Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 30, 2014

MPT၏ ပွင့်လင်းမြင်သာခြင်းမရှိမှုကို အခွင့်အရေးယူပြီး အထက်တန်းပြ ဆရာမ တစ်ဦးက ဖုန်းငွေဖြည့်ကတ် ကျပ်သိန်း တစ်သောင်းဖိုးခန့် လိမ်လည်

ကြည့်မြင်တိုင် အထက(၂)မှ အထက်တန်းပြဆရာမ ဒေါ်မြစုလှိုင်က တယ်လီဖုန်း ငွေဖြည့်
ကတ် မျိုးစုံရမည်ဆိုကာ လူသုံးဦးထံမှကျပ်သိန်းတစ်သောင်းခန့် လိမ်လည်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အထက်(၂) ကြည့်မြင်
တိုင် ကျောင်းစာရေးကြီးမှ သူနှင့်ခင်မင်သောမမိုးစန္ဒာဆိုသူ အမျိုးသမီး တစ်ဦးကို သူတို့ကျောင်းမှ ဆရာမ ဒေါ်မြစုလှိုင်သည် တယ်လီဖုန်း ငွေဖြည့်ကတ်များ ဈေးသက်သာစွာ ရောင်းပေးနေသည်ဟု မိတ်ဆက်ပေးခဲ့သည်။
ထိုမိတ်ဆက် ပေးချက်အရ တယ်လီဖုန်း ငွေဖြည့်ကတ်များကို စမ်းသပ်ဝယ်ယူရာ ငွေ ၅,၀၀၀တန် ငွေဖြည့်ကတ်ကို ကျပ်၃,၉၀၀ဖြင့် လည်းကောင်း၊ ကျပ်တစ်သောင်းတန် ငွေဖြည့်ကတ်ကို ကျပ်၉,၀၀၀ဖြင့်လည်းကောင်း ၀ယ်ယူရရှိခဲ့သည်။

မမိုးစန္ဒာမှတစ်ဆင့် သူ၏ အလုပ်ရှင်ကို ပြောပြခဲ့ရာ အလုပ်ရှင်ကလည်း စိတ်ဝင်စားပြီး အဆိုပါ ဆရာမထံမှ တယ်လီဖုန်း ငွေဖြည့်ကတ်များ ၀ယ်ယူခဲ့သည်။ ထို့ပြင် အလုပ်ရှင်၏ ဆွေမျိုး ဆရာဝန် တစ်ဦးကလည်း အဆိုပါ ဆရာမထံမှ ငွေဖြည့်ကတ်များ ၀ယ်ယူခဲ့သည်။ သို့သော် ရှေ့ပိုင်းတွင် ငွေပေးလိုက်က တယ်လီဖုန်းကတ်များ ချက်ချင်းရသော်လည်း နောက်ပိုင်း တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ ဖိုးခန့်အထိ ၀ယ်သောအခါ ငွေကို အရင်ပေးပြီး နှစ်ရက်ခန့်နေမှ ကတ်များရခဲ့သည်။

သို့သော် ရောင်းသူများ အတွက် ငွေကြေး အမြတ်အစွန်းများသဖြင့် ဆက်လက် ၀ယ်ယူခဲ့သည်။ အဆိုပါ ဆရာမက သူ၏မောင်ဖြစ်သူ တပ်မတော် အရာရှိတစ်ဦးက ကူညီသဖြင့် တယ်လီဖုန်းကတ်များကို ဆက်သွယ်ရေးမှ ၀ယ်ယူခွင့်ရနေကြောင်း ယုံကြည်လောက်အောင် ပြောထားခဲ့သည်။

သို့သော် စက်တင်ဘာ နောက်ဆုံးအပတ်တွင် ပုံမှန်ဖောက်သည်ဖြစ်သော မမိုးစန္ဒာက ကျပ်သိန်း ၁၉၀၀ဖိုး ငွေဖြည့်ကတ် ၀ယ်ယူရန် ငွေများပေးထားသော်လည်း လကုန်သည်အထိ မရခဲ့ပေ။ အလားတူ မမိုးစန္ဒာ၏ အလုပ်ရှင်ကလည်း ကျပ်သိန်း ၁၉၀၀ဖိုး၊ ဆရာဝန် တစ်ဦးကလည်း ကျပ်သိန်း ၅၀၀၀ဖိုး ငွေပေးထားသော်လည်း ယခုအထိ မရကြောင်း သိရသည်။ မမိုးစန္ဒာတို့ သုံးဦးအပြင် အခြားသူများကလည်း အဆိုပါ ဆရာမထံမှ ငွေဖြည့်ကတ်များ ၀ယ်ယူရန် ကြိုတင်ငွေများ ပေးထားကြရာ စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်းခန့် ရှိကြောင်းလည်း သိရသည်။

ငွေများ လက်ခံရယူထားသော ဆရာမ ဒေါ်မြစုလှိုင်သည် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ငွေပေးထားသူ မမိုးစန္ဒာအား ငွေလက်ခံရရှိကြောင်းနှင့် အောက်တိုဘာလ ၃ ရက် နောက်ဆုံးထားပြီး တယ်လီဖုန်း ငွေဖြည့်ကတ်များ ပေးပါမည်ဟု စာချုပ်ချုပ်ဆိုပေးခဲ့သည်။ သို့သော် လက်မှတ်ထိုးပေးသည့် နောက်ပိုင်း ကျောင်းလည်း မတက်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ကျောက်စိမ်းလမ်း နေအိမ်တွင်လည်း မရှိဘဲ ပျောက်ဆုံးလျက် ရှိသည်။ ဆရာမ၏ မောင်ဖြစ်သူကို Tomorrow ဂျာနယ်က ဆက်လက်စုံစမ်းရာ အဆိုပါ သူ၏ အစ်မဖြစ်သော်လည်း သူနှင့် ယခု ကိစ္စသည် လုံးဝမပတ်သက်ကြောင်း၊ အစ်မဖြစ်သူ၏ စီးပွားရေးသာဖြစ်ပြီး မိမိကလည်း တယ်လီဖုန်း ငွေဖြည့်ကတ်ရရန် ကူညီပေးခဲ့ခြင်းမျိုး မရှိကြောင်း ဖြေကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး အနေဖြင့် တယ်လီဖုန်း ငွေဖြည့်ကတ်များကို မည်သည့်ပုံစံဖြင့် ရောင်းချသည်ကို အများပြည်သူသိရန် ထုတ်ပြန် ကြေညာခြင်းမျိုး မရှိသည့်အတွက် ယခုကဲ့သို့ မသိနားမလည်သူများကို လိမ်ညာသည့် လူတန်းစား တစ်ရပ် ပေါ်ပေါက်လာနေကြောင်း၊ ယခုဖြစ်စဉ်ကို လေ့လာကြည့်ပါက ငွေဖြည့်ကတ်အတွက် ပေးသော ကော်မရှင်ကို ပိုပေးသည့်အတွက် လူအတော်များများက စိတ်ဝင်စားပြီး အဆိုပါ ဆရာမထံ ငွေများ ပုံပေးလိုက်ရာမှ အလိမ်ခံရခြင်း ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

အလိမ်ခံရသော မမိုးစန္ဒာက သူ၏ ရွာမှ တယ်လီဖုန်းကတ် ရောင်းသော ဆွေမျိုးများ၊ အလုပ်အတွင်းမှ ၀န်ထမ်း သူငယ်ချင်းများ၊ ဆရာတော်များ၏ ဘုန်းတော်ကြီးကျောင်း ဆောက်ရန် ငွေများပါ စုပုံပေး လိုက်ရာမှ အလိမ်ခံလိုက်ရခြင်း ဖြစ်ကြောင်း Tomorrowသို့ ပြောပြသည်။

The Tomorrow Journal

No comments:

Post a Comment