Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 30, 2014

ဝန်ကြီးဦးအောင်မင်းနှင့် နိုင်ငံရေးဆွေးနွေးနေစဉ် နှလုံး ရုတ်တရက်တိုက်ခိုက်ခံရသူ ကွယ်လွန်

Byအောင်သူရ
 မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC)တွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင် မင်းနှင့် ပြည်ပမှ ပြန်လာသူ အမေ ရိကန်နိုင်ငံသား မြန်မာလူမျိုးတစ် ဦးတွေ့ဆုံဆွေးနွေးနေစဉ် ၄င်းမှာ နှလုံးရုတ်တရက် တိုက်ခိုက်ခံရ၍ ကွယ်လွန်သွားကြောင်းသတင်းရရှိသည်။

သေဆုံးသူမှာ ၈၈ အရေးအခင်းပြီးနောက် တောခိုသွား ခဲ့သည့် လုပ်သားကောလိပ်ကျောင်းသား ကိုအောင်ကျော်ဦး ဖြစ်ကြောင်း သေဆုံးသူ၏မိတ်ဆွေကိုဗသက်အောင်က ပြောသည်။

‘‘သူ့မှာ နှလုံးရောဂါအခံ လည်းရှိတယ်။ အူမကြီးရောဂါ လည်းရှိတယ်။ မြန်မာနိုင်ငံရေးမှာ ပါဝင်ချင်တဲ့ဇောနဲ့ တွေ့ဆုံဆွေး နွေးနေတုန်းပဲ။ ကျန်းမာရေးမ ကောင်းလို့ ဆေးရုံတင်လိုက်ရ တယ်။ သူ့ရဲ့ ကျန်းမာရေးအခံ ကြောင့်လည်း ပါပါတယ်’’ဟု သူ ငယ်ချင်းဖြစ်သူ ကိုဗသက်အောင် ကဆိုသည်။

ကိုအောင်ကျော်ဦးသည် ၀န်ကြီးနှင့်ဆွေးနွေးနေစဉ် Heart Attackရရှိလာသဖြင့် ၀ိတို ရိယဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၀ိတို ရိယဆေးရုံမှတစ်ဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပြန်လည်လွှဲအပ်ခဲ့ သည်။ ထို့နောက် ခွဲစိတ်ရန်ပြင် ဆင်နေစဉ် အောက်တိုဘာ ၂၇ ရက် ည ၈နာရီခွဲတွင် ကွယ်လွန် သွားခဲ့သည်။

ဆေးရုံတက်ရောက်ရန် မြန် မာ့ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးဗဟိုဌာနက ကူညီပေးခဲ့ ပြီး ကွယ်လွန်သွားချိန်တွင်လည်း ၀မ်းနည်းကြောင်းနှင့် လွမ်းသူပန်း ခွေများ ပို့ပေးခဲ့သည်။ နာရေး အခမ်းအနားကို အောက်တိုဘာ၂၉ရက်တွင် ပြုလုပ်ခဲ့သည်။
7Day Daily

No comments:

Post a Comment