Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 13, 2014

တကယ်ရိုင်းတာ ဘယ်သူလဲဆိုတာပြဖို့ သက်သေအထောက်အထား ရှိပါတယ်လို့ဆိုတဲ့ သရုပ်ဆောင်အလင်းရောင်

သရုပ်ဆောင် အလင်းရောင်ကို နိုဝင်ဘာ၇ရက်နေ့မှာ Star Model Agency ရဲ့စာချုပ်ထဲမှာပါတဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်တဲ့ အပြင် အေဂျင်စီကို အသိမပေးဘဲ မိမိသဘောနဲ့ မိမိ၊ အလုပ်နဲ့ ငွေကြေးတွေကို လက်ခံခြင်း၊ အေဂျင်စီသို့ လုံးဝဆက်သွယ်မှုမရှိခြင်း၊ အေဂျင်စီရဲ့ အဖွဲ့ဝင်တွေအပေါ် မှာလည်း ဂုဏ်သိက္ခာကျစေဖို့ facebook ပေါ်မှာ ရိုင်းပြစွာ ရေးသားခြင်းတွေ ကျူးလွန်ခဲ့တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး အေဂျင်စီဘက်က တရားစွဲဆိုခဲ့ပါတယ်။ ထိုအကြောင်းအရာတွေနဲ့ ပတ်သက်လို့ သရုပ်ဆောင် အလင်းရောင်ကို မေးဖြစ်ခဲ့တာကတော့

အခုဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အလင်းရောင်ဘက်က ဘာပြောချင်တာရှိမလဲ။

ကျွန်တော့်ကိုလိမ်တယ်။ စည်းကမ်းဖောက်ဖျက်တယ်ပြောထားတယ်။ ပရိသတ်က screenshot တွေ ရိုက်ပြီးပို့ကြတယ်။ ပရိသတ်တွေက လူလိမ်လို့ ထင်မှာ စိုးရိမ်ပါတယ်။ ကျွန်တော် အကောင်းဆုံး လုပ်ခဲ့ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ညှိနှိုင်းတာမျိုးတွေ မလုပ်ခဲ့ဘူးလား။

ကျွန်တော့်ရဲ့ ရှေ့နေကလည်း ဂုဏ်သိက္ခာအတွက်လုပ်မယ်။ သူရေးထားတာတွေ ပြန်ရှင်းမယ်။ စာချုပ်ထဲကအကြောင်း ပြန်လည်ရှင်းတမ်း လုပ်သွားမှာပါ။ အခြေအနေတွေက ဘယ်လိုမှ ညှိနှိုင်းလို့မရတော့ဘူး။ အားလုံးလွန်ကုန်ပြီ။ ရုံးရောက်မလားပဲ။ အခြေအနေပေါ် မူတည်ပါတယ်။

အလင်းရောင် အနေနဲ့ကရော စာချုပ်ပါ အချက်အလက်တွေထဲက တစ်ခုခု ဖောက်ဖျက်ခဲ့တာ မျိုးရှိမလား။

ကျွန်တော် ကိုဂျွန်နဲ့ စာချုပ်ချုပ်စဉ်ကာလပတ်လုံးမှာ ကျွန်တော်ကို လာကမ်းလှမ်းကြတဲ့ လုပ်ငန်းရှင်၊ ကုမ္မဏီ၊ အနုပညာရှင်တွေ အားလုံးကို ကိုဂျွန်နဲ့တိုင်ပင်ပြီးမှ လုပ်ခဲ့ပါတယ်။ အလုပ်တစ်ခု လာအပ်တိုင်းကို အမြဲ အကြောင်းကြားခဲ့ပါတယ်။ အလုပ်ကိစ္စနဲ့ စာချုပ်ချုပ်ရင်တောင် သူ့ရုံးခန်းမှာ လုပ်တာပါ။ ကျွန်တော့်ရဲ့အနုပညာကြေး ဘယ်လောက် တောင်းရမလဲ ဆိုတာကအစ သူနဲ့တိုင်ပင်ပြီးမှ လုပ်တယ်။ အနုပညာကြေးရခဲ့ရင်လည်း ကျွန်တော်ဘယ်တော့မှမယူခဲ့ပါဘူး။ သူ့ကိုပဲ ယူခိုင်းပြီး ကိုဂျွန်ရဲ့စာချုပ်ထဲမှာပါတဲ့ amount အတိုင်းကို သူခွဲပေးမှ ယူခဲ့တာပါ။ တကယ်လို့ အနုပညာကြေး ရလာရင်လည်း ကျွန်တော် အလုပ်နဲ့မအားရင်တောင် သူတို့ဘက်က ဖုန်းဆက်ပြီး တောင်းပါတယ်။ လာယူပါတယ်။ ကျွန်တော့်ကို သူ့ရဲ့agency က ဝန်ထမ်းတွေအပေါ်မှာ ရိုင်းစိုင်းစော်ကားခဲ့တယ်လို့ ပြောပါတယ်။ စွပ်စွဲထားတယ်။ တကယ်ရိုင်းတာ ဘယ်သူလဲဆိုတာ ပြောပြပါမယ်။ ကျွန်တော့်မှာ အသံဖမ်းထားတဲ့ record ရှိပါတယ်။ ရှေ့နေကလည်း လုပ်ပေးမယ်ပြောပါတယ်။ တရားရုံးကျမှပဲ သိရမယ်။

လတ်တလောဇာတ်ကားရိုက်ကူးမှုတွေလက်ခံထားတာရှိမလား။

ကားရိုက်ဖို့ ပြောထားတာတွေ ရှိပါတယ်။ လောလောဆယ်မှာတော့ ဘယ်ရည်းစားကိုအချစ်ဆုံးလဲ ရုပ်ရှင်ကားကြီး ရိုက်ထားပါတယ်။

အခုဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မဟော်ဂနီထုတ်လုပ်ရေးဘက်ကရော အပြစ်မြင်တာမျိုး ရှိမလား။

မဟော်ဂနီဘက်က ဝင်မပါပါဘူး။ ဒီအတိုင်းပါပဲ။ နောက်ပြီး ကျွန်တော်နဲ့အလုပ်တွဲလုပ်မယ့် အနုပညာရှင်၊ လုပ်ငန်းရှင်များယုံယုံကြည်ကြည် နဲ့လက်တွဲလုပ်နိုင်ပါတယ်။ အခုလိုပြသနာဖြစ်နေတဲ့ အချိန်မှာ ဆိုပေမယ့် အနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာပါ။

အလင်းရောင်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်ဘက်က မှန်ကန်တယ်ဆိုတာ ယုံကြည်တဲ့ သဘောလား။

ကျွန်တော်ကတော့ ၁၀၀ရာခိုင်နှုန်းအပြည့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပါတယ်။ ကျွန်တော် စည်းကမ်းတွေလည်း လိုက်နာခဲ့ပါတယ်။ ကိုယ့်အမြင်၊ ဘေးအမြင်ဆိုတာ ရှိသေးတယ်လေ။ လူဆိုတာ စိတ်ဘယ်လိုရှိတယ်ဆိုတာ မသိနိုင်ပါဘူး။ ဘေးအမြင် ဘယ်လိုဆိုတာ လည်းမသိနိုင်ဘူးပေါ့။ အခုချိန် ဒီပြသနာကိစ္စနဲ့ပတ်သက်ပြီး ပြင်ဆင်နေပါပြီ။

ပရိသတ်ကိုပြောချင်တဲ့စကားလေးရှိရင်ပြောပေးပါဦး။

အခုပါတဲ့ အကြောင်းအရာ သတိပေးချက်တွေနဲ့ ပြသနာဖြစ်နေတဲ့ တဖက်သတ် စွပ်စွဲချက်တွေကြောင့် ပရိသတ်တွေက ကျွန်တော့်ကို အထင်အမြင် လွဲသွားနိုင်ပါတယ်။ အဲဒီ့အတွက် ကျွန်တော့်ကို ယုံကြည်ပေးကြပါ။ ကျွန်တော် အမှန်တရားတစ်ခုကို သက်သေပြသွားမှာပါ။

trend myanmar

No comments:

Post a Comment