"လွှတ်တော်နှစ်ရပ် လစာနှုန်းထားသဘောထားကွဲ"
နေပြည်တော် (မဇ္ဈိမ)။ ။ လွှတ်တော် ကိုယ်စားလှယ်များ၏ လစာနှုန်းထားကို
တစ်လလျှင် ကျပ်ဆယ်သိန်း သတ်မှတ်ရန် အမျိုးသား လွှတ်တော်က မဲခွဲဆုံးဖြတ်ကာ
နိုဝင်ဘာ ၂၇ ရက်က အတည်ပြုလိုက်သည်။
ပြည်သူလွှတ်တော်က အနည်းဆုံး ကျပ်ဆယ်သိန်းမှ ကျပ် ၁၆ သိန်းအထိ သတ်မှရန်
အတည်ပြုထားပြီး အမျိုးသားလွှတ်တော်က ကျပ်ဆယ်သိန်းသာ သတ်မှတ်ရန်
အတည်ပြုလိုက်သည်။
“ကော်မတီအနေနဲ့ ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ်မှာ
ညှိနှိုင်းတဲ့အခါ ပြည်သူလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒကြမ်းမှာ ပါရှိတဲ့
စကားရပ်တွေဟာ တိကျမှုမရှိဘဲ ဥပဒေတစ်ရပ်မှာပါတဲ့ ပြစ်ဒဏ်တွေ ဖော်ပြနေသလို
ဖြစ်နေပါတယ်။ တိတိကျကျဖြစ်သွားအောင် အပိုဒ် ၂ မှာပါတဲ့ အနည်းဆုံးကျပ်
ဆယ်သိန်းမှ ၁၆ သိန်းဆိုတဲ့ စကားရပ်ကို ကျပ်တစ်ဆယ်သိန်း စကားရပ်ကို
ကော်မတီအနေနဲ့ သဘောတူပါတယ်”ဟု ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးမြင့်သိန်းက
အမျိုးသားလွှတ်တော်တွင် အစီရင်ခံစာတင်သွင်းလိုက်သည်။
ယင်းအပြင်
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ လွှတ်တော်ကိုယ်စားလှယ်များ၏
လစာနှုန်းထားကို ပြည်သူ့လွှတ်တော်က အနည်းဆုံးကျပ် ငါးသိန်းမှ အများဆုံး ကျပ်
၁၀ သိန်းအထိ အတည်ပြုချက်ကို အမျိုးသားလွှတ်တော်က ကျပ်ငါးသိန်း
သတ်မှတ်ရန်အတည်ပြုလိုက်သည်။
ထို့အပြင်
ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေကို
ပြည်သူ့လွှတ်တော်က အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအထိ သတ်မှတ်ပေးရန်
အတည်ပြုလိုက်သော်လည်း အမျိုးသားလွှတ်တော်က ကျပ်သုံးသိန်းအဖြစ်
သတ်မှတ်အတည်ပြုလိုက်သည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို
ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများရှိသည့်အတွက်
ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ထပ်မံရယူမည် ဖြစ်သည်။
Mizzima
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 27, 2014
လွှတ်တော် ကိုယ်စားလှယ်များကို လစာ ၁၀ သိန်းပေးရန် အမျိုးသား လွှတ်တော်အတည်ပြု
လွှတ်တော် ကိုယ်စားလှယ်များကို လစာ ၁၀ သိန်းပေးရန် အမျိုးသား လွှတ်တော်အတည်ပြု
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 27, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 27, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment