Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 24, 2014

အော်ဂဲနစ်များ မျှော် . . .

နေ့စဉ် စားသုံးနေသော အစားအစာများ ဘေးကင်းမှုကို မည်သည့်အရာများဖြင့် တိုင်းတာ မည်နည်း။ လူတို့ခန္ဓာကိုယ် အတွက် လိုအပ်သော အာဟာရ ကို ကယ်လိုရီပမာဏဖြင့် တိုင်း တာတွက်ချက်၍ ရနိုင်သော်လည်း ထိုအာဟာရ၏ ဘေးကင်းမှုအ တွက် အာမခံချက်လည်း လိုအပ် ပါသည်။ မိမိစားသုံးမည့် အစားအ စာ၏ ဘေးကင်းမှုအတွက်သည်တိုင်းပြည်တွင်တော့ စားသုံးသူမိမိမှာသာ တာဝန်ရှိပါသည်။

အသီးအနှံများနှင့် ဟင်းသီး ဟင်းရွက်များတွင် ဓာတုပိုးသတ် ဆေးများပက်ဖျန်းထားခြင်း၊ အ ရောင်ဆိုး
ဆေး၊ အရောင်ချွတ် ဆေးများအသုံးပြုထားခြင်းတို့ ကြောင့် ဓာတုဓာတ်ကြွင်း အန္တ ရာယ်ရှိနေပါသည်။ စားသုံးသူများ အနေဖြင့် အန္တရာယ်အနည်းဆုံး ဖြစ်စေနိုင်သည့် နည်းလမ်းများ ကို လိုက်နာစားသုံးရန် လိုအပ် ပြီးတတ်နိုင်သူအချို့မှာ ကျန်းမာရေးအရ သင့်လျော်သည့် အော်ဂဲနစ်နည်းပညာဖြင့် စိုက်ပျိုး ထား သောအစားအစာများကို ပြောင်း လဲ စားသုံးလာကြသည်။

အော်ဂဲနစ်သီးနှံစိုက်ပျိုးရန် အလားအလာကောင်းသည့် မြန်မာနိုင်ငံတွင် စားသုံးနေရသော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ မှာ စားသုံးရန် လုံခြုံစိတ်ချရမှု မရှိပေ။

ပြည်သူများစားဖိုဆောင် သီးနှံများ စိတ်ချလုံခြုံစွာ စားသောက်နိုင်ရန် နည်းပညာအကူအညီနှင့်နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများ ပါဝင်လာရန် အရေးကြီးသည်။

အော်ဂဲနစ်အစားအစာ ဆို သည်မှာ ပိုးသတ်ဆေး၊ ဓာတ်မြေ သြဇာ၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးစသည့်
ဆေးဝါးများ၊ တာရှည်ခံပစ္စည်းများ၊ အရောင်လှစေသည့် ပစ္စည်းများ အသုံးမပြုသည့် ဗီဇပြောင်းလဲခြင်းမျိုးမ ရှိဘဲ သဘာဝ ဓာတ်မြေသြဇာဖြင့် စိုက်ပျိုးထားသည့် အသီးအနှံများကို ဆိုလိုသည်။

ထိုကဲ့သို့စိုက်ပျိုးထားသည့် အစားအစာများသည် ဓာတုဗေဒ ဆေးဝါးအမျိုးမျိုးအသုံးပြုပြီး စိုက် ပျိုးထား သည့် သီးနှံများထက် ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နှင့် အခြားဓာတ်များ ပိုမိုများပြား စွာ ပါဝင်နေသည်။

သမားရိုးကျစိုက်ပျိုးခြင်းဖြင့် ထွက်ရှိလာသော သီးနှံများ (အော်ဂဲနစ်)သည် ယုံကြည်စိတ်ချရသည့် အစားအ စာများဖြစ်၍ ရိုးရိုးသီးနှံထက် ဈေးငါးဆခန့်ကြီးပါသည်။ ဘေးထွက်ဆိုးကျိုး ကြောက်သူများကတော့ ဈေး ကြီးပေး၍ ၀ယ်ယူစားသုံးကြသဖြင့်နိုင်ငံတကာတွင် ဈေးကွက် ကြီးမားစွာ ရှိနေသည်။

‘‘အာရှတိုက်မှာ ကြည့်ရင် မြန်မာက အော်ဂဲနစ်စိုက်ရင် အ ခြေအနေကောင်းတယ်။ တခြား နိုင်ငံနဲ့ နှိုင်းရင် ပိုးသတ်ဆေးသုံးစွဲ မှုနဲ့ မြေသြဇာသုံးစွဲမှုအတော်နည်း တယ်။ ထုတ်ကုန်အတွက် အလား အလာကောင်း တဲ့ နိုင်ငံဖြစ်နေ တာ’’ဟု မြန်မာအော်ဂဲနစ်အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာသန်းသန်းစိန် ကပြောသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ် လျှင် ပိုးသတ်ဆေးသုံးစွဲမှု နည်းပါး နေခြင်းက မြန်မာအတွက် အားသာ ချက်ဖြစ်နေသည်။ အိမ်နီးချင်းထိုင်းနိုင်ငံ၏ စိုက်ပျိုးမြေများသည်ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေယာများ ပျက်စီးနေပြီဖြစ်သည်။

၁၉၆၂ တွင် ဦးနေ၀င်း အာ ဏာသိမ်းပြီးနောက် စပါးစိုက်တောင်သူများ အထွက်နှုန်းတိုးရ မည်၊ တစ်ဧကအ ထွက်နှုန်း တင်း၁၀၀ ကျော်ရမည်ဟုဆိုကာ ပုလဲဓာတ်မြေသြဇာများသုံး၍ စိုက်ပျိုးရန် ညွှန်ကြားခဲ့သည်။

နောက်ဆက်တွဲဆိုးကျိုးများ အနေဖြင့် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများတွင် ပိုးသတ်ဆေး အသုံးပြု ထားပြီး ဆေးမပြယ်သေး သည့် အစားအစာများသည် စားသုံးသူအတွက် ရေရှည်၌ ကင်ဆာအမျိုးမျိုး၊ အာရုံကြောဆိုင်ရာ ရောဂါများ၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်ပွား လာနိုင်ကြောင်း စားသုံးသူများကာကွယ်ရေးအသင်းနှင့် ဆရာဝန်များက ပြောကြားထားသည်။

‘‘တို့နိုင်ငံက ပြည်သူတွေက ပိုးသတ်ဆေးအကြောင်းကို ပိုး ကောင်သေတယ်ဆိုတာထက် ပို မသိပါဘူး။ ဒါကြောင့်လည်းဖျန်း ပြီး ဘယ်နှရက်ထားရမယ်။ နည်းစနစ်ကျအောင်၊ စားသုံးသူ အန္တ ရာယ်ကင်းအောင်စ တဲ့ အတွေး တွေလည်း တွေးပေးရမှန်းမသိဘဲ လုပ်နေကြတာ’’ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေအိမ်ရှင် မ ဒေါ်ခင်သန်းနုက သုံးသပ်ပြောဆိုသည်။

စိုက်ပျိုးသူများမှာလည်း မြန် မြန်စိုက်၊ မြန်မြန်ရောင်း ငွေမြင်ဖို့ အဓိကစိုက်ကြပြီး ယခုဆိုလျှင် ပိုး သတ်ဆေး များကြောင့် ကင်ဆာ ရောဂါနှင့် အခြားဆက်စပ်ရောဂါ ဖြစ်နေသူ အများစုမှာ တောင်သူ များနှင့် စားသုံးသူ အခြေခံလူတန်း စားအများစုသာဖြစ်နေသည်။

ကမ္ဘာ့ဈေးကွက်တွင်တော့ အော်ဂဲနစ် ထုတ်ကုန်တန်ဖိုးမှာ ၂၀၀၀ ပြည့်နှစ်က ၁၅ ဘီလီယံရှိခဲ့ရာမှာ၂၀၁၂ တွင် အမေရိကန်ဒေါ်လာဘီလီယံ ၆၀ ထိ တိုးတက်လာ သည်။ သြစတြေးလျ နိုင်ငံတွင် အော်ဂဲနစ်စိုက် ပျိုးသည့် မြေဧက မီလီယံဟက်တာပေါင်း ၁၂ သန်း(တစ်ဟက်တာ ၂ ဒသမ ၄၇ ဧက)ရှိသည်။ အိန္ဒိယနိုင်ငံ တွင် အော်ဂဲ နစ်စိုက်ပျိုးသူ တောင်သူ ငါးသိန်း လေးသောင်းကျော်ရှိသည်။

အော်ဂဲနစ်စိုက်ခင်းများဖြစ် လာစေရန် တောင်သူများကို ပညာပေးမှုပြုလုပ်နေပြီး စားသုံးသူများကို လည်း အော်ဂဲနစ်ဟင်းသီး ဟင်းရွက်နှင့် သီးနှံများရွေးချယ် စားသောက်ရေး ပညာပေးမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ဒေါက်တာ သန်းသန်းစိန်ကဆို သည်။

‘‘ကိုယ်ဝယ်တဲ့ ပစ္စည်းက လန်းလန်းဆန်းဆန်းနဲ့ လှနေရင် ၀ယ်ကြတာပဲ။ ပတ်ဝန်းကျင်မှာ လွယ်လွယ်ရ တာကိုး။ ဆိုးကျိုးတွေ ကျယ်ကျယ်ပြန့်ပြန့်မသိလို့လည်း မျှစ်တို့၊ ဘာတို့ဆို ဆိုးဆေးတွေနဲ့။ ဒါပေမဲ့လူတွေ က ကစားနေကြတာပဲ။ အခုအချိန်ကတော့ ဘယ်လိုလုပ်လုပ် အဆင်မပြေပါဘူး။ ပြည်သူအရမ်းခက်ခဲနေ လို့ပါ’’ဟု မော်လမြိုင် GTCစတုတ္ထနှစ်ကျောင်းသူ မဇင်မာကျော်က ပြောသည်။

ကင်ဆာရောဂါအဖြစ်များ လာခြင်း၏ အဓိက အကြောင်း ရင်းမှာ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ တာရှည် ခံဆေး၊ မှိုသတ်ဆေးစသည့်တို့ကိုအသုံးပြု၍ စိုက်ပျိုးခြင်းကြောင့်ဖြစ်ပြီး ကုစားရန် မူလမိရိုးဖလာနည်းကို အဆင့်မြှင့်ထားသော သဘာဝ အော်ဂဲနစ် စိုက်ပျိုးနည်းပညာ ပြန်လည်ရေပန်းစားလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ယနေ့အချိန်၌ အော်ဂဲနစ်စိုက်ခင်း ဧက သုံးထောင်ကျော် သာရှိပါသေးသည်။

‘‘အော်ဂဲနစ်စားချင်တာပေါ့။ ၀ယ်လိုအားများမှ သင့်တော်တဲ့ ဈေးနဲ့ ရောင်းလို့ရမှာလေ။ အော် ဂဲနစ်ဆန်အစ် မတို့တောင် မစား နိုင်သေးဘူးလေ။ ခုတော့ ဟင်းရွက်သင်ပြီးရင် ဆားရေစိမ်ပြီး ရေ သုံးထပ်ဆေးပြီးမှစား တယ်’’ဟု အိမ်ရှင်မ ဒေါ်ခင်သန်းနုကဆိုသည်။

အော်ဂဲနစ်သည် သဘာဝ မြေသြဇာဖြစ်သည့် နွားချေး၊ ဆိတ်ချေးတို့ သုံးစွဲရသဖြင့် ကုန်ကျ စရိတ်နည်း သည်။ ပြဿနာမှာ ထွက်နှုန်းမကောင်းခြင်းကြောင့် တောင်သူများက စိတ်မ၀င်စားဘဲ ရုပ်မြင်သံကြားမှ
ကြော်ငြာသော ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများ ကို ပိုမိုသုံးစွဲစိုက်ပျိုးလာခြင်းဖြစ်သည်။

အော်ဂဲနစ် သဘာဝမြေသြ ဇာများအသုံးပြု၍ ယခုအသုံးပြု နေသော ဓာတုဓာတ်မြေသြဇာ များကို တဖြည်းဖြည်းချင်းလျှော့ ချသုံးစွဲကာ မြေယာများ ပြန်လည် ကောင်းမွန်အောင် ပြုလုပ်နိုင် သည်။

‘‘တောင်သူရော၊ ပြည်သူ ရောက ဗဟုသုတနည်းတယ်။ အစိုးရနဲ့နီးစပ်တဲ့ ခရိုနီတွေက ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစက်ရုံတည်ပြီး တီဗီမှာ ကြော်ငြာတယ်။ မသိတဲ့ တောင်သူတွေက သုံးကြတယ်’’ဟု စားသုံးသူ များကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံ တွင် မြေယာအများစု၊ ဓာတုနည်း ပညာများဖြင့် စိုက်ပျိုးခြင်းကြောင့် စိုက်ခင်း များပျက်စီးလာ၍ ယခုအ ခါ အော်ဂဲနစ်နည်းဖြင့် စတင်စိုက် ပျိုးနေပြီဖြစ်သည်။

အစိုးရမင်းများ ရုံးစိုက်ရာ နေပြည်တော်၌ အစိုးရပိုင်းလူကြီး များစားသောက်ရန် အော်ဂဲနစ် စိုက်ဧက ၉၀၀
ကျော်ရှိပြီး အော်ဂဲ နစ်အရောင်းဆိုင်ရှိကြောင်း စား သုံးသူများကာကွယ်ရေးအသင်း ထံမှ သိရသည်။

‘‘တစ်နိုင်ငံလုံးနီးပါး ပိုးသတ် ဆေးဒဏ်ခံနေရတာ။ စပါး၊ ပဲ၊ မုန်ညင်း၊ ကိုက်လန်၊ ကွမ်းရွက်၊ ပိုးသတ်ဆေး ဖျန်းလွန်းအားကြီး လို့ အနံ့တောင်ရတယ်’’ဟု ဦးဗ အုပ်ခိုင်ကပြောသည်။

ပိုးသတ်ဆေးအန္တရာယ်အရှိ ဆုံးအစားအစာမှာ ဂေါ်ဖီထုပ်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများမှာ ၀င် သော ပန်းသီး၊ လိမ္မော်သီး၊ သရက်သီးစသည်တို့တွင် ပိုးသတ်ဆေး ဓာတ်ကြွင်းများနိုင်ပြီး အန္တရာယ်ရှိ ကြောင်း မြန် မာအော်ဂဲနစ်အဖွဲ့ထံ မှ သိရသည်။

‘အခုပန်းသီးသေးသေးလေး တွေ ပုံစံပြောင်းပြီး စိုက်တယ်။ တရုတ်ဘက်ကလာတဲ့ ဗီဇပြုပြင် ထားတဲ့စပ်မျိုး မစားတာ အ ကောင်းဆုံးပဲ’’ဟု ဒေါက်တာ သန်းသန်းစိန်က ပြောသည်။

ပြည်တွင်း၌ အော်ဂဲနစ်ကို စီး ပွားဖြစ်စိုက်ပျိုးရန် ဂျပန်နိုင်ငံက လေ့လာနေပြီး စင်ကာပူနိုင်ငံက ၀ယ်လိုအား ရှိကြောင်း၊ ဂျပန်နိုင်ငံ က ပြည်တွင်းတွင် အော်ဂဲနစ် စိုက်ခင်းများမှ ထွက်သလောက် ၀ယ်ယူမည်ဟု ကမ်း လှမ်းထားကြောင်းပြောသည်။

‘‘လယ်သမားစိုက်ဖို့လိုတာ ပေါ့။ ရေတိုမှာတော့ အထွက်နည်းမယ်။ ဈေးပိုရမယ်။ ထိုင်းမှာလည်း အော်ဂဲ နစ်မြေသြဇာသုံးပြီး ထွက်နှုန်းတိုးနေပြီ။ ဒီကလယ်သမားတွေက ဆင်းရဲတော့ ၂နှစ်လောက်တော့ ဒဏ်ခံရ မှာ ပေါ့။အစိုးရပံ့ပိုး ဖို့တော့ လိုတာပေါ့’’ဟု ဦးဗအုပ်ခိုင်ကပြောသည်။

ဧရာဝတီတိုင်း၊ လပွတ္တာဘက်တွင် စီးပွားဖြစ် အော်ဂဲနစ်ဆန်စိုက်ပျိုးသော မြေဧက ၁၀၀၀ ကျော်ရှိပြီး
နေပြည်တော်၊ ရန်ကုန်၊မကွေး၊ မွန်ပြည်နယ်၊ ရှမ်းပြည် နယ် တောင်ကြီး၊ ကလောဘက် တွင် NGO အဖွဲ့အနည်းငယ်က အော်ဂဲနစ် စမ်းသပ်စိုက်ပျိုးပြီးတစ်နိုင်ငံလုံးတွင် ဧက သုံးထောင်ခန့်သာ စိုက်ပျိုးမှု ရှိသေးသည်။

‘‘ဘိုးစဉ်ဘောင်ဆက်က သဘာဝမြေသြဇာနွားချေးနဲ့ စိုက်ခဲ့တာပေါ့။ ဒီဘက်ခေတ်မှာတော့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတွေနဲ့တစ်နိုင်ငံလုံး စိုက်နေကြတာပဲ’’ ဟု မကွေးတိုင်း၊ မြိုင်မြို့နယ် ကျောင်းရပ်နေတောင်သူ ဦးသန်းထွန်းက ပြောသည်။

အော်ဂဲနစ်စိုက်ခင်းအချို့ကို မကွေးတိုင်း၊ ဆင်ဖြူကျွန်း စလင်းဘက်ရှိ တပ်မတော်ခြံများတွင် အစ္စရေးနိုင်ငံမှ ရလာသော နည်း ပညာများဖြင့် စမ်းသပ်စိုက်ပျိုး ကြောင်း မကွေးတိုင်းနေ တောင် သူများထံမှသိရသည်။

‘‘မကွေး မြိုင်ဘက်က ခရမ်း သီး၊ ခရမ်းချဉ်သီး၊ ပြောင်းဖူး၊ မုန်လာ၊ နေကြာတွေကို နိုင်ငံခြားမျိုးတွေနဲ့ စိုက်တယ်။ အထုပ်နဲ့ ရော၊ ဘူးတွေနဲ့ရော ၀င်တယ်။ ဈေးကြီးတယ်’’ဟု မကွေးတိုင်းနေ တောင်သူတစ်ဦးက ဆိုသည်။

တောင်သူများစီးပွားရေး မကောင်းသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ် ကြောင်း မကွေးတိုင်း၊ မြိုင်မြို့နယ်နေ
တောင်သူများကပြောသည်။

‘‘အထွက်နှုန်းတိုးဖို့၊ ပိုးသတ် ဆေးတွေသုံး၊ ပိုးအသစ်တွေထပ် ပေါ်၊ အဲဒါနဲ့ စရိတ်ကြီးတဲ့ သံသရာလည်နေ တာ’’ဟု မကွေးတိုင်း၊မြိုင်မြို့နယ်နေသူ တောင်သူတစ်ဦးက ပြောသည်။

နိုင်ငံအနှံ့တွင် မိုးလေ၀သ ဖောက်ပြန်မှုများကြောင့်လည်း စိုက်ခင်းများအောင်မြင်မှုလျော့ ကျနေပြီး အော် ဂဲနစ်နည်းပညာ ဖြင့် စိုက်ပျိုးရန် အစိုးရပိုင်းမှာ ပညာပေးမှုအားနည်းနေသည်။

အော်ဂဲနစ်စိုက်ခင်းများ အောင်မြင်ရန်၊ တည်ငြိမ်သောဈေးကွက်ဖြစ်ပေါ်ရန် လိုအပ်ပြီးများစွာ လုပ်ဆောင်ရ ဦးမည်ဖြစ်သည်။ ရန်ကုန်မြို့ဓမ္မစေတီလမ်းပေါ်ရှိ City Mart(Golden Valley)တွင် နိုင်ငံခြားသားဈေးကွက် ကို အဓိက ပစ်မှတ်ထားရောင်းချသော အော်ဂဲနစ် သီးသန့်အစားအသာက်များသာ ရောင်းချသည်။

ဂျာမနီနိုင်ငံတွင် အော်ဂဲနစ် အစားအသောက်များကို ၂ နှစ် အောက် ကလေးငယ်များ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် ကျွေးမွေးရန် ဥပဒေပင်ထုတ်ထားသည်။

‘‘အော်ဂဲနစ်မဟုတ်ဘဲ စိုက် ထားတဲ့ တခြားသီးနှံတွေကျွေးရင် မိခင်ကို အရေးယူလို့ရတယ်။ သူ တို့လူမျိုးကို ကာကွယ်ထားတယ်’’ ဟု ဒေါက်တာသန်းသန်းစိန်က ဥပမာပေးသည်။

ကျန်းမာရေးရှုထောင့်အရ အော်ဂဲနစ်နည်းပညာကို ရင်းနှီး မြှုပ်နှံရန် အားပေးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရှိပါက တစ်နှစ် အတွင်း ကူးပြောင်းနိုင်ကြောင်း မြေဆီလွှာ၊ မြေသြဇာပိုးမွှားနှင့် ရောဂါရှာဖွေရေးကျွမ်း ကျင်သူ ဦး စိုးသွင်ဦးမောင်က သုံးသပ်သည်။

‘‘နိုင်ငံကမြေတွေက ဓာတု သုံးတဲ့ နိုင်ငံတကာစံချိန်မမီသေး ဘူး။ နည်းပညာနဲ့ ပြင်မယ်ဆို မြေ ဆီလွှာတွေ က ပြင်ရလွယ်တယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံရင် တစ် နှစ်ပေါ့။ သူမပါဘဲ ပြည်တွင်းက မြှုပ်နှံမယ့်လူရှိရင် သုံးနှစ်အထက် ကြာမယ်။ အော်ဂဲနစ်က ကုန်ကျငွေသက်သာတယ်။ နွားချေးမ၀ယ်ရဘူးဗျာ။ မီးဖိုချောင် အမှိုက်တွေ၊နွားချေးတွေနဲ့ အော်ဂဲနစ်မြေသြ ဇာပြန်လုပ်လို့ရတယ်’’ ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေအ များစုမှာ နှစ် ၄၀ ကျော်ကြာ ဓာ တုဗေဒပိုးသတ်ဆေးအမျိုးမျိုးကို အသုံးပြုလာ ၍ မြေဆီလွှာခန်း ခြောက်မှုဖြစ်ပေါ်နေသည်။ ၂၀၀၆ မှစ၍ အင်န်ဂျီအိုအဖွဲ့အချို့က အော်ဂဲနစ်စိုက်ပျိုးရေး ပရောဂျက် များကို ကျေးရွာများသို့ ဟောပြောမှုနှင့် ပညာပေးမှုအချို့ ရှိသော်လည်း ယနေ့အချိန်အထိ
အောင်မြင်မှုများစွာ မရခဲ့ပေ။

အစ္စရေး၊ ဂျာမနီ၊ ဂျပန်၊ ကို ရီးယားနိုင်ငံတို့မှ အော်ဂဲနစ်စိုက် ပျိုးရေးနည်းပညာများကို အင်န်ဂျီ အိုအဖွဲ့များ အကူ အညီဖြင့် ကျေး လက်များသို့ဆင်း၍ တောင်သူ များအား ပညာပေးခြင်းအချို့ရှိ သည်။

မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ရန်ကုန်၊ ပဲခူး တိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည် တောင်ပိုင်း တို့ရှိ စိုက်ခ င်းမြေအချို့တွင် အော်ဂဲနစ်နည်းပညာဖြင့် စမ်းသပ်စိုက်ပျိုးနေသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
အော်ဂဲနစ်စိုက် ပျိုးမြေဧက ၃၀၀၀ ကျော်နိုင်ပြီး အတိအကျပြောနိုင်ရန် စစ်တမ်းကောက်ထားခြင်း မရှိသေး ကြောင်း သိရသည်။

‘‘ကျန်းမာရေးက လူသားအရင်းမြစ်ပဲ။ မြန်မာစကားပုံမှာကျန်းမာမှ ချမ်းသာမှာ။ အခုကတော့ချမ်းသာမှ ကျန်းမာမှာဖြစ်နေတယ်’’ ဟု မြေဆီလွှာ၊ မြေသြဇာပိုးမွှားနှင့် ရောဂါရှာဖွေရေး ကျွမ်းကျင်သူ ဦးစိုးသွင် ဦးမောင်က သုံး သပ်သည်။

‘‘ကိုယ်တိုင်စိုက်မှရမယ်။ စိုက်သူကလည်း မြတ်မှ ရောင်းနိုင် မယ်။ စားသူကလည်း ဈေးပေါမှ စားနိုင်မယ်။ အချိန်တစ်ခုပေါ့။ ပြည်သူတွေ ကောင်းစားချိန်လေး မှာတော့ အားလုံးကို စားရစေချင် တယ်။ လူတွေက အဓိကက ဈေး ပေါတာပဲ စားတာလေ’’ ဟု အိမ်ရှင်မ ဒေါ်ခင်သန်းနုကပြောသည်။

‘‘ရွေးချယ်ဝယ်ယူတဲ့ စားသုံး တဲ့သူတွေ ကြိုက်နှစ်သက်တဲ့ အပေါ်မှာလူတွေက စိုက်ပျိုး လာမှာပါ။ ဒီတော့ လူတွေကို ပညာပေးဖို့ လိုတယ်’’ ဟု မြန်မာအော်ဂဲနစ်အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာ သန်းသန်းစိန်က ပြော သည်။

နိုင်ငံတစ်နိုင်ငံတွင် ကျန်းမာ ရေးသည် အဓိကဖြစ်ပါသည်။ ပိုး သတ်ဆေးအန္တရာယ်နှင့် နေ့စဉ် ရင်ဆိုင် စားသောက်နေရသော မြန်မာပြည်သူများအတွက် စေတ နာရှိပါက အော်ဂဲနစ်စိုက်ပျိုးရေး လုပ်ငန်း များ မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအ ရေးပေါ် လိုအပ်နေပါသည်။

ဇေနွေထွန်း | 7day

No comments:

Post a Comment