အချစ်ရေး နဲ့ပတ်သတ်ပြီး single ဖြစ်နေတာ ၆လရှိပြီလို့ဖွင့်ဟလာတဲ့
မိုးအောင်ရင်ကို အချစ်နဲ့ပတ်သတ်သမျှ တီးခေါက်ကြည့်မိတဲ့ခါ “အချစ်ရေးကတော့
လောလောဆယ် single ဖြစ်နေတာ ၆လရှိပြီ။ တစ်ယောက်တည်းပါပဲ။ ခုချိန်မှာ
အချစ်ကို ပြန်မလိုချင်တာတော့ အမှန်ပဲ။ အခု တစ်ယောက်တည်းက ပိုပြီး
စိတ်အေးရတယ်။ ကိုယ်ဆိုတဲ့ အချိန်တွေရလာတယ်။ ခုဆိုရင် ကျွန်တော့နားမှာနေတဲ့
ကျွန်တော့်သူငယ်ချင်းနဲ့ ဇာတ်ညွှန်း အကြောင်းတွေ တိုင်ပင်လို့ရတယ်။
ကားရိုက်ပြီးရင်လဲ အတင်းပြန်စရာမလိုတော့ဘူး။ ဒါရိုက်တာနဲ့ ဘယ်လိုလေး
လုပ်မယ်ဆိုပြီး ညှိနှိုင်းလို့ရတယ်။ ကိုယ်ကိုတိုင်
ပြန်စဉ်းစားကြည့်လိုက်တော့ ရည်းစားရှိတဲ့အတွက် ကားရိုက်ရှိရင် ရိုက်တယ်။
ပြီးရင် ရှုတင်ကနေ တန်းပြန်တယ်။ ဒါရိုက်တာတွေနဲ့ ပြောဆိုဆွေးနွေးတာတွေ
သိပ်မလုပ်ဖြစ်ဘူး။ အဲ့တော့ ငါဒါလေးတွေ လိုနေပါလားဆိုပြီး သိလာတယ်။
အလုပ်အကြောင်းကို ပိုပြီး ခေါင်းထဲထည့်ဖြစ်တယ်။ ပိုတွေးဖြစ်တယ်။
တည်ဆောက်ထားတဲ့ အချစ်တစ်ခုမှာ ဘာက အရေးကြီးဆုံးလဲ ဆိုတော့ အစောကြီးကတည်းက
ငါဆိုတာသည် သူကိုယ်တိုင်လဲမေ့ဖို့ မလိုသလို ကိုယ်တိုင်လဲ မမေ့သင့်ဘူး။
တခါတလေကျတော့ အဆင်ပြေချင်တဲ့စိတ်နဲ့ ငါဆိုတာကိုမေ့ပြီး
သူနဲ့ငါနဲ့အဆင်ပြေဖို့ဆိုတဲ့ စိတ်ကို တွေးလိုက်ပြီး
သူ့ကိုပြင်ဖို့ကြိုးစားတာ၊ ကိုယ့်ကို ကိုယ်ပြင်ဖို့ကြိုးစားတာ အဲ့ဒီမှာ
တင်ပြင်ခိုင်းရင်း ပြင်ခိုင်းရင်းနဲ့ပိုရှုပ်ပြီး ရန်တွေပိုဖြစ်ကုန်ရော။
ဘာကြောင့် ရန်ဖြစ်လဲဆိုတော့ ကိုယ်သည်မပြင်နိုင်ပဲနဲ့ ပြင်ဖို့ကြိုးစားသလို
သူ့ကိုလဲပြင်နိုင်လား မပြင်နိုင်လားမမေးပဲနဲ့ အတင်းကြီးတွေပြင်ဖို့
ကြိုးစားတယ်။ အဲ့ဒီမှာတင် ရှုပ်ကုန်တာပေါ့။ အဲ့လိုပြင်မယ့်အစား
အစောကြီးကတည်းက ငါကငါပဲနင်ကြိုက်လား။ ကြိုက်ရင်တွဲ မကြိုက်ရင်
မတွဲနဲ့ဆိုတာက ပိုပြီးအဆင်ပြေမယ်လို့ မြင်မိတယ်။
အခုချိန်မှာ ကိုယ့်ကိုကိုယ် ဘယ်တော့မှ မပြင်ဘူးလို့ ခေါင်းထဲ
အမြဲထည့်ထားတယ်။ ငါဆိုတာကို လက်မခံနိုင်ရင် တခြားသူကို သွားရှာလို့ပဲ
ပြောချင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်တောင် ခုအသစ်မရှာဘူး။
တစ်ယောက်တည်းပဲနေတယ်။ ကိုယ့်အတွက် ပိုအချိန်ရတယ်။ ကိုယ့်ဘ၀တွက် ပြင်ဆင်ဖို့
ပိုအချိန်ရတယ်။ အခု နောက်တစ်နှစ်လောက်နေရင် အဖေကလဲ ပြန်လာမယ်လို့
ပြောထားတော့ ပြန်လာမဲ့ ကိုယ့်မိသားစုတွက် ကိုယ်က ဘာပြင်ဆင်ရမလဲဆိုတာ
အရေးကြီးသွားပြီ။ ကိုယ့်မိသားစု ပြန်လာတဲ့အချိန်မှာ အဖေ့ကို
ဘယ်လိုပျော်ပျော်ရွှင်ရွှင် ထားရမလဲဆိုတာ ဘယ်လို ဂုဏ်ယူပြီး
လက်မထောင်နိုင်အောင် ကြိုးစားမလဲဆိုတာ ပဲခေါင်းထဲမှာရှိပါတယ်။
အချစ်သစ်ရှာဖို့ စိတ်ကူးမရှိပါဘူး။ သည်းခံနိုင်ရင်သည်းခံ၊ သည်းမခံနိုင်ရင်
လမ်းခွဲဒါပဲရှိပါတယ်”လို့ သူက ဖွင့်ဟသွားပါတယ်။
ခုလက်ရှိမှာ မိုးအောင်ရင်ဟာ “ဂေးတို့ဧ။် မာယာ ၂” ဇာတ်ကားမှာ အပုန်းတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။
trend myanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 14, 2014
ရည်းစားမရှိတော့တဲ့အတွက် ကိုယ့်အတွက်ကိုယ် အချိန်ပိုရလာတယ်လို့ ဆိုတဲ့ မိုးအောင်ရင်
ရည်းစားမရှိတော့တဲ့အတွက် ကိုယ့်အတွက်ကိုယ် အချိန်ပိုရလာတယ်လို့ ဆိုတဲ့ မိုးအောင်ရင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 14, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 14, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment