Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 17, 2014

စတော့အိတ်ချိန်းလုပ်ကိုင်နိုင်ရန် နည်းဥပဒေရေးဆွဲပြီးစီးဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၆

၂ဝ၁၅ခုနှစ် တွင်စတင်မည့်စတော့အိတ်ချိန်း လုပ်ကိုင်နိုင်ရန်နည်းဥပဒေရေးဆွဲ ပြီးစီးသွားကြောင်းဘဏ္ဍာရေး ဝန် ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

နိုဝင်ဘာ၁၆ရက်က မြန်မာ့ အာမခံလုပ်ငန်းတွင်ကျင်းပပြုလုပ် သည့် အာမခံပညာပြန့်ပွားရေး ရေ ကြောင်း အာမခံသင်တန်းဖွင့်လှစ် ခြင်းအခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းက”စတော့အိတ် ချိန်းလုပ်ကိုင်ဖို့ အတွက် လက်ရှိ မှာနည်းဥပဒေရေးဆွဲတာ ပြီးသွားပြီ၊ ပြီးသွားတဲ့ နည်းဥပဒေတွေကိုလဲ အများပြည်သူတွေ နားလည်အောင် ရေးဆွဲထားပါတယ်”ဟု ပြောသည်။

အဆိုပါ စတော့အိတ်ချိန်း နည်းဥပဒေတွင် အချက်ပေါင်း ၂၁၃ ချက်ပါရှိပြီး၊နိုဝင်ဘာ ၁၅ ရက်က ရေးဆွဲ ပြီးစီးခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက”အခုနည်း ဥပဒေရေးဆွဲပြီးတဲ့အတွက် ဥပဒေမှာ တော်တော်ပြည့်စုံသွားပြီ၊ နောက်ကျန် တဲ့အပိုင်းတွေကို လိုအပ်သလိုဆက် လက်လုပ်ဆောင်သွားလို့ရတယ်၊ နည်း ဥပဒေမှာတော့ ပြည့်စုံဖို့လိုတယ်၊ တချို့နိုင်ငံတွေမှာ စတော့အိတ်ချိန်း ထောင်တဲ့အခါမှာ ဥပဒေတို့၊ နည်း ဥပဒေတို့ကို နောက်မှ လုပ်တယ်၊ ဒါကြောင့် နောက်ပိုင်းကျရင် အန္တရာယ်ရှိတယ်၊ ဒါကြောင့် ဒီမှာ ကဥပဒေ၊ နည်းဥပဒေတို့ကို ခိုင် မာအောင်လုပ်လိုက်တဲ့ အတွက် အခုဥပဒေပိုင်းနဲ့ ပတ်သက်ရင် စပြီး လုပ်လို့ရပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စတော့အိတ် ချိန်းပေါ်ပေါက်နိုင်ရန်အတွက် ၂ဝ၁၄ ခုနှစ် ဧပြီလ၁ရက်တွင် စတင်ပြင်ဆင် ခဲ့ပြီး၊ ၂ဝ၁၅ခုနှစ်အောက်တိုဘာလ တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ယင်းကဲ့ သို့ဆောင်ရွက်နိုင်ရန်အတွက် အုပ် ချုပ်ရေးအဖွဲ့အစည်းနှင့် ရုံးအဖွဲ့အ စည်းများကိုလက်ရှိတွင် ဖွဲ့စည်းထား ပြီးဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် စတော့အိတ် ချိန်းစာရင်းဝင်ရန်အရည်အချင်း ပြည့်မီသည့် အများပိုင်ကုမ္ပဏီ ၁ဝ ခု ခန့်သာ ရှိနိုင်ပြီး၊ အများပိုင်ဖြင့်ဖွဲ့ စည်းထားသော ကုမ္ပဏီပေါင်း ၂ဝဝ ကျော်ရှိကြောင်း စတော့အိတ် ချိန်း ပေါ်ပေါက်ရေး ကူညီသူများထံမှ သိရသည်။

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment