Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 4, 2014

ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာမှာ တရုတ်ပြည်သွားမယ်

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကို လာမယ့်လထဲ သွားရောက်လည်ပတ်မယ်လို့ NLD ရဲ့ ထိပ်တန်းခေါင်းဆောင်တယောက်က ဧရာဝတီကို ပြောပါတယ်။

ဘယ်နေ့သွားမယ်၊ ဘယ်သူတွေနဲ့တွေ့မယ် စသဖြင့်သော ခရီစဉ် အသေးစိတ်ကိုတော့ ပြောဆိုခြင်း မရှိပါဘူး။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုက်အခံခေါင်းဆောင်အဖြစ် ပထမဆုံးသော တရုတ်ပြည် ခရီးစဉ် ဖြစ်လာပါလိမ့်မယ်။

ရန်ကုန်မြို့ တရုတ်သံအမတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သို့ ဖိတ်ခေါ်ဖို့ အစီအစဉ် ရှိကြောင်း ဒီနှစ်ဆန်းပိုင်းမှာ ပြောဆိုခဲ့ဖူးပါတယ်။

ဒါဟာ ဒီလထဲ အိုဘားမား မြန်မာပြည်ဒုတိယအကြိမ်လာရောက်ပြီး မကြာခင် ပေါ်ပေါက်လာမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ် လို့ ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာ
irrawaddy.org မှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂ဝ အတွင်း စစ်အစိုးရရဲ့ လက်သီးချက်ကို NLD အလူးအလဲ ခံနေရစဉ်မှာတော့ တရုတ်အစိုးရက NLD နဲ့ ခပ်ဝေးဝေးမှာ နေခခဲ့တာပါ။

အခုတော့ NLD ကို လက်ကမ်းကြိုနေပါပြီ။
ယမန်နှစ်က အစပြုပြီး NLDက သူ့ရဲ့ ထိပ်ပိုင်းနဲ့ အလယ်အလတ် ခေါင်းဆောင်တွေကတော့ တရုတ်ပြည်ကို အနည်းဆုံး ၄ ကြိမ် စေလွှတ်ခဲ့တာ တွေ့ရမှာပါ။

တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒီဇင်ဘာ ရန်ကုန်ကို ရောက်စဉ်NLD ရုံးချုပ်ကို သွားရောက်လည်ပတ်ပါတယ်။
ဒါဟာ ဆယ်စုနှစ် ၂ ခု အတွင်း NLD ခေါင်းဆောင်ပိုင်းနဲ့တွေ့ခဲ့တဲ့ အဆင့်အမြင့်ဆုံး တရုတ်အရာရှိပါပဲ။
ရန်ကုန်တရုတ်သံရုံးကလည်း NLD ကျန်းမာရေးကွန်ရက်ကို ဒီနှစ်ထဲ ဒေါ်လာ တထောင် လှူဒါန်းပါတယ်။

မြန်မာ့အရေး လေ့လာသူ စာနယ်ဇင်းဆရာ ဘာတေးလင့်နာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ခြင်းဟာ တရုတ်အစိုးရက အနာဂတ်မြန်မာပြည်နိုင်ငံရေးရဲ့အရေးပါတဲ့သူတွေကို ရင်းနှီးအောင် ထပ်လုပ်ဆောင်ခြင်းပါပဲ လို့ သုံးသပ်ပါတယ်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအရေး နောက်ပိုင်း တရုတ်အစိုးရက သင်ခန်းစာ ရသွားပါပြီ၊ မြန်မာပြည်ဟာ အမေရိကန်နဲ့ သိပ်ပြီး နီးစပ်သွားမှာကိုလည်း သူတို့ စိုးရိမ်နေတာပါလို့ သူက ပြောပါတယ်။

Irrawaddy

စည်သူလင်း

No comments:

Post a Comment