အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သတ်ဖြတ်ခံရမှုနဲ့
ပတ်သက်ပြီး တပ်မတော် အရာရှိတွေ အပါအ၀င် ၈ ဦးကို မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်က မော်လမြိုင်မြို့မှာ ဒီကနေ့ စတင်စစ်ဆေး နေပါတယ်။
ကိုပါကြီး သေဆုံးမှုနဲ့ အဓိက ပတ်သက်တဲ့ ခမရ ၂၁ဝ တပ်အရာရှိတွေနဲ့
ဘားအံမြို့ခံ သတင်းထောက်တစ်ဦး အပါအဝင် ၈ ဦးကို စစ်ဆေးမှာ ဖြစ်တယ်လို့
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး
ဦးစစ်မြိုင်က ပြောပါတယ်။
"ပထမတစ်ကြိမ်တော့ လူ ၃ဝ ကျော်စစ်ခဲ့ပါတယ်၊ အခု ၈ ယောက်လောက် ကျနော်တို့
စစ်ဖို့ရှိပါတယ်၊ ဒီဘက်ကတော့ အရာရှိကြီးတွေပါတယ်၊ ခုံရုံးဥက္ကဌပါတယ် ၎
ရက်နေ့ဖြစ်စဉ်မှာ အနီးကပ်ရှိတဲ့ တပ်ကအရာရှိစစ်သည်တွေပါတယ်၊
ဖားအံကသတင်းထောက်တစ်ယောက်ကိုလည်း ကျနော်တို့ ခေါ်ထားပါတယ်၊ ကျနော်တို့
တက်နိုင်သမျှတိတိကျကျဖြစ်အောင် ကျနော်တို့ ဖော်ထုတ်နေပါတယ်"
ကိုပါကြီးရဲ့ ရုပ်အလောင်း ဓာတ်ခွဲခန်းအဖြေကို ကျန်းမာရေးဌာနက
တစ်ဆင့်တောင်းခံထားပြီး စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတထံ
အစီရင်ခံစာတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့
အောက်တိုဘာလဆန်းက ကျိုက်မရောနဲ့ မော်လမြိုင်မြို့နယ်တွေမှာ သွားရောက်
စစ်ဆေးခဲ့ပြီး ဒီနေ့စစ်ဆေးမှုဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 14, 2014
ကိုပါကြီး သတ်ဖြတ်ခံရမှု တပ်မတော်အရာရှိတွေကို စတင်စစ်ဆေး
ကိုပါကြီး သတ်ဖြတ်ခံရမှု တပ်မတော်အရာရှိတွေကို စတင်စစ်ဆေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 14, 2014
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment