ဒေါ်အောင်ဆန်းစုကြည်က “သူ(သူရဦးရွှေမန်း) process(ဖြစ်စဉ်)
ကိုပြောတာပါ။ Process (ဖြစ်စဉ်)က ဒီလိုပဲသွားရမှာပဲလေ၊ ဘာဖြစ်လို့လဲ
ဆိုတော့ ဆိုပါတော့ ဒီ၄၃၆ ကိုပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်တယ်ဆိုပါတော့ ၄၃၆
ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးမှသာလျှင် တချို့ကိစ္စတွေ
ပြောင်းလို့ရမယ်လေ” ဟု မီဒီယာအချို့ကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လက်ရှိသွားနေသည့် ဖြစ်စဉ်အရ ယခုလုပ်ငန်းစဉ်အတိုင်းပင် သွားရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယခုဆွေးနွေးနေသည့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးချက်များကို ၂၀၁၅ ဇန်န၀ါရီခန့်တွင်
ကျင်းပမည့် ၁၂ ကြိမ်မြောက် လွှတ်တော်တွင် ဥပဒေကြမ်းတင်သွင်းမည်။
ယင်းဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးကာ ၂၀၁၅ ခုနှစ်၊ မေလ၌
ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ပြီး ယင်းနှစ် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင်
ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကတိပြုထားသည့်
ရွေးကောက်ပွဲကိုမူ လက်ရှိအခြေခံဥပဒေဖြင့်သာ ကျင်းပမည်ဟု ပြောကြားထားသည်။
ထို့နောက်ယင်းရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့်
ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ကျင်းပမည့် လွှတ်တော်တွင် အတည်ပြုသွားမည်
ဟု ပြောကြားထားခြင်းဖြစ်သည်။
mizzima
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, November 19, 2014
ဦးရွှေမန်း၏ အခြေခံဥပဒေပြင်ရေး အချိန်ဇယား ဒေါ်အောင်ဆန်းစုကြည် လက်ခံ
ဦးရွှေမန်း၏ အခြေခံဥပဒေပြင်ရေး အချိန်ဇယား ဒေါ်အောင်ဆန်းစုကြည် လက်ခံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 19, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 19, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment