မန္တလေးမြို့တွင် ယာဉ် တိုက်မှုကြောင့် ဆယ်လအတွင်း ၁၄၅ ဦး သေဆုံးခဲ့ကြောင်း သ တင်းရရှိသည်။
၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ အောက်တိုဘာအထိ ဆယ်လ တာကာလအတွင်း ယာဉ်တိုက်မှု
ပေါင်း ၃၃၈ မှုဖြစ်ပွားကာ ၁၄၅ ဦး သေဆုံးခဲ့ပြီး ၃၆၁ ဦး ထိခိုက် ဒဏ်ရာ
ရရှိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ယာဉ်ထိန်း ဒုတပ် ဖွဲ့ခွဲ့မှူးရုံးက
သတင်းထုတ်ပြန် သည်။
ယမန်နှစ် ကာလတူ နှိုင်း ယှဉ်ပါက သေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရသူအရေအတွက်မှာ အ
နည်းငယ်လျော့နည်းသော်လည်း ယာဉ်တိုက်မှုမှာမူ ကိုးမှု တိုးလာခဲ့ သည်။
ဆိုင်ကယ်ကြောင့် အများ ဆုံး သေဆုံးခဲ့ရခြင်းဖြစ်ပြီး ည ၆ နာရီမှ ည ၁၂
နာရီအတွင်း ယာဉ်တိုက်မှုများ အများဆုံးဖြစ်ပွား ကြောင်း တွေ့ရှိရသည်။
မန္တလေးမြို့တွင် ယာဉ်တိုက် မှုများ လျော့နည်းစေရန် စည်း
ကမ်းမဲ့မော်တော်ယာဉ်များကို ဌာနစုံ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး
အရေးယူနေပြီး မြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ် အတွင်းဆိုလျှင်
စည်ပင်သာယာ ဥပဒေဖြင့်လည်းကောင်း၊ စည်ပင် နယ်နိမိတ်ပြင်ပ ကျန်ခရိုင်မြို့နယ်
များတွင် မော်တော်ယာဉ်ဥပဒေ ဖြင့်လည်းကောင်း စစ်ဆေးအရေး ယူလျက်ရှိသည်။
ထို့အပြင် ယာဉ်တိုက်မှုများ လျော့နည်းစေရန် သြဂုတ်လ လယ်မှစတင်ကာ
တိုင်းဝန်ကြီး ချုပ်၏ လမ်းညွှန်ချက်အရ နေ့တွင်သာမက ညတွင်ပါ စစ်ဆေးအရေး
ယူမှုများကို ပူးပေါင်းစစ်ဆေး ရေးအဖွဲ့ ၇၉ ဖွဲ့ဖြင့် ဖမ်းဆီးအ
ရေးယူနေကြောင်း သတင်းရရှိ သည်။
7daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 13, 2014
မန္တလေးတွင် ယာဉ်တိုက်မှုကြောင့် ဆယ်လအတွင်း လူ ၁၄၅ ဦး သေဆုံး
မန္တလေးတွင် ယာဉ်တိုက်မှုကြောင့် ဆယ်လအတွင်း လူ ၁၄၅ ဦး သေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 13, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 13, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment