Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 3, 2014

ပုဂံတွင် သတ်မှတ်ချက်နှင့် မညီသော ဟိုတယ်နှစ်လုံးကို ဖြိုဖျက်ခိုင်းပြီး ၂၅ လုံးကျော် တည်ဆောက်မှု ရပ်ခိုင်း


Byထွန်းထွန်းမင်း
မန္တလေးတိုင်းဒေသကြီးပုဂံယဉ်ကျေးမှုနယ်မြေအတွင်း စေတီပုထိုးများအား မြင်ကွင်း ကွယ်စေသည့် ဟိုတယ်နှစ်လုံးကို ဖြိုဖျက်ခိုင်းပြီး အခြားဟိုတယ် ၂၅ လုံးကျော်အား ဆောက်လုပ်မှုရပ် ဆိုင်းခိုင်းထားကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ စိုင်းအုန်းကျော်က ပြောသည်။

ပုဂံဒေသတွင် ဟိုတယ်များ ဆောက်လုပ်ရာ၌ အမြင့်ပေ ၃၀ နှင့် ဘုရားစေတီပုထိုးများမှ ပေ ၉၀ အကွာတွင်သာ ဆောက် လုပ်ရန် ခွင့်ပြုထားသည်။ သို့သော်သတ်မှတ် အမြင့်ပေကျော်သော ဟိုတယ်များနှင့် ဘုရားပုထိုးများ နှင့် မလွတ်ဘဲ ကန့်သတ်နယ်မြေ ထဲ ရောက်နေသည့် ဟိုတယ်များ ကို လုပ်ငန်းရပ်ဆိုင်းခိုင်းထားခြင်း ဖြစ်သည်။

‘‘ဖြိုဖျက်ဖို့က လောလော ဆယ်ဆယ် နှစ်လုံး၊ အခြားစည်း ကမ်းမလိုက်နာတဲ့ ဟိုတယ်တွေက ရပ်ဆိုင်းခိုင်းလိုက်တာ။ အဓိကကတော့ မြင်ကွင်းကွယ်တာရယ်။ ဘုရားပရိဝုဏ်ထဲရောက်နေတာ တွေကို လုပ်ခိုင်းတာ’’ဟု ဒုတိယ ၀န်ကြီးက 7Day Daily သတင်းစာအား ပြောသည်။

 ယင်းဟိုတယ်များသည် သတ်မှတ်ထားသော စည်းမျဉ်း များနှင့် မညီသည့်အတွက် ဖြိုခိုင်းထားပြီး လုပ်ငန်းဆက်လက် ဆောင်ရွက်လျှင် ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ဒုတိယ ၀န်ကြီး ဦးစိုင်းကျော်အုန်းက ပြောသည်။ ယင်းကိစ္စကို မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

‘‘ဖြိုဖျက်တဲ့၊ တားမြစ်ထား တဲ့ အထဲမှာ နာမည်ကြီးဟိုတယ် တွေ မပါလောက်ဘူး’’ ဟု ပုဂံဟို တယ်ဇုန်အတွင်းရေးမှူး ဦးဇော် ၀ိတ်က ပြောသည်။ ပုဂံဒေသတွင် တရားဝင်စည်းမျဉ်းများနှင့်အညီ ဖွင့်လှစ်ထားသည့် ဟိုတယ် ၇၇ လုံးရှိပြီး ယင်းတို့အနက် ဟိုတယ် ၁၃ လုံးခန့်မှာ အဆင့်အတန်းနှင့် ၀န် ဆောင်မှုဖြင့် ထင်ရှားသည်။

ပုဂံယဉ်ကျေးမှုနယ်မြေ အ တွင်း ဟိုတယ်များ ပြင်ဆင်တိုးချဲ့ ခြင်းနှင့် အသစ်ပြန်လည်တည် ဆောက်ခြင်းလုပ်ဆောင်နေသည့် ဟိုတယ်လုပ်ငန်းရှင်များကို ဆက် လက် လုပ်ဆောင်မှု မပြုရန် ၂၀၁၄ စက်တင်ဘာ ၃ ရက်တွင် နေပြည်တော်သို့ခေါ်ယူကာ ယဉ် ကျေးမှုဝန်ကြီးဌာနက သတိပေးခဲ့ သည်။

ထိုသို့ သတိပေးမှုပြုလုပ် ထားသော်လည်း ဟိုတယ် အလုံး ၂၀ ခန့်က ဆက်လက်လုပ်ဆောင် နေကြောင်း ပုဂံချစ်သူအသင်း ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်က ပြော သည်။

ဟိုတယ်အများစုမှာ ယခင် လုပ်ကိုင်ခွင့်ရစဉ် အချိန်ကထက် မြေများကို နည်းမျိုးစုံဖြင့် တိုး ချဲ့ရယူထားပြီး ယင်းကြောင့် ရှေးဟောင်းဘုရားများ၊ အဆောက် အအုံများပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
7Day Daily

No comments:

Post a Comment