Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 24, 2014

မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်မှုဟုဆိုကာ ယုဇနပလာဇာရှိ ဖက်ရှင်ဆိုင် ချိပ်ပိတ်ခံရ

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာဇာ တတိယထပ်မှ Beauty Queen Fashion Shop ကို မူးယစ်
ဆေးဝါးနှင့် ရောင်းချရာမှ ရရှိသော ငွေများဖြင့် ဆက်နွှယ်မှု ရှိသည်ဟုဆိုကာ နိုဝင်ဘာလ ၂၀ ရက် နံနက် ၁၁ နာရီခန့်က ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ချိပ်ပိတ်ခဲ့
ကြောင်း ဈေးအုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိခဲ့သော Natural Force ကုမ္ပဏီ ပိုင်ရှင်၏ ပိုင်ဆိုင်မှုများကို
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့မှ နှစ်လကျော် ကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်း ကုမ္ပဏီပိုင် ရှင်၏ ဇနီးဖြစ်သူ အမည်ဖြင့် ဖွင့်လှစ်ထားသော ယုဇနပလာဇာ တတိယထပ်မှ ဆိုင်အမှတ် B(12),B(14) တွင် ဖွင့်လှစ်ထားသော Beauty Queen Fashion Shop ကို ချိတ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဈေးအုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“ဆိုင်ထဲမှာ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ မိတယ်လို့ ပြောနေတာတွေက ကောလာဟလတွေပါ။ ပိုင်ဆိုင်မှုတွေကို အထက်အရာရှိတွေက စုံစမ်းစစ်ဆေး ပြီးမှ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကနေ ရရှိတဲ့
ငွေကြေးနဲ့ ဒီဆိုင်ဖွင့်လှစ်ထား မှုက ပတ်သက်နေတယ်လို့ သိရလို့ ချိတ်ပိတ်ခဲ့တာ” ဟု ဆိုင်ကို ချိပ်ပိတ်ခဲ့ စဉ်က ပါဝင်ခဲ့သော ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

သြဂုတ်လ ၂၉ ရက်နေ့က ပြည်တွင်းပြည်ပ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးပုဇွန်မွေးမြူရေးလုပ်ငန်းများနှင့် အုတ်သဲကျောက် လုပ်ငန်းတို့ကို Natural Force ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်နေသူ ဦးရဲထွန်းကျော်၏ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား နှစ်သိန်းကျော်နှင့် ဘိန်းဖြူ အပါအဝင် ပစ္စတိုနှစ်လက်၊ ကျည်ဆန်များကိုပါ ဖမ်းဆီးရမိခဲ့သောကြောင့် မြန်မာနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ ၎င်း၏ ပိုင်ဆိုင်မှုများကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်တားဆီး နှိမ်နင်းရေးတပ် ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ဖြစ်ဖြစ်ချင်း ကုမ္ပဏီကို ချိပ်ပိတ်ခဲ့တယ်။ သူပိုင်ဆိုင်မှုတွေကိုလည်း ဆက်စုံစမ်း နေတယ်။ အချက်အလက် ခိုင်မာခဲ့ရင် ပြည်သူပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွား မှာပါ။ အခုချိပ်ပိတ်ခဲ့တဲ့ ဆိုင်ကို ဦးရဲထွန်းကျော် ရဲ့ ယောက္ခမက ဆက်ဖွင့်နေလို့ သူတို့နှစ်ဦး ပိုင်ဆိုင်မှုတွေကို ပြန်ခွဲဝေပေးပြီး ဦးရဲထွန်းကျော်ရဲ့ ပိုင်ဆိုင်မှု
တွေ ကိုသာ ရွေးသိမ်းခဲ့တာပါ” ဟု ဆိုင်ချိပ်ပိတ်ခဲ့စဉ်က ပါဝင်ခဲ့သော ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

၂၀၁၄ ခုနှစ်အတွင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပြဌာန်းပြီး နောက်ပိုင်း မူးယစ်ဆေးဝါးနှင့် ပတ် သက်ဆက်နွှယ်နေသည့် အမှုများတွင် ထင်ရှားကျော်ကြားသည့် လုပ်ငန်းရှင်များ ပါဝင်ပတ်သက်မှု မရှိသေးသော် လည်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်အချို့ ပါဝင်နေသည်ကို စစ်ဆေး တွေ့ရှိထားကြောင်း
မြန်မာနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ ထုတ်ပြန်ခဲ့ချက်များအရ သိရှိရပြီး ၂၀၀၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ငွေကြေးခဝါချမှု စုစုပေါင်း ၇၀ ကျော်မှ အမေရိကန်ဒေါ်လာ သန်းနှစ်ရာကျော် ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

The Voice

No comments:

Post a Comment