲ့သို့သောဖြစ်စဉ်များအပေါ် ရဲတပ်ဖွဲ့က သတင်း မထုတ်ပြန်ခဲ့ပေ။ သို့သော်လည်း တက်ကြွလှုပ်ရှားသူတို့ ကမူ ရဲတပ်ဖွဲ့လုပ်ရပ်အား ဝေဖန်နေကြ သည်။

တက်ကြွလှုပ်ရှားသည့် တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ”အာဏာရှင်ဆန်တဲ့လုပ်ရပ်လို့မှတ်ချက် ပြုလိုတယ်”ဟု ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး မြသင်းလက် ထက် ရေးဆွဲခဲ့သော ၁၉၉၅ ခုနှစ်ရဲ စည်းကမ်းဥပဒေ၏ ရဲစည်းကမ်းဖောက် ဖျက်ချက်တို့အရတို့ ယခုရဲတပ်သားတို့ အပေါ်စွပ်စွဲချက်တို့ က မကိုက်ညီဟု ၄င်းက ပြောသည်။
ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂလူ့ အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ ပါ အချက်အပြင် နိုင်ငံရှိ အမျိုးသား လူ့အခွင့်အရေးဥပဒေနှင့်လည်း မကိုက် ညီဟု ၄င်းက ထပ်ဝေဖန်သည်။

”မကျေနပ်ချက်တွေကို ပြောပိုင် ခွင့် မရှိဘူးလား။ မပြောစေချင်ရင် အ ပြောခံရအောင်မလုပ်နဲ့လေ” ဟု တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က ပြောသည်။
U-19 ဘောလုံးပွဲအတွင်း ကျွတ် ကျွတ်အိတ်များနှင့် ရဲများ ထမင်းစားနေ ပုံကို ရဲတပ်သားတစ်ဦးက ဓာတ်ပုံရိုက် ခဲ့ပြီး သူ့၏မိတ်ဆွေထံ ”ငါတို့ရဲ့ဘဝက ဒီလိုပါကွာ”ဟု Viber နှင့် ပုံပို့ခဲ့ရာမှ တစ်ဆင့် ထိုဓာတ်ပုံပျံ့နှံ့ခဲ့သည်။
ထိုရဲတပ်သားသည် ရဲတပ်ရင်းမှ ဖြစ်သည်။ ထို့အတူ ဒုရဲအုပ်ပိုင်ရှားအောင် သည်လည်း အထက်အရာရှိကို အပြစ် တင်မှုပြုခဲ့ထားကြောင်း၊ ဒုရဲအုပ် ပိုင်ရှား အောင်သည် အမှတ် ၁ ရဲအချုပ်တွင် ချုပ်နှောင်ခံထားရသည့်အတွက် ၄င်း၏ မိခင်မှာ နေပြည်တော်သို့ ရောက်ရှိနေ သည်ဟု ပေါ်ပြူလာနယူးစ်မှ စုံစမ်း သိရှိရသည်။

Popular Myanmar News Journal

No comments:

Post a Comment