Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 26, 2014

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ အေရးႀကီးအဆိုတင္သြင္း

ႏို၀င္ဘာလ ၂၆ ရက္ေန႔ ယေန႔မြန္းလြဲပိုင္းကက်င္းပေသာ ျပည္ေထာင္စုလႊတ္ေတာ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ဥကၠ႒ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအာင္ဆန္းစုၾကည္သည္ အေရးႀကီးအဆိုတစ္ရပ္တင္သြင္းခဲ့သည္။ ၎ အဆိုမွာ----
ေလးစားအပ္ပါေသာနာယကႀကီးရွင့္၊ ကၽြန္မဒီအဆုိကုိတင္သြင္းရတဲ့ အေၾကာင္းအရင္းကေတာ့ ျပည္ေထာင္ စုလႊတ္ေတာ္ရဲ႕ တာ၀န္ႀကီးတစ္ခုနဲ႔ ဆက္ စပ္ေနလုိ႔ျဖစ္ပါတယ္။ ကၽြန္မတုိ႔ဥပေဒျပဳ ေရးမ႑ိဳင္ျဖစ္တဲ့ လႊတ္ေတာ္ရဲ႕ အဓိက တာ၀န္ကေတာ့ ျပည္သူနဲ႔ႏုိင္ငံကုိအက်ဳိးျပဳမယ့္ဥပေဒမ်ားထုတ္ျပန္ဖုိ႔ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီဥပေဒေတြဟာထိေရာက္မႈရွိမွ တကယ္ဘဲ ျပည္သူေတြ ရဲ႕ ဘ၀ေတြေပၚမွာ ထိေရာက္မႈရွိမွသာ လွ်င္ တကယ္ ကၽြန္မတုိ႔ေတြဟာ ျပည္သူ႔ အက်ဳိးျပဳတယ္လုိ႔ဆုိႏုိင္မွာပါ။ စက္ၠဴေပၚ မွာဘဲရွိေနမယ့္ဥပေဒဆုိရင္ေတာ့ ျပည္ သူေတြကုိအက်ဳိးမျပဳႏုိင္ပါဘူး။ ကၽြန္မဒီကိစ္ၥနဲ႔ပတ္သက္လုိ႔ အနည္းငယ္ရွင္းလင္းခြင့္ေပးပါ။ ဦးေဇာ္ျမင့္ေ႒းတင္ျပ တဲ့အခါမွာဒီေကာင္းေသာအုပ္ခ်ဳပ္မႈ စနစ္အတြက္ လုိအပ္တဲ့နည္းဥပေဒေတြ လုိအပ္တယ္ဆုိၿပီးေတာ့ ေတာင္သူလယ္ သမားမ်ားနဲ႔ပတ္သက္တဲ့နည္းဥပေဒနဲ႔ အလုပ္သမားမ်ားနဲ႔ပတ္သက္တဲ့နည္းဥပေဒေတြအေၾကာင္းေျပာသြားပါ တယ္။ ကၽြန္မအေနနဲ႔ ဒါ့ထက္ပုိၿပီးေတာ့ က်ယ္က်ယ္၀ံ့၀ံ့ေျပာပါရေစ။ ဥပမာတစ္ ခ်ဳိ႕နဲ႔ ကၽြန္မေျပာပါရေစ။ ဥပမာဆုိရင္ ကၽြန္မတုိ႔ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒကုိ ၂.၁၁.၂၀၁၂ ခုႏွစ္ကတည္းကေနၿပီးေတာ့ ျပည္ေထာင္စုလႊတ္ေတာ္က ျပ ႒ာန္းၿပီးသားျဖစ္တယ္။ ဒါေပမဲ့ ခုထက္ ထိနည္းဥပေဒေတြ မထြက္လာေသးပါ ဘူး။ ဒီလုိနည္းဥပေဒေတြမထြက္လာေသးတာေၾကာင့္မုိ႔လုိ႔ ကၽြန္မတုိ႔ႏုိင္ငံမွာလုိအပ္ေနတဲ့ရင္းႏွီးျမႇပ္ႏွံမႈေတြကုိလုိအပ္သေလာက္မရ ျဖစ္ေနပါတယ္။ မနက္ ကဘဲ ျပည္သူ႔လႊတ္ေတာ္ဘက္မွာဆုိရင္ အစုိးရဌာနရဲ႕ ကုိယ္စားလွယ္တစ္ဦးကေနဆုိရင္ သီလ၀ါစီမံကိန္းနဲ႔ပတ္သက္ၿပီးေတာ့ လုိအပ္တဲ့ရင္းႏွီးျမႇဳပ္ႏွံတဲ့ေငြေရးေၾကးေရးေတြမရေၾကာင္းကုိေျပာသြားပါတယ္။ ကၽြန္မတုိ႔သိရတဲ့အခါမွာ ျမန္မာ ႏုိင္ငံမွာရင္းႏွီးျမႇဳပ္ႏွံဖုိ႔ေရာက္လာတဲ့ လုပ္ငန္းရွင္အခ်ဳိ႕ကနည္းဥပေဒမရွိတာေၾကာင့္မုိ႔လုိ႔ စဥ္းစားၿပီးေတာ့၊ စဥ္းစားသာစဥ္းစားတယ္။ မျမႇဳပ္ႏွံဘဲနဲ႔ျပန္သြားတဲ့လူေတြေတာ္ေတာ္မ်ားမ်ားရွိတယ္ ဆုိတာဒီလုိဘဲ ကၽြန္မတုိ႔သိခဲ့ရပါတယ္။ ဒါေၾကာင့္ ရင္းႏွီးျမႇပ္ႏွံမႈကုိလုိခ်င္လုိ႔ရွိရင္ ရင္းႏွီးျမႇဳပ္ႏွံဖုိ႔စဥ္းစားေနတဲ့ပုဂ္ၢိဳလ္ ေတြဟာဘယ္လုိနည္းဥပေဒေတြ၊ ဘယ္ လုိစည္းမ်ဥ္းစည္းကမ္းေတြအရသူတို႔ ဘယ္လုိုရင္းႏွီးျမႇဳပ္ႏွံရမွာလဲဆုိတာကုိသိဖုိ႔လုိပါတယ္။ အဲဒီလုိသိဖုိ႔အတြက္ကုိအျမန္အဆန္နည္းဥပေဒမ်ား၊ စဥ္းမ်ဥ္းစည္းကမ္းမ်ားထုတ္ေပးဖုိ႔လုိပါတယ္။ ဒါတင္မကေသးဘူး။ ၂၀၁၃ ခုႏွစ္ ၃၁ ရက္ေန႔ ၇ လပုိင္းကေနဆုိရင္ ေငြေၾကး သက္ေသခံလက္မွတ္မ်ားေရာင္း၀ယ္ ေရးဥပေဒလည္း ျပ႒ာန္းခဲ့ၿပီးပါၿပီ။ ဒါေပမဲ့ ဒီဥပေဒနဲ႔ပတ္သက္လုိ႔ရွိရင္ လည္းနည္းဥပေဒေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြ မထြက္ေသးပါဘူး။ ဒါေၾကာင့္ မုိ႔လုိ႔ ကၽြန္မတုိ႔ရဲ႕ ေစ်းကြက္စီးပြားေရးအတြက္ အင္မတန္မွလုိအပ္တဲ့ေငြေၾကးလည္ပတ္မႈအတြက္ အေရးႀကီးလုိ႔ဆုိၿပီးေတာ့ ေစာလွ်င္စြာ ကၽြန္မတုိ႔လႊတ္ေတာ္ က ျပ႒ာန္းခဲ့တဲ့ဥပေဒဟာသက္ေရာက္ မႈမရွိဘူးျဖစ္ေနပါတယ္။ ဒါကေတာ့ ဒါ စီးပြားေရးနဲ႔ပတ္သက္လုိ႔ပဲ ကၽြန္မတုိ႔ ေျပာေနတာပါ။ ကၽြန္မတုိ႔ရဲ႕ ဥပေဒျပ ႒ာန္းတယ္ဆုိတာဟာ ႏုိင္ငံရဲ႕ ေအးခ်မ္းတည္ၿငိမ္ေရးအတြက္၊ တရားဥပေဒစုိးမုိးေရးအတြက္၊ ျပည္သူလူထုေတြရဲ႕ ဘ၀ တုိးတက္ျမႇင့္တင္ေရးအတြက္၊ လုံၿခံဳေရးအတြက္ဆုိၿပီးေတာ့ ရည္ရြယ္ခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ ဒီရည္ရြယ္ခ်က္ ေတြနဲ႔ထုတ္ျပန္ခဲ့တဲ့ တျခားဥပေဒေတြ ဟာလည္းနည္းဥပေဒေတြရဲ႕ စည္းမ်ဥ္းစည္းကမ္းမ်ားမထုတ္ရေသးလုိ႔ သက္ ေရာက္မႈမရွိေနတာေတြကုိေတြ႕ရပါ တယ္။ ဥပမာဆုိရင္ အလုပ္သမားမ်ားနဲ႔ပတ္သက္လုိ႔ ဦးေဇာ္ျမင့္ေ႒းကေနၿပီးေတာ့ အနည္းဆုံးလခ၊ အနည္းဆုံးအခေၾကးေငြဥပေဒကုိေျပာသြားပါတယ္။ ဒါေပမဲ့ ဒီ့အျပင္ တျခားဥပေဒေတြလည္းရွိပါေသးတယ္။ ဥပမာဆုိရင္ အလုပ္ အကုိင္နဲ႔ ကၽြမ္းက်င္မႈဖြံ႕ၿဖိဳးတုိးတက္ေရးတုိးတက္ေရးဥပေဒ၊ ေနာက္ၿပီးေတာ့ ၂၀၁၂ ခုႏွစ္ လူမႈဖူလုံေရးဥပေဒတုိ႔ျဖစ္ ပါတယ္။ ဒီလုိဥပေဒေတြဟာထုတ္သာထုတ္ထားတယ္။ ျပသာျပ႒ာန္းထားတယ္။ နည္းဥပေဒေတြကလည္းမထြက္ ေသးဘူး။ စည္းမ်ဥ္းစည္းကမ္းေတြကလည္းမထြက္ေသးဘူးဆုိေတာ့ ဘယ္လုိ မွ သက္ေရာက္မႈမရွိႏုိင္ပါဘူး။ ကၽြန္မတုိ႔ ရဲ႕ အလုပ္သမားေတြရဲ႕ ဘ၀လုံၿခံဳေရး အတြက္လည္းမကူေပးႏုိင္ဘူး။ အလုပ္ ရရွိေရး၊ လုပ္ငန္းဖန္တီးေရးအတြက္ လည္းမကူေပးႏုိင္ဘူး။ ေနာက္ၿပီးေတာ့ လည္း ကၽြန္မတုိ႔ရဲ႕ အလုပ္သမားေတြ ရ သင့္ရထုိက္တဲ့ လစာကုိရ႐ုံတင္မကအလုပ္ခြင္အတြင္းမွာရသင့္ရထုိက္တဲ့ ကာကြယ္မႈေတြ ရဖုိ႔ဆုိတာကုိလည္းဘာမွ ကၽြန္မတုိ႔ဟာမကူညီေပးႏုိင္ဘူး ျဖစ္ပါတယ္။ ဒီလုိတကယ္ပဲကူညီေပးႏုိင္ ဖုိ႔ဆုိရင္ နည္းဥပေဒေတြနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြဟာအမ်ားဆုံး၊ အျမန္ ဆုံး ကၽြန္မတုိ႔ထြက္ဖုိ႔လုိပါတယ္။ ဒါမွ လည္းဒီလႊတ္ေတာ္ကေနၿပီးေတာ့ ျပ ႒ာန္းလုိက္တဲ့ဥပေဒေတြဟာ ျပည္သူေတြရဲ႕ ဘ၀နဲ႔ ဆက္စပ္မႈရွိသြားမွာပါ။ ျပည္သူေတြရဲ႕ ဘ၀နဲ႔ ဆက္စပ္မႈမရွိသ၍ ကေတာ့ ကၽြန္မတုိ႔ လႊတ္ေတာ္ကဥပေဒသာျပဳတယ္။ ဥပေဒျပဳတာကေနလြန္ ၿပီးေတာ့ ကၽြန္မတုိ႔ႏုိင္ငံကုိအက်ဳိးျပဳ ႏုိင္မွာမဟုတ္ဘူးလုိ႔ ကၽြန္မတင္ျပခ်င္ ပါတယ္။ ကၽြန္မတုို႔ႏုိင္ငံရဲ႕ လူအမ်ားစုဟာလယ္ယာစုိက္ပ်ဳိးေရးကုိမွီတင္းေနထုိင္ေနတဲ့ပုဂ္ၢိဳလ္မ်ားျဖစ္ပါတယ္။ ဒါ ေၾကာင့္မုိ႔လုိ႔ ေတာင္သူလယ္သမားမ်ားအခြင့္အေရး၊ ကာကြယ္ေရးနဲ႔ အက်ဳိးစီးပြားဥပေဒကုိ ကၽြန္မတုို႔ ၈.၁၀.၂၀၁၃ ခုႏွစ္ကတည္းက ျပ႒ာန္းၿပီးသားပါ။ ဒါေပမဲ့လည္းဒီဥပေဒဟာလည္းနည္းဥပေဒေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြ မထြက္ေသးတာေၾကာင့္မုိ႔လုိ႔ ထိေရာက္ မႈမရွိေသးပါဘူး။ ဒီလုိထိေရာက္မႈမရွိ ႏုိင္တဲ့အခါက်ေတာ့ ကၽြန္မတို႔ရဲ႕ ေတာင္ သူလယ္သမားမ်ားဟာအခုထက္ထိေႂကြးတြင္းထဲမွာနစ္ေနတဲ့ဒုက္ၡ၊ နည္းပညာမ်ားမေဆာင္ႏုိင္တဲ့ဒုက္ၡ၊ ေစ်းကြက္ မွာမယွဥ္ႏုိင္တဲ့ဒုက္ၡ ေနာက္ၿပီးေတာ့ လည္းအဖက္ဖက္ကအခက္အခဲေတြ ရွိလြန္းလုိ႔ ကုိယ့္အိမ္ကုိယ့္ယာပစ္ၿပီးေတာ့ တျခားမွာသြားၿပီးေတာ့အလုပ္ လုပ္ရတဲ့ဒုက္ၡေတြနဲ႔အမ်ားႀကီးရင္ဆုိင္ ေနရပါတယ္။ အဲဒီေတာ့ ကၽြန္မတုိ႔ရဲ႕ လူမ်ားစုျဖစ္တဲ့ေတာင္သူလယ္သမားမ်ားရဲ႕ ဘ၀ တကယ္ပဲျမႇင့္တင္ေပးခ်င္ တယ္ဆုိရင္ေတာ့ လုိအပ္တဲ့နည္းဥပေဒနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြကုိအျမန္ဆုံးထုတ္ျပန္ဖုိ႔လုိပါတယ္။ မၾကာေသးခင္ကပဲအခ်ိန္မဟုတ္ မုိးသည္းထန္စြာရြာတာေၾကာင့္မုိ႔လုိ႔ ေတာင္သူလယ္သမားမ်ားဟာအမ်ားႀကီးပဲအခက္အခဲေတြနဲ႔ ရင္ ဆုိင္ရပါတယ္။ ဒီအခက္အခဲေတြကုိကူ ၿပီးေတာ့ ေျဖရွင္းႏုိင္ဖုိ႔ ကၽြန္မတုိ႔ျပ႒ာန္းထားတဲ့ဥပေဒဟာအမ်ားႀကီးလုပ္ေပး ႏုိင္မွာပါ။ ဒါေပမဲ့ ဥပေဒဟာအခုထိေတာ့ စက္ၠဴေပၚမွာပဲရွိေနတာေၾကာင့္မုိ႔ လုိ႔ ကၽြန္မတုိ႔ရဲ႕ ေတာင္သူလယ္သမားေတြရဲ႕ ဘ၀နဲ႔ ဘာမွမဆုိင္သလုိ ျဖစ္ေနပါ တယ္။
ဒါေၾကာင့္မို႔ ကၽြန္မတို႔ ဒီလိုမ်ဳိးနည္းဥပေဒေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြကိုအျမန္ဆံုးထုတ္ျပန္ေပးဖို႔ ေဆာ္ၾသတာ ျဖစ္ပါတယ္။ ကၽြန္မတို႔ ဒီမိုကေရစီလမ္းေၾကာင္းကိုသြားေနတယ္ဆိုတဲ့ ႏိုင္ငံတစ္ခုမွာဆိုရင္ သတင္းမီဒီယာဟာအေရးႀကီးပါတယ္။ စတုတ္ၳမ႑ိဳင္လို႔ အမ်ားကေျပာၾကပါတယ္။ အဲဒီေတာ့ သတင္းမီဒီယာနဲ႔ ပတ္သက္တဲ့ ဥပေဒဆိုရင္ ကၽြန္မတို႔ ဒီႏွစ္ေစာေစာပိုင္းကေနထုတ္ျပန္ျပဌာန္းထားၿပီးပါၿပီ။ ဒါေပမဲ့ အခုထက္ထိနည္းဥပေဒမ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ားမထြက္ေသးတာေၾကာင့္မို႔ ဒီမီဒီယာဥပေဒဟာလည္းသက္ေရာက္မႈမရွိေသးပါဘူး။ သက္ ေရာက္မႈမရွိတဲ့အခါက်ေတာ့ ကၽြန္မတို႔ ရဲ႕ သတင္းလုပ္ငန္းနဲ႔ ပတ္သက္လို႔ တိုးတက္ႏိုင္သေလာက္မတိုးတက္တဲ့ အျပင္ သံသယမ်ား၊ စိုးရိမ္မႈမ်ားဟာတစ္ႏွစ္နဲ႔ တစ္ႏွစ္ပိုၿပီးေတာ့ မ်ားလာတာေတြကိုေတြ႕ေနရပါတယ္။ ဒါေၾကာင့္ ကၽြန္မတုိ႔မီဒီယာဟာတစ္ကယ္ပဲဒီမိုကေရစီစံႏႈန္းစံထားေတြနဲ႔ ကိုက္ညီၿပီးေတာ့ ျပည္သူလူထုကိုအက်ဳိးျပဳတဲ့ မီဒီယာမ်ဳိးျဖစ္ေစခ်င္တယ္။ ေစာေစာကေျပာသြားတဲ့ ကိစ္ၥေပါ့ေနာ္။ ြသသိ ြသလနမညာနညအဆိုတာ၊ ေကာင္းေသာအုပ္ခ်ဳပ္မႈစနစ္ဆိုတာပြင့္လင္းျမင္သာ မႈႏွင့္တာ၀န္ယူမႈအေပၚမွာ တည္တယ္ ဆိုရင္ ပြင့္လင္းျမင္သာမႈကိုအေထာက္ အကူေပးႏိုင္မယ့္ မီဒီယာရဲ႕ က႑ဟာလည္းအင္မတန္မွ အေရးႀကီးပါတယ္။ ဒီက႑ကို ျမႇင့္တင္ေပးဖို႔ဆိုၿပီးေတာ့ ဒီမီဒီယာဥပေဒကို ျပ႒ာန္းခဲ့တာပါ။ ဒါေပမဲ့ ဥပေဒျပ႒ာန္းၿပီးေတာ့ ဥပေဒသက္ေရာက္မႈမရွိရင္ ဒီဟာအေဟာသိကံျဖစ္သြားသလိုျဖစ္ေနပါတယ္။ ဒါ ေၾကာင့္နည္းဥပေဒမ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ားမထြက္မခ်င္းဒီမီဒီယာဥပေဒဟာလည္း ကၽြန္မတို႔ လိုအပ္တဲ့ စတုတ္ၳ မ႑ိဳင္ကိုပံ့ပိုးေပးမယ့္ ကိစ္ၥေတြဟာ ျဖစ္ ေပၚလာႏိုင္မွာမဟုတ္ပါဘူး။ မီဒီယာႏွင့္ အနည္းအပါးဆက္သြယ္ေနတယ္လုိ႔ ေျပာရမယ္ဆက္သြယ္ေရးဥပေဒကိုလည္း ကၽြန္မတို႔ ၂၀၁၃ ခုႏွစ္ကတည္းက ျပဌာန္းၿပီးသားျဖစ္ပါတယ္။ ဒီဆက္ သြယ္ေရးဥပေဒဟာလည္းနည္းဥပေဒမ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ားမထြက္ ေသးတာေၾကာင့္ ထိေရာက္မႈမရွိပါဘူး။ ဆက္သြယ္ေရးဥပေဒဟာအခုလိုဆက္ သြယ္ေရးပညာ၊ နည္းပညာအင္မတန္ မွ တိုးတက္ေနတဲ့ ေခတ္ႀကီးမွာဆိုရင္ လည္းေခတ္မီွခ်င္တဲ့ႏိုင္ငံတစ္ခုအတြက္ အင္မတန္မွ အေရးႀကီးပါတယ္။ အဲဒါ နဲ႔လည္းပတ္သက္လို႔ ကၽြန္မတို႔ လႊတ္ ေတာ္ကေတာ့ တာ၀န္ေက်ၿပီလို႔ ေျပာ ႏိုင္ေပမယ့္လည္း ျပည္သူလူထုရဲ႕ ဘ၀နဲ႔ ထိေတြ႕မႈမရွိသေရြ႕ေတာ့ ၿပီးျပည့္စံုၿပီလို႔ ေျပာလို႔ မရပါဘူး။ ဒါေၾကာင့္မို႔ ဒီဥပေဒဟာ ၿပီးျပည့္စံုျဖစ္ႏုိင္ဖို႔အတြက္ နည္းဥပေဒမ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ားအျမန္ဆံုးထုတ္ျပန္ေပးဖို႔ဟာ ကၽြန္မတို႔ လိုအပ္ေနတာျဖစ္ပါတယ္။ ေနာက္ အေရးႀကီးတဲ့ ဥပေဒတစ္ခုကေတာ့ ကၽြန္မတို႔ရဲ႕ အမ်ဳိးသားပညာေရးဥပေဒဆိုတာအမ်ားသိတဲ့အတိုင္းပဲအခုအခ်ိန္ မွာဆိုရင္ အမ်ဳိးသားပညာေရးဥပေဒနဲ႔ ပတ္သက္လို႔ ေက်ာင္းသားမ်ားဟာ ဆႏ္ၵ ျပေနၾကပါတယ္။ မေက်နပ္မႈေတြကိုေဖာ္ထုတ္ျပေနၾကပါတယ္။ အမ်ဳိးသားပညာေရးဥပေဒဟာ ကၽြန္မတို႔ ႏိုင္ငံရဲ႕ အခုပစ္ၥဳပ္ၸန္သာမကအနာဂတ္အတြက္ အင္မတန္မွအေရးႀကီးတဲ့ ဥပေဒျဖစ္ ပါတယ္။ ဒီဥပေဒကိုေရးဆြဲတဲ့ေနရာမွာလည္းအခ်ိန္ယူၿပီးေတာ့ သက္ဆိုင္ရာပုဂိ္ၢဳလ္မ်ားပါ၀င္ေဆြးေႏြးမႈနဲ႔ ေရးဆြဲခဲ့ တာပါ။ ဒါ အခုထက္ထိေတာ့ နည္းဥပေဒေတြဟာမထြက္ေသးပါဘူး။ ကၽြန္မနားလည္သေလာက္ကေတာ့ မၾကာမီထြက္ ေတာ့မယ္လို႔ေတာ့ ေျပာပါတယ္။ ဒါေပမဲ့လည္းမထြက္ေသးသေရြ႕ေတာ့ ဒီအမ်ဳိးသားပညာေရးဥပေဒဟာဘယ္ လိုထိေရာက္မႈရွိမယ္။ မိမိတို႔ရဲ႕ ဘ၀ ေတြ နဲ႔ ဘယ္လိုပတ္သက္မယ္ဆိုတာကိုေက်ာင္းသားလူငယ္မ်ားဟာမသိႏိုင္ ေသးပါဘူး။ ကၽြန္မတို႔ အမ်ဳိးသားပညာေရးဥပေဒႏွင့္ သက္ဆိုင္ေနတဲ့ အျခားဥပေဒေတြ ထုတ္ဖို႔လိုေနတယ္ဆိုတာလည္း ကၽြန္မတို႔ သတိျပဳေစခ်င္ပါတယ္။ ဥပမာဆိုရင္ ကၽြန္မတို႔ အဆင့္ျမင့္ ပညာေရးဥပေဒစသျဖင့္၊ သို႔ေသာ္ျငားလည္းဒါေတြ မထြက္ခင္ ထြက္ၿပီးသားျဖစ္တဲ့ အမ်ဳိးသားပညာေရးဥပေဒနဲ႔ ဆက္စပ္ ေနတဲ့ နည္းဥပေဒေတြ စည္းမ်ဥ္းစည္းကမ္းမ်ားအျမန္ဆံုးထုတ္ျပန္ဖို႔လိုပါ တယ္။ ဒါေၾကာင့္ ဒါမွလည္းေက်ာင္းသားမ်ားအေနႏွင့္လည္းမိမိတို႔ရဲ႕ မေက် နပ္ခ်က္ေတြကိုေသေသခ်ာခ်ာေဆြးေႏြး ၿပီးေတာ့ သက္ဆိုင္ရာနဲ႔ ညႇိႏႈိင္းတိုင္ပင္ ၿပီးေတာ့ အေျဖရွာႏိုင္မွာျဖစ္ပါတယ္။ ဒီလိုပဲ ကၽြန္မတို႔အခုဒါဟာ ျပဌာန္းၿပီးသားဥပေဒေတြအေၾကာင္းေျပာတာ ျဖစ္ေပမယ့္ အခုဆိုရင္ ကၽြန္မတို႔ရဲ႕ ၁၁ ႀကိမ္ေျမာက္ အစည္းအေ၀းကလည္း ၿပီးပါေတာ့မယ္။ ၁၂ ႀကိမ္ေျမာက္တဲ့ အခါက်ရင္လည္းထပ္ၿပီးေတာ့ ဥပေဒေတြျပဌာန္းမယ္လို႔ ထြက္ေပၚလာမယ္လို႔ ကၽြန္မတို႔ ေမွ်ာ္လင့္ရပါတယ္။ အခုျပဌာန္းၿပီးသားဥပေဒေတြ၊ ႏိုင္ငံျခားရင္း ႏွီးျမႇဳပ္ႏွံမႈဥပေဒေတြဆိုရင္ ၂ႏွစ္ရွိသြား ပါၿပီ။ ျပဌာန္းၿပီးသားဥပေဒအတြက္ ေတာင္မွ နည္းဥပေဒေတြ၊ စည္းမ်ဥ္းစည္းကမ္းဥပေဒေတြဟာမထြက္ႏိုင္ ေသးဘူးဆိုရင္ ေနာင္ကၽြန္မတို႔ ျပဌာန္းမယ့္ဥပေဒေတြအတြက္ ဥပေဒေတြ စည္းမ်ဥ္းစည္းကမ္းေတြဆိုတာဘယ္ ေတာ့မွထြက္ႏုိင္မလဲစဥ္းစားစရာျဖစ္ ႏုိင္ပါတယ္။ ဒီေတာ့ အေရွ႕ကေနၿပီးေတာ့ လႊတ္ေတာ္ကေနဥပေဒေတြ ျပဌာန္းသြား၊ ျပဌာန္းသြား၊ အေနာက္ကေနၿပီးေတာ့ နည္းဥပေဒေတြစည္းမ်ဥ္းစည္းကမ္းေတြကမွီေအာင္ မလိုက္ႏိုင္ရင္ ဒီဥပေဒ ျပဌာန္းခ်က္ေတြဟာလုပ္ျပ ခ်က္ေတြလိုပဲ ျဖစ္လာပါလိမ့္မယ္။ ျပည္ သူလူထုရဲ႕ ယံုၾကည္မႈဟာလည္းက်ဆင္းလာပါလိမ့္မယ္။ ဒီဥပေဒေတြ ျပဌာန္းတယ္ဆိုတာလည္းမိမိတို႔ရဲ႕ ဘ၀ေတြ ဟာဘာမွမထူးျခားလာပါဘူး။ လံုး၀ တုိးတက္မလာဘူးဆိုၿပီးေတာ့ ျပည္သူေတြဟာ ျမင္လာရင္ ကၽြန္မတို႔ႏိုင္ငံရဲ႕ ဥပေဒျပဳေရးမ႑ိဳင္ေရာအုပ္ခ်ဳပ္ေရးမ႑ိဳင္ေရာ၊ ျပည္သူရဲ႕ မ်က္စိထဲမွာ ျပည္ သူရဲ႕အျမင္ထဲမွာသိက္ၡာက်ပါတယ္။ သိက္ၡာက်တာမက်တာထက္ပိုၿပီးေတာ့ အေရးႀကီးတာဟာ ကၽြန္မတို႔ဟာ ျပည္သူလူထုရဲက ဘ၀ေတြကို ကူညီသင့္သေလာက္မကူညီႏိုင္တဲ့ အေနအထားကိုေရာက္သြားပါတယ္။ ဒါေၾကာင့္ မို႔လို႔ ကၽြန္မတို႔အခုဒီမိုကေရစီလမ္းေၾကာင္းကိုေလွ်ာက္ေနပါၿပီဆိုတဲ့ ေခတ္ မွာဥပေဒျပဳေရးမ႑ိဳင္ကေရာ၊ အုပ္ခ်ဳပ္ ေရးမ႑ိဳင္ကေရာေပါင္းၿပီးေတာ့ ျပည္ သူလူထုရဲ႕ ဘ၀မ်ား ျမင့္တင္လာေရးအတြက္ တတ္ႏိုင္သမွ် လုပ္ႏိုင္ေရးကိုဦးတည္ၿပီးေတာ့ ကၽြန္မဒီအေရးႀကီးအဆိုကိုတင္သြင္းရတာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ နာယကႀကီးမွတဆင့္ ျပည္ေထာင္စုလႊတ္ေတာ္က ျပဌာန္းၿပီး ျဖစ္ေသာဥပေဒမ်ားကို ႏိုင္ငံေတာ္၏ လုိအပ္ခ်က္မ်ားႏွင့္အညီအေကာင္ အထည္ေဖာ္ႏိုင္ေရးအတြက္ နည္းဥပေဒမ်ားစည္းမ်ဥ္းစည္းကမ္းတို႔ကိုအခ်ိန္ ႏွင့္တေျပးညီေဆာလ်င္စြာထုတ္ျပန္ ေဆာင္ရြက္ေပးရန္ အစိုးရအားတိုက္ တြန္းေၾကာင္းအဆိုကိုတင္သြင္းခြင့္ ေပးပါရန္ ေလးစားစြာတိုက္တြန္းနိဂံုး ခ်ဳပ္လိုက္ရပါတယ္။

NLD Chairperson
........................
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အရေးကြီးအဆိုတင်သွင်း
နိုဝင်ဘာလ ၂၆ ရက်နေ့ ယနေ့မွန်းလွဲပိုင်းကကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် အရေးကြီးအဆိုတစ်ရပ်တင်သွင်းခဲ့သည်။ ၎င်း အဆိုမှာ----
လေးစားအပ်ပါသောနာယကကြီးရှင့်၊ ကျွန်မဒီအဆိုကိုတင်သွင်းရတဲ့ အကြောင်းအရင်းကတော့ ပြည်ထောင် စုလွှတ်တော်ရဲ့ တာဝန်ကြီးတစ်ခုနဲ့ ဆက် စပ်နေလို့ဖြစ်ပါတယ်။ ကျွန်မတို့ဥပဒေပြု ရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ရဲ့ အဓိက တာဝန်ကတော့ ပြည်သူနဲ့နိုင်ငံကိုအကျိုးပြုမယ့်ဥပဒေများထုတ်ပြန်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေတွေဟာထိရောက်မှုရှိမှ တကယ်ဘဲ ပြည်သူတွေ ရဲ့ ဘဝတွေပေါ်မှာ ထိရောက်မှုရှိမှသာ လျှင် တကယ် ကျွန်မတို့တွေဟာ ပြည်သူ့ အကျိုးပြုတယ်လို့ဆိုနိုင်မှာပါ။ စက်္ကူပေါ် မှာဘဲရှိနေမယ့်ဥပဒေဆိုရင်တော့ ပြည် သူတွေကိုအကျိုးမပြုနိုင်ပါဘူး။ ကျွန်မဒီကိစ်္စနဲ့ပတ်သက်လို့ အနည်းငယ်ရှင်းလင်းခွင့်ပေးပါ။ ဦးဇော်မြင့်ဋ္ဌေးတင်ပြ တဲ့အခါမှာဒီကောင်းသောအုပ်ချုပ်မှု စနစ်အတွက် လိုအပ်တဲ့နည်းဥပဒေတွေ လိုအပ်တယ်ဆိုပြီးတော့ တောင်သူလယ် သမားများနဲ့ပတ်သက်တဲ့နည်းဥပဒေနဲ့ အလုပ်သမားများနဲ့ပတ်သက်တဲ့နည်းဥပဒေတွေအကြောင်းပြောသွားပါ တယ်။ ကျွန်မအနေနဲ့ ဒါ့ထက်ပိုပြီးတော့ ကျယ်ကျယ်ဝံ့ဝံ့ပြောပါရစေ။ ဥပမာတစ် ချို့နဲ့ ကျွန်မပြောပါရစေ။ ဥပမာဆိုရင် ကျွန်မတို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂.၁၁.၂၀၁၂ ခုနှစ်ကတည်းကနေပြီးတော့ ပြည်ထောင်စုလွှတ်တော်က ပြ ဋ္ဌာန်းပြီးသားဖြစ်တယ်။ ဒါပေမဲ့ ခုထက် ထိနည်းဥပဒေတွေ မထွက်လာသေးပါ ဘူး။ ဒီလိုနည်းဥပဒေတွေမထွက်လာသေးတာကြောင့်မို့လို့ ကျွန်မတို့နိုင်ငံမှာလိုအပ်နေတဲ့ရင်းနှီးမြှပ်နှံမှုတွေကိုလိုအပ်သလောက်မရ ဖြစ်နေပါတယ်။ မနက် ကဘဲ ပြည်သူ့လွှတ်တော်ဘက်မှာဆိုရင် အစိုးရဌာနရဲ့ ကိုယ်စားလှယ်တစ်ဦးကနေဆိုရင် သီလဝါစီမံကိန်းနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံတဲ့ငွေရေးကြေးရေးတွေမရကြောင်းကိုပြောသွားပါတယ်။ ကျွန်မတို့သိရတဲ့အခါမှာ မြန်မာ နိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့ရောက်လာတဲ့ လုပ်ငန်းရှင်အချို့ကနည်းဥပဒေမရှိတာကြောင့်မို့လို့ စဉ်းစားပြီးတော့၊ စဉ်းစားသာစဉ်းစားတယ်။ မမြှုပ်နှံဘဲနဲ့ပြန်သွားတဲ့လူတွေတော်တော်များများရှိတယ် ဆိုတာဒီလိုဘဲ ကျွန်မတို့သိခဲ့ရပါတယ်။ ဒါကြောင့် ရင်းနှီးမြှပ်နှံမှုကိုလိုချင်လို့ရှိရင် ရင်းနှီးမြှုပ်နှံဖို့စဉ်းစားနေတဲ့ပုဂ်္ဂိုလ် တွေဟာဘယ်လိုနည်းဥပဒေတွေ၊ ဘယ် လိုစည်းမျဉ်းစည်းကမ်းတွေအရသူတို့ ဘယ်လိုုရင်းနှီးမြှုပ်နှံရမှာလဲဆိုတာကိုသိဖို့လိုပါတယ်။ အဲဒီလိုသိဖို့အတွက်ကိုအမြန်အဆန်နည်းဥပဒေများ၊ စဉ်းမျဉ်းစည်းကမ်းများထုတ်ပေးဖို့လိုပါတယ်။ ဒါတင်မကသေးဘူး။ ၂၀၁၃ ခုနှစ် ၃၁ ရက်နေ့ ရ လပိုင်းကနေဆိုရင် ငွေကြေး သက်သေခံလက်မှတ်များရောင်းဝယ် ရေးဥပဒေလည်း ပြဋ္ဌာန်းခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီဥပဒေနဲ့ပတ်သက်လို့ရှိရင် လည်းနည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ မထွက်သေးပါဘူး။ ဒါကြောင့် မို့လို့ ကျွန်မတို့ရဲ့ စျေးကွက်စီးပွားရေးအတွက် အင်မတန်မှလိုအပ်တဲ့ငွေကြေးလည်ပတ်မှုအတွက် အရေးကြီးလို့ဆိုပြီးတော့ စောလျှင်စွာ ကျွန်မတို့လွှတ်တော် က ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဟာသက်ရောက် မှုမရှိဘူးဖြစ်နေပါတယ်။ ဒါကတော့ ဒါ စီးပွားရေးနဲ့ပတ်သက်လို့ပဲ ကျွန်မတို့ ပြောနေတာပါ။ ကျွန်မတို့ရဲ့ ဥပဒေပြ ဋ္ဌာန်းတယ်ဆိုတာဟာ နိုင်ငံရဲ့ အေးချမ်းတည်ငြိမ်ရေးအတွက်၊ တရားဥပဒေစိုးမိုးရေးအတွက်၊ ပြည်သူလူထုတွေရဲ့ ဘဝ တိုးတက်မြှင့်တင်ရေးအတွက်၊ လုံခြုံရေးအတွက်ဆိုပြီးတော့ ရည်ရွယ်ချက်တွေ အများကြီးရှိပါတယ်။ ဒီရည်ရွယ်ချက် တွေနဲ့ထုတ်ပြန်ခဲ့တဲ့ တခြားဥပဒေတွေ ဟာလည်းနည်းဥပဒေတွေရဲ့ စည်းမျဉ်းစည်းကမ်းများမထုတ်ရသေးလို့ သက် ရောက်မှုမရှိနေတာတွေကိုတွေ့ရပါ တယ်။ ဥပမာဆိုရင် အလုပ်သမားများနဲ့ပတ်သက်လို့ ဦးဇော်မြင့်ဋ္ဌေးကနေပြီးတော့ အနည်းဆုံးလခ၊ အနည်းဆုံးအခကြေးငွေဥပဒေကိုပြောသွားပါတယ်။ ဒါပေမဲ့ ဒီ့အပြင် တခြားဥပဒေတွေလည်းရှိပါသေးတယ်။ ဥပမာဆိုရင် အလုပ် အကိုင်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတိုးတက်ရေးဥပဒေ၊ နောက်ပြီးတော့ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတို့ဖြစ် ပါတယ်။ ဒီလိုဥပဒေတွေဟာထုတ်သာထုတ်ထားတယ်။ ပြသာပြဋ္ဌာန်းထားတယ်။ နည်းဥပဒေတွေကလည်းမထွက် သေးဘူး။ စည်းမျဉ်းစည်းကမ်းတွေကလည်းမထွက်သေးဘူးဆိုတော့ ဘယ်လို မှ သက်ရောက်မှုမရှိနိုင်ပါဘူး။ ကျွန်မတို့ ရဲ့ အလုပ်သမားတွေရဲ့ ဘဝလုံခြံုရေး အတွက်လည်းမကူပေးနိုင်ဘူး။ အလုပ် ရရှိရေး၊ လုပ်ငန်းဖန်တီးရေးအတွက် လည်းမကူပေးနိုင်ဘူး။ နောက်ပြီးတော့ လည်း ကျွန်မတို့ရဲ့ အလုပ်သမားတွေ ရ သင့်ရထိုက်တဲ့ လစာကိုရရုံတင်မကအလုပ်ခွင်အတွင်းမှာရသင့်ရထိုက်တဲ့ ကာကွယ်မှုတွေ ရဖို့ဆိုတာကိုလည်းဘာမှ ကျွန်မတို့ဟာမကူညီပေးနိုင်ဘူး ဖြစ်ပါတယ်။ ဒီလိုတကယ်ပဲကူညီပေးနိုင် ဖို့ဆိုရင် နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာအများဆုံး၊ အမြန် ဆုံး ကျွန်မတို့ထွက်ဖို့လိုပါတယ်။ ဒါမှ လည်းဒီလွှတ်တော်ကနေပြီးတော့ ပြ ဋ္ဌာန်းလိုက်တဲ့ဥပဒေတွေဟာ ပြည်သူတွေရဲ့ ဘဝနဲ့ ဆက်စပ်မှုရှိသွားမှာပါ။ ပြည်သူတွေရဲ့ ဘဝနဲ့ ဆက်စပ်မှုမရှိသ၍ ကတော့ ကျွန်မတို့ လွှတ်တော်ကဥပဒေသာပြုတယ်။ ဥပဒေပြုတာကနေလွန် ပြီးတော့ ကျွန်မတို့နိုင်ငံကိုအကျိုးပြု နိုင်မှာမဟုတ်ဘူးလို့ ကျွန်မတင်ပြချင် ပါတယ်။ ကျွန်မတိုု့နိုင်ငံရဲ့ လူအများစုဟာလယ်ယာစိုက်ပျိုးရေးကိုမှီတင်းနေထိုင်နေတဲ့ပုဂ်္ဂိုလ်များဖြစ်ပါတယ်။ ဒါ ကြောင့်မို့လို့ တောင်သူလယ်သမားများအခွင့်အရေး၊ ကာကွယ်ရေးနဲ့ အကျိုးစီးပွားဥပဒေကို ကျွန်မတိုု့ ၈.၁၀.၂၀၁၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းပြီးသားပါ။ ဒါပေမဲ့လည်းဒီဥပဒေဟာလည်းနည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ မထွက်သေးတာကြောင့်မို့လို့ ထိရောက် မှုမရှိသေးပါဘူး။ ဒီလိုထိရောက်မှုမရှိ နိုင်တဲ့အခါကျတော့ ကျွန်မတို့ရဲ့ တောင် သူလယ်သမားများဟာအခုထက်ထိကြွေးတွင်းထဲမှာနစ်နေတဲ့ဒုက်္ခ၊ နည်းပညာများမဆောင်နိုင်တဲ့ဒုက်္ခ၊ စျေးကွက် မှာမယှဉ်နိုင်တဲ့ဒုက်္ခ နောက်ပြီးတော့ လည်းအဖက်ဖက်ကအခက်အခဲတွေ ရှိလွန်းလို့ ကိုယ့်အိမ်ကိုယ့်ယာပစ်ပြီးတော့ တခြားမှာသွားပြီးတော့အလုပ် လုပ်ရတဲ့ဒုက်္ခတွေနဲ့အများကြီးရင်ဆိုင် နေရပါတယ်။ အဲဒီတော့ ကျွန်မတို့ရဲ့ လူများစုဖြစ်တဲ့တောင်သူလယ်သမားများရဲ့ ဘဝ တကယ်ပဲမြှင့်တင်ပေးချင် တယ်ဆိုရင်တော့ လိုအပ်တဲ့နည်းဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုအမြန်ဆုံးထုတ်ပြန်ဖို့လိုပါတယ်။ မကြာသေးခင်ကပဲအချိန်မဟုတ် မိုးသည်းထန်စွာရွာတာကြောင့်မို့လို့ တောင်သူလယ်သမားများဟာအများကြီးပဲအခက်အခဲတွေနဲ့ ရင် ဆိုင်ရပါတယ်။ ဒီအခက်အခဲတွေကိုကူ ပြီးတော့ ဖြေရှင်းနိုင်ဖို့ ကျွန်မတို့ပြဋ္ဌာန်းထားတဲ့ဥပဒေဟာအများကြီးလုပ်ပေး နိုင်မှာပါ။ ဒါပေမဲ့ ဥပဒေဟာအခုထိတော့ စက်္ကူပေါ်မှာပဲရှိနေတာကြောင့်မို့ လို့ ကျွန်မတို့ရဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝနဲ့ ဘာမှမဆိုင်သလို ဖြစ်နေပါ တယ်။
ဒါကြောင့်မို့ ကျွန်မတို့ ဒီလိုမျိုးနည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကိုအမြန်ဆုံးထုတ်ပြန်ပေးဖို့ ဆော်သြတာ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတယ်ဆိုတဲ့ နိုင်ငံတစ်ခုမှာဆိုရင် သတင်းမီဒီယာဟာအရေးကြီးပါတယ်။ စတုတ်္ထမဏ္ဍိုင်လို့ အများကပြောကြပါတယ်။ အဲဒီတော့ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ဥပဒေဆိုရင် ကျွန်မတို့ ဒီနှစ်စောစောပိုင်းကနေထုတ်ပြန်ပြဌာန်းထားပြီးပါပြီ။ ဒါပေမဲ့ အခုထက်ထိနည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများမထွက်သေးတာကြောင့်မို့ ဒီမီဒီယာဥပဒေဟာလည်းသက်ရောက်မှုမရှိသေးပါဘူး။ သက် ရောက်မှုမရှိတဲ့အခါကျတော့ ကျွန်မတို့ ရဲ့ သတင်းလုပ်ငန်းနဲ့ ပတ်သက်လို့ တိုးတက်နိုင်သလောက်မတိုးတက်တဲ့ အပြင် သံသယများ၊ စိုးရိမ်မှုများဟာတစ်နှစ်နဲ့ တစ်နှစ်ပိုပြီးတော့ များလာတာတွေကိုတွေ့နေရပါတယ်။ ဒါကြောင့် ကျွန်မတို့မီဒီယာဟာတစ်ကယ်ပဲဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ကိုက်ညီပြီးတော့ ပြည်သူလူထုကိုအကျိုးပြုတဲ့ မီဒီယာမျိုးဖြစ်စေချင်တယ်။ စောစောကပြောသွားတဲ့ ကိစ်္စပေါ့နော်။ ွသသိ ွသလနမညာနညအဆိုတာ၊ ကောင်းသောအုပ်ချုပ်မှုစနစ်ဆိုတာပွင့်လင်းမြင်သာ မှုနှင့်တာဝန်ယူမှုအပေါ်မှာ တည်တယ် ဆိုရင် ပွင့်လင်းမြင်သာမှုကိုအထောက် အကူပေးနိုင်မယ့် မီဒီယာရဲ့ ကဏ္ဍဟာလည်းအင်မတန်မှ အရေးကြီးပါတယ်။ ဒီကဏ္ဍကို မြှင့်တင်ပေးဖို့ဆိုပြီးတော့ ဒီမီဒီယာဥပဒေကို ပြဋ္ဌာန်းခဲ့တာပါ။ ဒါပေမဲ့ ဥပဒေပြဋ္ဌာန်းပြီးတော့ ဥပဒေသက်ရောက်မှုမရှိရင် ဒီဟာအဟောသိကံဖြစ်သွားသလိုဖြစ်နေပါတယ်။ ဒါ ကြောင့်နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများမထွက်မချင်းဒီမီဒီယာဥပဒေဟာလည်း ကျွန်မတို့ လိုအပ်တဲ့ စတုတ်္ထ မဏ္ဍိုင်ကိုပံ့ပိုးပေးမယ့် ကိစ်္စတွေဟာ ဖြစ် ပေါ်လာနိုင်မှာမဟုတ်ပါဘူး။ မီဒီယာနှင့် အနည်းအပါးဆက်သွယ်နေတယ်လို့ ပြောရမယ်ဆက်သွယ်ရေးဥပဒေကိုလည်း ကျွန်မတို့ ၂၀၁၃ ခုနှစ်ကတည်းက ပြဌာန်းပြီးသားဖြစ်ပါတယ်။ ဒီဆက် သွယ်ရေးဥပဒေဟာလည်းနည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများမထွက် သေးတာကြောင့် ထိရောက်မှုမရှိပါဘူး။ ဆက်သွယ်ရေးဥပဒေဟာအခုလိုဆက် သွယ်ရေးပညာ၊ နည်းပညာအင်မတန် မှ တိုးတက်နေတဲ့ ခေတ်ကြီးမှာဆိုရင် လည်းခေတ်မှီချင်တဲ့နိုင်ငံတစ်ခုအတွက် အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါ နဲ့လည်းပတ်သက်လို့ ကျွန်မတို့ လွှတ် တော်ကတော့ တာဝန်ကျေပြီလို့ ပြော နိုင်ပေမယ့်လည်း ပြည်သူလူထုရဲ့ ဘဝနဲ့ ထိတွေ့မှုမရှိသရွေ့တော့ ပြီးပြည့်စုံပြီလို့ ပြောလို့ မရပါဘူး။ ဒါကြောင့်မို့ ဒီဥပဒေဟာ ပြီးပြည့်စုံဖြစ်နိုင်ဖို့အတွက် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများအမြန်ဆုံးထုတ်ပြန်ပေးဖို့ဟာ ကျွန်မတို့ လိုအပ်နေတာဖြစ်ပါတယ်။ နောက် အရေးကြီးတဲ့ ဥပဒေတစ်ခုကတော့ ကျွန်မတို့ရဲ့ အမျိုးသားပညာရေးဥပဒေဆိုတာအများသိတဲ့အတိုင်းပဲအခုအချိန် မှာဆိုရင် အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ ကျောင်းသားများဟာ ဆန်္ဒ ပြနေကြပါတယ်။ မကျေနပ်မှုတွေကိုဖော်ထုတ်ပြနေကြပါတယ်။ အမျိုးသားပညာရေးဥပဒေဟာ ကျွန်မတို့ နိုင်ငံရဲ့ အခုပစ်္စုပ်္ပန်သာမကအနာဂတ်အတွက် အင်မတန်မှအရေးကြီးတဲ့ ဥပဒေဖြစ် ပါတယ်။ ဒီဥပဒေကိုရေးဆွဲတဲ့နေရာမှာလည်းအချိန်ယူပြီးတော့ သက်ဆိုင်ရာပုဂိ်္ဂုလ်များပါ၀င်ဆွေးနွေးမှုနဲ့ ရေးဆွဲခဲ့ တာပါ။ ဒါ အခုထက်ထိတော့ နည်းဥပဒေတွေဟာမထွက်သေးပါဘူး။ ကျွန်မနားလည်သလောက်ကတော့ မကြာမီထွက် တော့မယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့လည်းမထွက်သေးသရွေ့တော့ ဒီအမျိုးသားပညာရေးဥပဒေဟာဘယ် လိုထိရောက်မှုရှိမယ်။ မိမိတို့ရဲ့ ဘဝ တွေ နဲ့ ဘယ်လိုပတ်သက်မယ်ဆိုတာကိုကျောင်းသားလူငယ်များဟာမသိနိုင် သေးပါဘူး။ ကျွန်မတို့ အမျိုးသားပညာရေးဥပဒေနှင့် သက်ဆိုင်နေတဲ့ အခြားဥပဒေတွေ ထုတ်ဖို့လိုနေတယ်ဆိုတာလည်း ကျွန်မတို့ သတိပြုစေချင်ပါတယ်။ ဥပမာဆိုရင် ကျွန်မတို့ အဆင့်မြင့် ပညာရေးဥပဒေစသဖြင့်၊ သို့သော်ငြားလည်းဒါတွေ မထွက်ခင် ထွက်ပြီးသားဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ဆက်စပ် နေတဲ့ နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်းများအမြန်ဆုံးထုတ်ပြန်ဖို့လိုပါ တယ်။ ဒါကြောင့် ဒါမှလည်းကျောင်းသားများအနေနှင့်လည်းမိမိတို့ရဲ့ မကျေ နပ်ချက်တွေကိုသေသေချာချာဆွေးနွေး ပြီးတော့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းတိုင်ပင် ပြီးတော့ အဖြေရှာနိုင်မှာဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်မတို့အခုဒါဟာ ပြဌာန်းပြီးသားဥပဒေတွေအကြောင်းပြောတာ ဖြစ်ပေမယ့် အခုဆိုရင် ကျွန်မတို့ရဲ့ ၁၁ ကြိမ်မြောက် အစည်းအဝေးကလည်း ပြီးပါတော့မယ်။ ၁၂ ကြိမ်မြောက်တဲ့ အခါကျရင်လည်းထပ်ပြီးတော့ ဥပဒေတွေပြဌာန်းမယ်လို့ ထွက်ပေါ်လာမယ်လို့ ကျွန်မတို့ မျှော်လင့်ရပါတယ်။ အခုပြဌာန်းပြီးသားဥပဒေတွေ၊ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဥပဒေတွေဆိုရင် ၂နှစ်ရှိသွား ပါပြီ။ ပြဌာန်းပြီးသားဥပဒေအတွက် တောင်မှ နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းဥပဒေတွေဟာမထွက်နိုင် သေးဘူးဆိုရင် နောင်ကျွန်မတို့ ပြဌာန်းမယ့်ဥပဒေတွေအတွက် ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေဆိုတာဘယ် တော့မှထွက်နိုင်မလဲစဉ်းစားစရာဖြစ် နိုင်ပါတယ်။ ဒီတော့ အရှေ့ကနေပြီးတော့ လွှတ်တော်ကနေဥပဒေတွေ ပြဌာန်းသွား၊ ပြဌာန်းသွား၊ အနောက်ကနေပြီးတော့ နည်းဥပဒေတွေစည်းမျဉ်းစည်းကမ်းတွေကမှီအောင် မလိုက်နိုင်ရင် ဒီဥပဒေ ပြဌာန်းချက်တွေဟာလုပ်ပြ ချက်တွေလိုပဲ ဖြစ်လာပါလိမ့်မယ်။ ပြည် သူလူထုရဲ့ ယုံကြည်မှုဟာလည်းကျဆင်းလာပါလိမ့်မယ်။ ဒီဥပဒေတွေ ပြဌာန်းတယ်ဆိုတာလည်းမိမိတို့ရဲ့ ဘဝတွေ ဟာဘာမှမထူးခြားလာပါဘူး။ လုံးဝ တိုးတက်မလာဘူးဆိုပြီးတော့ ပြည်သူတွေဟာ မြင်လာရင် ကျွန်မတို့နိုင်ငံရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရောအုပ်ချုပ်ရေးမဏ္ဍိုင်ရော၊ ပြည်သူရဲ့ မျက်စိထဲမှာ ပြည် သူရဲ့အမြင်ထဲမှာသိက်္ခာကျပါတယ်။ သိက်္ခာကျတာမကျတာထက်ပိုပြီးတော့ အရေးကြီးတာဟာ ကျွန်မတို့ဟာ ပြည်သူလူထုရဲက ဘဝတွေကို ကူညီသင့်သလောက်မကူညီနိုင်တဲ့ အနေအထားကိုရောက်သွားပါတယ်။ ဒါကြောင့် မို့လို့ ကျွန်မတို့အခုဒီမိုကရေစီလမ်းကြောင်းကိုလျှောက်နေပါပြီဆိုတဲ့ ခေတ် မှာဥပဒေပြုရေးမဏ္ဍိုင်ကရော၊ အုပ်ချုပ် ရေးမဏ္ဍိုင်ကရောပေါင်းပြီးတော့ ပြည် သူလူထုရဲ့ ဘဝများ မြင့်တင်လာရေးအတွက် တတ်နိုင်သမျှ လုပ်နိုင်ရေးကိုဦးတည်ပြီးတော့ ကျွန်မဒီအရေးကြီးအဆိုကိုတင်သွင်းရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နာယကကြီးမှတဆင့် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပြီး ဖြစ်သောဥပဒေများကို နိုင်ငံတော်၏ လိုအပ်ချက်များနှင့်အညီအကောင် အထည်ဖော်နိုင်ရေးအတွက် နည်းဥပဒေများစည်းမျဉ်းစည်းကမ်းတို့ကိုအချိန် နှင့်တပြေးညီဆောလျင်စွာထုတ်ပြန် ဆောင်ရွက်ပေးရန် အစိုးရအားတိုက် တွန်းကြောင်းအဆိုကိုတင်သွင်းခွင့် ပေးပါရန် လေးစားစွာတိုက်တွန်းနိဂုံး ချုပ်လိုက်ရပါတယ်။

NLD Chairperson

No comments:

Post a Comment