ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်သောင်းကိုအမေရိကန်က အမည်ပျက်စာရင်း သွင်းတာ
နဲ့ ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြပွဲမှာဒန်ပေါက်လုရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ အလှူရှင်တစ်ဦးက ဒန်ပေါက်ထုပ်တွေ ပေးဝေရာမှာ ဆန္ဒပြသူတွေက သူတို့ ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်တွေကို ပစ်ချပြီး ဒန်ပေါက်ထုပ်တွေ တင်ထားတဲ့ မော်တော်ယာဉ်ပေါ်သို့ တက်လုကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“ထော်လာဂျီ၊ ကားတွေနဲ့ လိုက်ပြီး ဒါန်ပေါက်ထုပ်နဲ့ ရေသန့်ဘူးဝေတယ်။ အစပိုင်းမှာ သုံးယောက်တစ်တွဲ ဝေပေးပေမယ့် ယူတဲ့သူများတော့ မနိုင်တော့ဘူး။ ကားတွေပေါ် အထိတက်လုကြတယ်”လို့ အဲဒီနေရာကို သွားရောက် ကြည့်ရှုခဲ့တဲ့ မြို့ခံ ဦးဇော်ထွေးက ရှင်းပြပါတယ်။
ဆိုင်းဘုတ် ကိုင်ထားတဲ့ လူတွေကလည်း ဆိုင်ဘုတ်တွေကို ပစ်ချပြီး ဝင်လုလို့ မြင်းခြံ-ကျောက်ပန်းတောင်း ကားလမ်းပိတ်သွားလို့ ရဲတပ်ဖွဲ့က လမ်းရှင်းပေးတဲ့အပြင် ဆန္ဒထုတ်ဖော်သူတွေ ချခဲ့တဲ့ ဆိုင်းဘုတ်တွေကို သိမ်းသွားတယ်လို့ သူက ဆက်လက် ရှင်းပြပါတယ်။
ဒန်ပေါက်ထုပ်တွေ လုယူမှုကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာ တောင်သာမြို့ခံတွေနဲ့ လာရောက် ကြည့်ရှုသူတွေ မပါဝင်ဘူး။ ဆန္ဒပြတဲ့နေ့ မတိုင်ခင်ကပင် တောင်သာမြို့မှာ ရှုံ့ချပွဲပြုလုပ်ဖို့ ကျေးရွာတွေက ဒေသခံတွေကို စည်းရုံးမှုတွေ ပြုလုပ်ခဲ့တယ်လို့ တောင်သာမြို့ခံ မြို့မိမြို့ဖတစ်ဦးက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာနက ဦးအောင်သောင်းကို အမည်ပျက်စာရင်း သွင်းခဲ့တာနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲကို တောင်သာဘူတာ ရှေ့မျက်နှာစာမှာရှိတဲ့ ကွင်းပြင်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲကို တောင်သာမြို့နယ် ကိုင်းရွာ၊ ကျောက်ရင်း၊ သီးကုန်းနဲ့ တံငါကျင်းရွာတွေက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ထောင်ကျော် တက်ရောက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကန့်ကွက်ပွဲမှာ ဦးဆောင် ဟောပြောခဲ့တဲ့ ကျောက်ရင်းရွာက စည်းရုံးရေး ကော်မတီဝင် ဦးမျိုးမြင့်နဲ့ တံငါကျင်းရွာက ဦးမောင်ကိုတို့ကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
The Voice Weekly
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, November 17, 2014
ဦးအောင်သောင်း အမည်ပျက်စာရင်း အသွင်းခံရမှု ကန့်ကွက်ပွဲမှာ ဒန်ပေါက်လုရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်
ဦးအောင်သောင်း အမည်ပျက်စာရင်း အသွင်းခံရမှု ကန့်ကွက်ပွဲမှာ ဒန်ပေါက်လုရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 17, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 17, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment