Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 11, 2014

အန္တရာယ်ရှိ အဆောက်အအုံစာရင်းမှာ စာသင်ကျောင်း ခြောက်ထောင်ကျော် ပါဝင်

အန္တရာယ်ရှိ အဆောက်အအုံစာရင်းမှာ မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ စာသင်ကျောင်းပေါင်း ၆၀၀၀ ကျော် ပါဝင်နေတယ်လို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြောပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေး
မှာ စာသင်ကျောင်းတွေ ပြုပြင်ရေး ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးစဉ် သူက အခုလို ပြောဆိုတာပါ။

အဲဒီ ကျောင်းတွေကို ပြင်ဆင်ရေးနဲ့ တစ်နှစ်ထက်တစ်နှစ် တိုးလာတဲ့ ကျောင်းသားဦးရေကို အခြေခံကာ ပြုပြင်ရေး လုပ်ငန်းတွေကို ၂၀၁၅ကနေ ၂၀၂၀ ခုနှစ်အတွင်း အပြီးသတ် လုပ်ကိုင်သွားမယ်လို့လည်း သူက ကတိပြုပါတယ်။

“အန္တရာယ်ရှိ ကျောင်းဆောင်တွေကနေပြီးတော့ ကျွန်တော်တို့ ဘယ်လို ပြန်ပြင်မလဲ။ တစ်ခါဖြတ်ပြီးတော့ မပြင်နိုင်သေးရင် ဘယ်လိုပြင်ထိန်းနဲ့ လုပ်မလည်း ဒါလေး ကျွန်တော်တို့ စဉ်းစားပြီးတော့ ဆောင်ရွက်လျှက် ရှိပါတယ်”လို့ သူက ဆိုပါတယ်။

ကျောင်းပေါင်း ခြောက်ထောင်ကျော်ဟာ အန္တရာယ် ရှိ မရှိကို အင်ဂျင်နီယာအဖွဲ့ အဆင့်ဆင့်က စစ်ဆေးထားတာဖြစ်ပြီး ဦးစားပေး ပြင်ဆင် ဆောက်လုပ်ဖို့ အဆင့်သတ်မှတ်ချက်တွေ ခွဲခြားထားတယ်လို့လည်း ဦးသန့်ရှင်းက ပြောပါတယ်။

The Voice Weekly

No comments:

Post a Comment