အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို တူးဖော်ပြီးရင် ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့ပေးထားတဲ့ မှုခင်းဆေးပညာ ပါမောက္ခဆရာဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က ဘယ်လိုသေဆုံးခဲ့သလဲဆိုတာကို စစ်ဆေးသွားမယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။
ကိုပါကြီးအလောင်းကို မြှုပ်ထားတဲ့ ကျိုက်မရောမြို့အနီးက ရွှေဝါချောင်းကျေးရွာမှာ မနက်ဖြန်မှာ တူးဖော်မယ်လို့ မော်လမြိုင်မြို့ကိုရောက်နေတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဥာဏ်ဇော်က RFA ကို ပြောပါတယ်။
"မှုခင်းဆရာဝန်အဖွဲ့ရှိပါတယ် သူကတစ်ယောက်တည်းတောင် မဟုတ်ဘူး၊ အဖွဲ့နဲ့ ဖွဲ့ထားတာဖြစ်ပါတယ်၊ ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌါနက ဖွဲ့ပေးထားတဲ့အဖွဲ့နဲ့ သူတို့စစ်မှာဖြစ်ပါတယ်၊ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌါနပေါ့နော်၊ မိန်းကပေါ့ အဖွဲ့ဖွဲ့ထားတယ်လို့ ပြောပါတယ်၊ မှုခင်းဆေးပညာ ပါမောက္ခတစ်ယောက်တောင် ပါတယ်လို့ကြားတယ်၊ ဒီလိုမျိုးတွေ့ရှိဖို့က ကျနော်တို့ အတိအကျမပြောနိုင်သေးဘူး ဘာမှ၊ ကျနော်တို့ စုနေတုန်းပဲ၊ ကျနော်တို့က လိုတဲ့ရွာသားတွေ အုပ်ချုပ်ရေးပိုင်းတွေ၊ ရဲတွေပါ၊ တပ်မတော်တွေ အကုန်လုံးမပြီးသေးသေးဘူးခင်ဗျ စစ်လို့၊ မပြည့်စုံသေးဘူး"
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဟာ မော်လမြိုင်မြို့ကို နိုဝင်ဘာလ ၁ ရက်နေ့က ရောက်ရှိခဲ့ပြီး ကျိုက်မရောမြို့အခြေစိုက် ခ.လ.ရ ၂ဝ၈ တပ်က တပ်မတော်သားတွေနဲ့ အခင်းဖြစ်ပွားရာနေရာအနီးက ရွှေဝါချောင်း၊ မိတုံ စတဲ့ရွာတွေက ရွာသားတွေကိုလည်း ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။
ကိုပါကြီးဟာ တစ်လနီးပါးအကြာ ပျောက်ဆုံးနေခဲ့ရာကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် အမှတ် ၂ဝ၈ ခြေမြန်တပ်ရင်းက သူ့ကိုထိန်းသိမ်းထားစဉ်မှာ သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် အသေဖမ်းဆီးမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
RFA
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, November 4, 2014
ကိုပါကြီး ရုပ်အလောင်း မှုခင်းဆေးပညာပါမောက္ခ ဦးဆောင်စစ်ဆေးမည်
ကိုပါကြီး ရုပ်အလောင်း မှုခင်းဆေးပညာပါမောက္ခ ဦးဆောင်စစ်ဆေးမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 04, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 04, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment