မန္တလေး (မဇ္ဈိမ)။ ။ ကမ္ဘာလှည့်ခရီးသွားများ အဓိက လာရောက်ရာ
နေရာတစ်ခုဖြစ်သည့် တောင်သမန်အင်းရှိ ဦးပိန်တံတားပေါ်တွင် ည ၈
နာရီနောက်ပိုင်း၌ မိန်းမလျာများနှင့် လူငယ်လူရွယ်များ၏ အမြင်မတော်သည့်
ကိစ္စရပ်များ ရှိနေသဖြင့် လုံခြုံရေးရယူနိုင်ရန် စီစဉ်ဆောင် ရွက်လျက်
ရှိသည်ဟု ဆင်စွယ်ပွတ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်ဝေက မဇ္ဈိမကို
ပြောသည်။
(ဓာတ်ပုံ - မဇ္ဈိမ)
“ဒီလိုကိစ္စမျိုးတွေက တစ်ခါတစ်ရံ ရှိနေပါတယ်။ မလိုလားအပ်တဲ့ ပြဿနာ တွေ
ဖြစ်လာမှာစိုးတဲ့အတွက် လုံခြုံရေးပိုင်း ဆောင်ရွက် တာ ဖြစ်ပါတယ်။
မြို့နယ်အုပ် ချုပ်ရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွေနဲ့ တိုင်ပင်ပြီး
လုံခြုံရေးယူဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဘယ်နေ့ စလုပ်ဖြစ်မယ်ဆိုတာတော့
မပြောနိုင်သေးဘူး”ဟု ၎င်းက ပြောသည်။
လက်ရှိအနေအထားတွင် ညပိုင်းကင်းလှည့်ဆောင်ရွက်ခြင်းများ ရှိနေသော်လည်း အမြဲတမ်းလုံခြုံရေး မယူနိုင်ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ နှစ်လ၊ သုံးလလောက်ကဆိုရင် အရက်သေစာသောက်စားပြီးတော့
မိန်းမလျာတွေနဲ့ အမြင် မတင့်တာမျိုးတွေ ရှိတယ်။ မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊
စက်မှုမြို့သစ်ဘက်က လာကြတယ်။ အချို့ ကျတော့လည်း အရောင်းအ၀ယ်တွေ ပါကြတယ်” ဟု
တောင်သမန်တံတား လုံခြုံရေး နယ်မြေတာဝန်ခံ ဦးစိုးဝင်းက ပြောသည်။
အဆိုပါကိစ္စကို တောင်သမန်တွင် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့၍ နည်းပါးသွားသော်လည်း ပျောက်ကွယ်သွားခြင်း မရှိကြောင်း ဆိုသည်။
“မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေး
ပူးပေါင်း ပြီးတော့ ည ၈ နာရီနောက်ပိုင်း တောင်သမန် တံတားပေါ်မှာ
ဖြစ်ပျက်နေတဲ့ အမြင်မတော်တဲ့ ကိစ္စရပ်တွေကို တားဆီးရမှာပေါ့” ဟု ဦးညွန့်ဝေက
ပြောသည်။
၂၀၁၃ ခုနှစ်အတွင်းက ကျုံးဘေးပတ်လည်တွင်
ရှင်းလင်းရေးများ ဆောင်ရွက်ပြီးနောက် မိန်းမလျာများသည် ကန်တော်ကြီးနှင့်
တောင်သမန် သို့နေရာ ရွှေ့ပြောင်းလာကြသည်ဟု ဆိုသည်။
Mizzima
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 27, 2014
ဦးပိန်တံတားပေါ်မှ ညအချိန် အမြင်မတော်မှုများ အရေးယူမည်
ဦးပိန်တံတားပေါ်မှ ညအချိန် အမြင်မတော်မှုများ အရေးယူမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 27, 2014
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment