CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, November 2, 2014
ပုဂံမြို့က ဟိုတယ်ဝင်းတွေထဲမှာ ဘုရားစေတီပုထိုးတွေ ရှိနေတာကြောင့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ခက်ခဲ
မြန်မာ့ရှေးဟောင်း အမွေအနှစ်ပုဂံမြို့က တချို့ဟိုတယ်ဝင်း တွေထဲမှာ ဘုရားစေတီ ပုထိုးတွေ ရှိနေတာ ဟာ ကမ္ဘာ့ ရှေးဟောင်း အမွေ အနှစ်အဖြစ် သတ်မှတ်မှု ရဖို့ အတွက် အခက်အခဲ ဖြစ်နေကြောင်း "ပုဂံချစ်သူများအဖွဲ့"က ဒီနေ့ ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ ပုဂံချစ်သူများ အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပုဂံ ချစ်သူများ အဖွဲ့က ကိုဝင်းမောင်က ပြောပါတယ်။
"ယူနက်စကိုဝင်ဖို့ အတွက်ကတော့ ဒီနှစ်ကတော့ ပုဂံဟာ စိန်ခေါ်မှုတစ်ခုပဲ၊ ဘာကြောင့်လဲဆိုတော့ ပုဂံမှာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဝန်းခြံခတ်ပြီးတော့ တချို့ ဟိုတယ်များက သိမ်းပိုက်ထားတာတွေရှိတယ်၊ ဘုရားတွေ၊ စေတီဂူတွေ၊ ဘုရားကုန်းတွေ အဲ့လိုမျိုးတွေ သိမ်းပိုက်ယူငင်ထားတဲ့ ဟိုတယ်တွေရှိနေတယ်၊ ဒီရှိနေခြင်းကြောင့် ကမ္ဘာ့အမွေအနှစ် တင်သွင်းတဲ့ အချိန်မှာလည်း ဒါဟာတနည်းအားဖြင့် စိုးရိမ်စရာကောင်းတယ်၊ နောက်တချက်က ဂေါက်ကွင်းလိုဟာမျိုး ဒီဟာတွေလည်း ကမ္ဘာ့အမွေအနှစ် တင်နိုင်ရေးမှာ အင်မတန် အတားအဆီးတွေ ဖြစ်လာနိုင်တယ်"'
ပုဂံဒေသကို ကုလသမဂ္ဂ အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းမှာပါဝင်နိုင်ဖို့ အစိုးရက လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကတည်းက ကြိုးစားနေတာပါ။ ဒါပေမယ့် ပုဂံရှေးဟောင်းဘုရားတွေ အနီးမှာ ဟိုတယ်တွေ ဂေါက်ကွင်းတွေ ရှိနေတာကြောင့် ကုလသမဂ္ဂရဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိမ်းသိန်းရေးအဖွဲ့ UNESCO က အသိအမှတ်ပြုဖို့ ငြင်းဆန်နေတာလို့ သိရပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်မှာ အစိုးရက ပုဂံဒေသကို ထိမ်းသိန်းစောင့်ရှောက်ဖို့အတွက် ဥပဒေထုတ်ပြန်ခဲ့ပေမယ့် အဲ့ဒီဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက် စေတီပုထိုး ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ပုဂံချစ်သူများအဖွဲ့ကပြောပါတယ်။
ယူနက်စကိုအဖွဲ့က ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာ ပျူရှေးမြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် ဇွန်လက သတ်မှတ်ခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
ပုဂံမြို့က ဟိုတယ်ဝင်းတွေထဲမှာ ဘုရားစေတီပုထိုးတွေ ရှိနေတာကြောင့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ခက်ခဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 02, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 02, 2014
Rating: 5
Subscribe to:
Post Comments (Atom)
.jpg)
No comments:
Post a Comment