Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 10, 2014

ဧရာဝတီမြစ်နဘေးက ရေချိုးပွဲတော်

  နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန်မှာ မြန်မာတနိုင်ငံလုံးက ဟိန္ဒူဘာသာဝင်တွေဟာ ဧရာဝတီမြစ်ကမ်းနဖူးမှာရှိတဲ့ ဘုရားကျောင်းတွေမှာ အလှူအတန်းတွေပြုလုပ်ကြသလို ရေချိုးပွဲကျင်းပလေ့ ရှိပါတယ်။
ဟိန္ဒူဘာသာဝင်တွေရဲ့အယူအဆအရ မကောင်းဆိုးဝါး အသူရာ (ခ) ဘီလူမင်းကို နှိမ်နှင်းနိုင်တဲ့ နေ့ဖြစ်လို့ အဓမ္မတရားချုပ်ငြိမ်းရာနေ့ဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်မှာ အရုဏ်တက်ချိန်တွင်း ရေချိုးဆင်းကြသလို မြန်မာပြည်ဖွား ဟိန္ဒူဘာသာဝင်တွေလည်း ဧရာဝတီမြစ်မှာ လာရောက်ရေချိုးရခြင်းဖြစ်တယ်လို့ ပြည်မြို့ ကမ်းနားလမ်းက ရှရီရာမ်းဂျာနကီ ဘုရားကျောင်း ဂေါပကအဖွဲ့ဝင် ဦးအောင်ဝင်းကပြောပါတယ်။
" ဘုရားဟောတဲ့ သေခြင်းတရားဆိုတာမရှိရဘူးဆိုပြီး ဆန့်ကျင်တဲ့အပြင် သတ္တဝါတွေကို မညှာမတာ ရက်စက်တဲ့ အသူရာလို့ခေါ်တဲ့ ဘီလူးမင်းကို အရှင်သီဝ( သျှီဝ် ) ဘုရားရှင်က ကာ(ရ်)သိ(က်)ပူ(ရ်)ဏိမာနေ့မှာ သုတ်သင်ရှင်းလင်း အောင်တော်မူတဲ့ ဒီကနေ့ တန်းဆောင်မုန်းလပြည့် နေ့တိုင်းမှာ အခုလို ရေချိုးပွဲတော်ကျင်းပကြတာပါ။ အဓမ္မတရားတွေချုပ်ငြိမ်းလွတ်မြောက်ရာနေ့ အောင်မြင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ "
အဲဒီလိုရေချိုးပွဲတော်ကို ဧရာဝတီမြစ်ကမ်းနဘေးက မန္တလေးမြို့ဂေါဝန်ဆိပ်နဲ့ ပြည်မြို့ဘောတံတားအနီးရှိ ဟိန္ဒူဘုရားရှိခိုးကျောင်းတွေမှာ နှစ်စဉ်ကျင်းပကြပြီး၊ မြန်မာနိုင်ငံတဝှမ်းလုံးက ဟိန္ဒူဘာသာဝင်တွေရဲ့ အထွဋ်အမြတ်အဖြစ် ပြုလုပ်တဲ့ ပွဲတော်တခုလည်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
" အိန္ဒိယမှာဆို ဂင်္ဂါမြစ်ထဲမှာရေချိုးဆင်းကြတယ်။ ဧရာဝတီမြစ်ဆိုတာ အိန္ဒိယမှာရှိတဲ့ ဥတ္တရခဏ္ဍပြည်နယ်ထဲက (Uttarakhand) မြစ်ဖျားခံစီးဆင်းလာတဲ့ ဂင်္ဂါမြစ်နဲ့ အလားသဏ္ဍန်တူနေတဲ့အတွက် ကျနော်တို့က ဧရာဝတီမြစ်ရေကို ဘုရားရဲ့ခြေတော်ရင်းက စီးဆင်းလာတဲ့ရေလို တန်ဖိုးထားပြီး ချိုးတယ်။ အပြန်မှာ နိုင်သလောက်သယ်သွားတယ်။ မကျန်းမာတဲ့လူတွေကို အဲဒီရေနဲ့ ချိုးပေးရင် ကျန်းမာတယ်။ "လို့ဆိုပါတယ်။လသားအရွယ်နဲ့ မွေးကင်းစကလေးငယ်တွေကိုလည်း ဧရာဝတီမြစ်ရေနဲ့ အဲ့ဒီနေ့မှာ ခေါင်းတုံးတုံးတာ ရေချိုးပေးတာတို့ လုပ်ပေးရင် ကျန်းမာဝဖြိုးတယ်လို့ ကလေးငယ်တဦးရဲ့ ဖခင်က ရှင်းပြပါတယ်။
 ရေချိုးပွဲတော်အနီးတဝိုက်မှာ အိန္ဒီးယန်းလူမျိုးတွေရဲ့ အဝတ်အထည် အသုံးအဆောင်ပစ္စည်းတွေအပြင် အစားအစာတွေကိုလည်း ဆိုင်းခန်းဖွင့် ရောင်းချကြပါတယ်။ ပွဲတော်ကိုတော့ နှစ်စဉ် လူ တသောင်းနဲ့ ငါးထောင်ကြားလာရောက်ကြပြီး အခုနှစ်မှာ လူဦးရေ တသောင်းနီးပါးလာကြပါတယ်။

  ကောင်းမြတ်မင်း







No comments:

Post a Comment