Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 17, 2014

ဂျပန်နဲ့မြန်မာသရုပ်ဆောင်တွေ ဇာတ်ကားတစ်ကား ပူးပေါင်း ရိုက်ကူးမည်

နန္ဒာအောင်  

ဂျပန်နာမည်ကျော်သရုပ်ဆောင်တွေနဲ့ မြန်မာသရုပ်ဆောင်တွေပါဝင်တဲ့ အက်ရှင်ဇာတ်ကား
Yangon Runway ရုပ်ရှင်ဇာတ်ကားကို လာမယ့်ဒီဇင်ဘာလမှ စတင်ရိုက်ကူးသွားမှာဖြစ်တယ်လို့
တွဲဖက် တာဝန်ယူ ရိုက်ကူးမယ့် Living Sound Entertainment က စီအီးအို Jaw Maran က
မြန်မာတိုင်းမ် ကို ပြောပါတယ်။

“ဒီလို ကမ္ဘာ့ထိပ်သီးကုမ္ပဏီဖြစ်တဲ့ Sonny Entertainment နဲ့ ဂျပန်နိုင်ငံရဲ့နာမည်ကြီး Talent
Management Company ဖြစ်တဲ့ Oscar Promotion တို့နဲ့အတူ ပူးပေါင်းပြီး ရုပ်ရှင်ရိုက်ကူးခွင့်
ရတဲ့အတွက် ကျွန်တော့်အနေနဲ့ ၀မ်းသာသလို ဂုဏ်လည်းယူပါတယ်”ဟု Living Sound Enter
tainment မှ စီအီးအို ဦးဂျော်မရန်က ပြောပါတယ်။ Living Sound Entertainment အနေနဲ့
ပြီးခဲ့တဲ့ သြဂုတ်လက Myanmar Event Park မှာ ကိုရီးယားနိုင်ငံ ကမ္ဘာကျော် အမျိုးသမီးပေါ့ပ်
အဆိုတော် 2NE1 အဖွဲ့ဖျော်ဖြေပွဲကို အခမ်းနားဆုံး စီစဉ်တင်ဆက်ပေးနိုင်ခဲ့ပြီးတဲ့ နောက်မှာ
ဒုတိယခြေလှမ်းအဖြစ် Yangon Runway ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူး
သွားမှာဖြစ်ပါတယ်။

ဂျပန်မင်းသားကြီး Sonny Chiba အပါအ၀င် Sonny Entertainment က သရုပ်ဆောင်မင်းသမီး
Rina Takeda ၊ Oscar Promotion မှ မင်းသမီးတွေဖြစ်တဲ့ Yuko Fuek နဲ့ Ai Takabe တို့နဲ့
အတူ Yangon Runway ရုပ်ရှင် ဇာတ်ကားရိုက်ကူးဖို့ မကြာသေးခင်က ဂျပန်နိုင်ငံတိုကျိုမြို့ကို
သွားရောက် စာချုပ်ချုပ်ဆိုပြီးပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာတော့ ဂျပန်နာမည်ကျော်
သရုပ်ဆောင်တွေအပြင် မြန်မာသရုပ်ဆောင် အိချောပိုနဲ့ အတူ တခြားသရုပ်ဆောင်တွေလည်း
ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဇာတ်ကားမှာပါဝင်မယ့် ဂျပန်နိုင်ငံက သရုပ်ဆောင်တွေ
အနေနဲ့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ရောက်ရှိနေပြီး လာမယ့် ၁၈ ရက်နေ့မှာ တော်ဝင်
ဂါးဒင်းမှာ ဇာတ်ကားနဲ့ပတ်သတ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်းမှာ ဖြစ်ပါတယ်။

ဒီ Yangon Runway ရုပ်ရှင်ဇာတ်ကားကို လာမယ့် ဒီဇင်ဘာလကုန်ပိုင်းလောက်ကနေ ၂၀၁၅
ခုနှစ် ဇန်န၀ါရီလထိ ရန်ကုန်မြို့မှာဘဲ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
http://myanmar.mmtimes.com/index.php/timeout/12567-2014-11-17-08-07-57.html

No comments:

Post a Comment