Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 4, 2014

အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင် ဖွင့်ဟချက်

စိုင်းစိုင်းခမ်းလှိုင်က ဒါရိုက်တာ ကိုဇော် (အ ရုဏ်ဦး)ရိုက်ကူးနေတဲ့ ‘မြားနတ်မောင် ဝှက်တဲ့မြား’ ဇာတ်ကားကို ခင်ဝင့်ဝါနဲ့အတူ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ စိုင်းစိုင်း ခမ်းလှိုင်က ပန်းချီဆရာပေါက်စလေးအဖြစ် သရုပ်ဆောင်ထားပြီး အချစ်ဇာတ်ကားလေး တစ်ကားဖြစ် တယ်လို့လည်း သိရပါတယ်။ စိုင်း စိုင်းခမ်းလှိုင်က ဒီနှစ်ထဲမှာ ရုပ်ရှင် ဇာတ်ကား ကြီး တစ်ကားရိုက်ကူးဖို့အတွက်လည်း ပြင် ဆင်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဂျုံးဂျုံးဂျက်ဂျက် ရုပ်ရှင်ဇာတ်ကားကို ရိုက်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေကြပါတယ်။ ဇာတ်ညွှန်းနဲ့ ပတ်သက်လို့တော့ ပြင်ဆင်နေ တုန်းပါပဲ။ ရထားပေါ်မှာ ရိုက်ဖို့ အခြေ ခံထား တယ်ဆိုပေမယ့်လည်း ရထားပေါ်မဟုတ်တဲ့ ဇာတ်ဝင်ခန်းတွေလည်းပါကောင်းပါနိုင်ပါ တယ်။ အခုစာရေးဆရာရယ် ဒါရိုက်တာရယ်၊ ဇာတ်ညွှန်းရေးဆရာတွေရယ် ဇာတ်ကို ပြင်ဆင် နေကြပါတယ်။ ဒါရိုက်တာက ကိုဇော် (အရုဏ် ဦး)ပါ။ မင်းသမီးကတော့ ဝတ်မှုံရွှေရည်နဲ့ ရိုက်မှာပါ။ အခုတော့ဇာတ်အတွက် ပြင်ဆင် နေကြတဲ့အချိန်ပဲ ရှိပါသေးတယ်” လို့ စိုင်းစိုင်း ခမ်းလှိုင် က ပြောပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး အခု ချိန်ထိ တော့ ဘာမှထုတ်ပြန်စရာအကြောင်းမရှိသေး ပါဘူးလို့ အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြလာ တဲ့ စိုင်းစိုင်းခမ်းလှိုင်က “ကျွန်တော့် အချစ်ရေး နဲ့ ပတ်သက်လို့ ထုတ်ပြန်စရာမရှိသေးပါဘူး။ မပြောနိုင်သေးပါဘူး။ သူငယ်ချင်းတွေထဲမှာ တချို့တွေကလည်း အိမ်ထောင်ပြုကြတယ်။ တချို့တွေကလည်း မပြုကြဘူး။ အဲဒီတော့ ကျွန်တော်က တချို့ရက်တွေထဲမှာ အိမ်ထောင် ပြုသင့်တဲ့အရွယ်များ ငါရောက်နေပြီလားလို့ ထင်သလို တချို့ရက်တွေမှာကျတော့လည်း တအားငယ် ပါသေးတယ်ကွာလို့ ထင်မိတယ်။ အလုပ်လည်း လုပ်လို့ မဝသေးဘူး။ နောက် ပြီးတော့ ထပ်ပြီးလုပ်ချင်တဲ့ အလုပ်တွေက လည်း အများကြီးရှိနေသေးတယ်ဆိုတော့ အိမ်ထောင်ရေးကတော့ ဘာမှ တိတိကျကျ ပြောလို့ရ တဲ့အခြေအနေတော့ မရှိသေးပါဘူး။ တစ်ချိန်ကျရင်တော့ ကျွန်တော်ပြောပြပါမယ်။ ကံကြမ္မာလည်း တစ်စိတ် တစ်ဒေ သပါနိုင်ပါ တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ နေထိုင်မှုပုံစံနဲ့ လည်း သက်ဆိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုေ တာ့ ကျွန်တော်က အလုပ်ထဲမှာပဲ မွေ့ပျော်နေပြီး တော့ အလုပ်ကလည်း
တစ်ခုတည်းမဟုတ်ဘူး။ ဂီတရော ရုပ်ရှင်ရောဆိုတော့ အချစ်ရေးမှ မဟုတ်ဘူး။ လူမှုရေးတွေမှာလည်း ပျက်ကွက် တာတွေကို မျက်နှာပူရတယ်။ ဘယ်အရွယ်မှာ ရည်စား ထားမယ်၊ ဘယ်အရွယ်မှာအိမ်ထောင် ပြုမယ်ဆိုပြီးအရွယ်နဲ့ ပတ်သက်ပြီး တော့ ကျွန်တော်မတွေးထားပါဘူး။ တစ်ချိန် ကျရင်တော့ ပြောပြမှာပါ” လို့ ပြောပါတယ်။ ဒိတ် ဒိတ်ကြဲ ဗီစီဒီကို တော့ ဒီ ဇင်ဘာလ ၂၈ရက် နေ့မှာ ပရိ သတ် တွေအတွက် ဖြန့်ချိမယ်လို့ စိုင်း စိုင်းခမ်း လှိုင်က ပြောပါတယ်။

“ကျွန်တော့် ဘက်ကတော့ ပြီးစီးသ လောက် ဖြစ်နေပါပြီ။ ဒါပေမဲ့ နိုဝင်ဘာ ၁၅ ရက် နေ့မှာ Snare အဖွဲ့ရဲ့ ဒီဗီဒီ ထွက်ဖို့ရှိတဲ့ အ တွက် ကျွန်တော်ကဒီဇင်ဘာလမှာပဲ ထွက်ပါ မယ်။ ကျွန်တော်တို့က သူငယ်ချင်းတွေ လည်း ဖြစ်တဲ့အတွက် အခွေတွေ တိုက်နေရင်လည်း မကောင်းဘူး။ အဲဒါကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့မှ ကျွန်တော့် အခွေ လေးထွက်ပါမယ်” လို့ အခွေနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်း လှိုင်က ပြောပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က ပရိသတ် တွေရွေးချယ်ပေးတဲ့ I Love Artist ဆုကို ရရှိခဲ့တဲ့ အတွက် နိုဝင်ဘာ ၂ ရက်နေ့မှာ မိဘမဲ့ စာသင်ကျောင်း တစ်ခုကို သွား ပြီးလှူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

လွင်လွင်ထွန်း
Popular Journal

No comments:

Post a Comment